Country Code Of The World

အပေါ်က wallpaper က Country Code (ccTLDs) တွေကို Cloud Design နဲ့ ပြထားတဲ့ desktop wallpaper တစ်ခုပါ။ ဆိုဒ်အကြီးကို ByteLevel မှာ ယူနိုင်ပါတယ်။ သူ့ကို 24 x 36 လက်မရှိတဲ့ နံရံကပ် wallpaper အနေနဲ့ print ထုတ်ထားတာ ယူချင်ရင် 35$ ကျသင့်ပါလိ့မ်မယ်။ ပုံထဲမှာတော့ .mm ဆိုတဲ့ မြန်မာနိုင်ငံ ကုဒ်က သူများတွေထက်တောင် နဲနဲလေး ကြီးပြထားတယ်။ အမှန်တော့ သူက နိုင်ငံ လူဦးရေ လိုက်ပြီး ဆိုဒ်တွေက ကြီးတာ သေးတာ ပြထားတာပါ။ တကယ်ပြောတာ ကျွန်တော်ဆို ကိုယ့်နိုင်ငံ ဒိုမိန်းကို ဘယ်နား ၀ယ်လို့ ရမှန်း သိကို မသိဘူး။

Air iPhone

Air iPhone ဆိုတာ iPhone UI တွေကို ကွန်ပျူတာမှာ စမ်းလို့ ရအောင် လုပ်ပေးထားတဲ့ Adobe Air Application တစ်ခုပါ။ သူ့မှာ iPhone UI စမ်းလို့ ရပါတယ် နောက် ကျွန်တော် အပေါ်က ပုံလိုပဲ localhost က web page တွေ စမ်းကြည့်လို့ရပါတယ်။ အဲဒါပဲ လုပ်လို့ ရပါတယ် ကျန်တာတော့ ဘာမှ သုံးမရပါဘူး။ အိုင်ဖုန်း မကိုင်ဖူးတော့လည်း ကျွန်တော်လဲ အဲဒါလေးနဲ့ စမ်းကြည့်ရုံပဲ ရတယ်ဗျ =)။

Read the rest of this entry »

Awesome Photoshop Concept


ဒီနေ့ Digital Inspiration က ပို့စ် တစ်ခုကို ကြည့်ရင်း နှစ်သက်လို့ ပြန် ရှဲ လုပ်လိုက်ပါတယ်။ Adobe Photoshop ရဲ့ Work Space ကို ဒီဇိုင်း လုပ်ပြထားတာပါ။ အုတ်နံရံမှာ လုပ်ထားတဲ့ ဒီဇိုင်းက အိုင်ဒီယာ တော်တော်ကောင်းပါတယ် အဲဒီလို UI ပြောင်းလို့ ရတဲ့ ဆော့ဝဲလေးရှိရင် ကောင်းမယ်။ အခုလောလောဆယ်တော့ Adobe က Creative Suit CS4 လက်ရှိ ထုတ်ထားပါတယ်။ နောက် လက်ရှိ Adobe က Photoshop ကို online မှာ Adobe® Photoshop Express beta အဖြစ်နဲ့ တင်ထားပါတယ်။

Happy Birthday to 5 Years Old Delicious

November 6 ရက်နေ့မှာ Social Bookmarking Site ~ Delicious က ၅ နှစ်ပြည့်ပါတယ်။ သူက အရင်က Del.icio.us အဖြစ်နဲ့ နာမည်ကျော်ခဲ့တဲ့ web 2.0 ဆိုဒ် တစ်ခုပါ။ အခုဆိုရင် Delicious မှာ 5.3 Million users, 180 million unique URLs saved တွေ community, စိတ်ဝင်စားဖွယ်ရာ လင့်ခ်တွေနဲ့ အောင်မြင်နေတဲ့ ဆိုဒ် တစ်ခုပါ။

Read the rest of this entry »

Amazing Traffic Record at CNN.com


November 4 ရက် Election Day နေ့တုန်းက CNN.com ရဲ့ visitors အရေ အတွက် ကို TechCrunch မှာ ကြည့်ရင်း အံသြသွားတယ်။ 24 hours အတွင်းမှာ visitor 27 Million နဲ့ pageview 276 Million ရှိပါတယ်တဲ့။ ဒီအရေအတွက်က နဲတဲ့ အရေအတွက် မဟုတ်ပါဘူး။ ကျွန်တော့် ဆိုဒ်ကို တစ်နေ့ အဲဒီလောက်လူလာကြည့်မယ်ဆိုရင်တောင် ကျွန်တော် လက်မခံနိုင်ဘူး :P ကျွန်တော့် ဆာဗာ မနိုင်ပါဘူး ဟဲ။ CNN ရဲ့ ဆာဗာတွေ ကောင်းတာလဲ ကြိုက်သွားတယ်။

Read the rest of this entry »

Congratulation Mr.Barack Obama

Internet Quiz

OnePlusYou Quizzes and Widgets

ဒီနေ့ ပျင်းနေတာနဲ့ အပျင်းပြေ Quiz လေးတစ်ခု သွားဆော့ဖြစ်တယ်.. Internet အကြောင်း ဘယ်လောက်သိသလဲ ဆိုတာမေးတာပါ.. Tim Berner Lee တို့ IPV6 တို့ အခြား အကြောင်း အရာလေးတွေ မေးတာပါ။ ကျွန်တော်ရတဲ့ အမှတ်ကတော့ အပေါ်မှာ ကြည့်လိုက်ပါဗျာ။ သိပ်တော့ မကောင်းဘူးပေါ့ တချို့တွေမှားတယ် ဥပမာ - MySpace ဘယ်သူ ထောင်တာလဲ တို့ ဘာတို့ ပေါ့။ ဆိုဒ်က One Plus You ခေါ် အရင် Mingle ကနေ ပြောင်းတဲ့ ဆိုဒ်မှာ ဆော့တာပါ။ Death Report ဆော့ခဲ့တဲ့ ဆိုဒ်ပေါ့။ အခုလို Quiz မျိုးတွေ ဖြေပြီး Web 2.0 Master Degree ဆိုပြီး အရင်ကလဲ ခဲ့ဖူးပါသေးတယ်။ အခု quiz ကို တော့ Internet Quiz ဆိုတဲ့ စာမျက်နှာမှာ ဖြေနိုင်ပါတယ်။

Laser Engrave Designs

ဒီနေ့ ဆိုဒ်တွေလိုက်ကြည့်ရင်း Engrave Your Tech ဆိုတဲ့ ဆိုဒ်တစ်ခု ၀င်ကြည့်ဖြစ်တယ်.. အဲဒီ ဆိုဒ်က Design လုပ်တဲ့ဆိုဒ် တစ်ခုပါ။ သူလုပ်ထားတဲ့ ဒီဇိုင်းတချို့ကို Laptop Sleevs, Skins & Stickers ဆိုတဲ့ ပို့စ်မှာ ကတဲက တချို့ မြင်ခဲ့ဖူးတယ်။ ဆိုဒ်ကတော့ အခုမှ ကြည့်ဖြစ်တာ.. လေဆာနဲ့ ဒီဇိုင်းတွေ လုပ်တာ အရမ်းမြန်တယ်. ဒီဇိုင်းနာရဲ့ ဒီဇိုင်းတွေကလဲ လှတယ်။ Design Process တချို့ကို Vimeo မှာ ကြည့်လို့လဲ ရတယ်။

Read the rest of this entry »

Three Billion Photos At Flickr

flickr မှာ ဒီနေ့ 3 Billion မြောက် ဓာတ်ပုံကို user name Garrett Ryan Smith က ဒီနေ့ တင်ခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်ပုံ sharing ဆိုဒ် flickr က Social Networking Site facebook ရဲ့ ဓာတ်ပုံပေါင်း 10 billion ကိုတော့ မကျော်နိုင်သေးပါဘူး။ လွန်ခဲ့တဲ့ 8 လပိုင်းတုန်းက flickr က 888 contest လဲ လုပ်ခဲ့ပါသေးတယ်။

Via : TechCrunch

3D + Adobe Photoshop

ဟိုတနေ့ညက ကျွန်တော် တော်တော် နေမကောင်း ဖြစ်နေခဲ့တယ်.. အင်တာနက် ကဖေးသွားဖို့ စိတ်က စဉ်းစားပေမယ့် လူက မတ်တတ်တောင် မရပ်နိုင်တော့ဘူး။ ညာဘက် ခြေထောက်က မတ်တတ်ရပ်ဖို့ မစွမ်းနိုင်တော့ဘူး.. ဒါနဲ့ အိမ်ထဲမှာပဲ ခဏ လှဲနေလိုက်ပြီး ခဏနေတော့ ဆရာဝန်တွေ ပေးလိုက်တဲ့ ဆေးမျိုးစုံ တစ်ဒါဇင်လောက် သောက်လိုက်ပြီး ဘာလုပ်ရမလဲ စဉ်းစားရင်း ဘလော့ဂ်မှာ banner လဲဖို့ ပုံဆွဲ ကြည့်ဦးမယ်လို့ စိတ်ကူးရတာနဲ့ 3DS Max ဖွင့်လိုက်တယ်.. ဘာပုံဆွဲရမလဲ စဉ်းစားပြီး tools တချို့နဲ့ ဆွဲကြည့်တယ် မရဘူး တော်တော်ရှုပ်တယ် အမှန်တော့ ဒီအတိုင်းစမ်းကြည့်နေတာပဲ ရှိတာ သုံးတတ်တာ မဟုတ်ဘူး။ ဒါနဲ့ နောက်မှ အခွေနဲ့ ကိုယ့်ဖာသာ သင်ဦးမယ်ဆိုပြီး ရပ်လိုက်တယ်။

Read the rest of this entry »