အရင်ကတည်းက visual arts တွေ ကြိုက်တယ် ဂရပ်ဖစ်ဒီဇိုင်း လဲ နှစ်သက်တယ်၊ အလုပ်လုပ်တယ် နောက် ဓာတ်ပုံပါရိုက်ဖြစ်ပေမယ့် visual arts တွေ ဖြစ်တာနဲ့ အညီအခြေခံတွေက တူပါတယ်။ အရင်ကလဲ အားတိုင်းစဉ်းစားရင်း ပေါက်ကရအတွေး အခေါ်တွေ ရေးပြီး အခုလဲ စိတ်ထင်ရာရေးတာမို့ အမြင်မတူရင်လဲ အားနာစရာမရှိပဲ လွပ်လွပ် လပ်လပ် ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ…
စဉ်းစားမိသလောက်ပေါ့ visual arts မှာ အကန့်အသတ် limit ရှိတယ်လို့ ထင်ပါတယ် စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ဆိုင်ရာမဟုတ်ပါဘူး မီဒီယမ် အကန့်အသတ်ပါ။ ပန်းချီပဲဖြစ်စေ၊ ဂရပ်ဖစ်ပဲဖြစ်စေ၊ ဓာတ်ပုံပဲဖြစ်စေ၊ ဗီဒီယိုဂရပ်ဖီပဲဖြစ်စေပေါ့။ လေးထောင့် အကန့်အသတ်လား၊ wide 16:9 အချိုးနဲ့ လားစသဖြင့်ပေါ့ ရှိတယ်။ စဉ်းစားမိသလောက် visual မှာ လုပ်မယ်ဆို visual performance art သာလျှင် အကန့်အသတ် ဘောင် မရှိသလို viewer က ကြိုက်တဲ့နေရာက ကြည့်လို့ ရတယ်လို့ထင်ပါတယ်။ ကျန်တာတွေမှာ viewer က ကြိုက်တဲ့နေရာက ကြည့်လို့ မရဘူး နောက် မီဒီယမ် မှာ အကန့်အသတ် ဘောင်ရှိတယ်။ ဆိုတော့ အနုပညာရှင်က ဘာပြချင်သလဲပေါ်မူတည်ပြီး ဘောင်ထဲမှာ ထည့်ပြရတော့တယ်။
အဲဒီ အခါမှာ viewer နဲ့ ချိတ်ဆက် engage ဖြစ်နိုင်ဖို့ composition ဆိုတဲ့ နေရာအထားအသိုက အရေးပါလာတယ်လို့ ထင်ပါတယ်။ ပုံကြီးအကြီးကြီးထုတ်ထားပြီးပြရင် composition ဘာလိုမှာလဲ မေးစရာရှိပေမယ့် တကယ်တမ်း နံရံအပြည့် ဘုတ်ထောင်ထားရင်တောင် viewer ရဲ့ မျက်လုံးမြင်ရတဲ့ ပမာဏဟာ တစ်ခုလုံးကို ခြုံပြီး ကြာကြာကြည့်ဖို့ မဖြစ်နိုင်ပါဘူး။ နောက် လူ့စိတ်၊ မျက်လုံးဟာ တစ်ကြိမ်မှာ တစ်နေရာသာ ရောက်တာမို့ ဘယ်လောက်ကြီးကြီး လုပ်ထားထား composition ဟာ အရေးပါနေမှာပါပဲ။
ဒီနှစ် သင်္ကြန်က အခြားနှစ်တွေနဲ့ မတူပဲ ကျွန်တော့် အတွက်တော့ ပျင်းစရာကောင်းပါတယ်။ ဘာလို့လဲတော့ မသိပါ သင်္ကြန်မတိုင်ခင် ရက်တွေကတည်းက အပျင်းရောဂါစွဲကပ်နေတာရယ် နေပူတာကြောင့်လဲ ပါမယ်ထင်ပါတယ်။ အစက ဒီနှစ်သင်္ကြန်တော့ ကားတွေပိတ်ပြီးကျပ်မယ်ပေါ့ နောက် ကားတွေများတော့ အနည်းဆုံးတော့ ပွတ်မိခိုက်မိတာတွေ ရှိမယ်တွေးထားတာပါ။ အကြိုနေ့မှာ မနက်အစောနိုးပေမယ့် ဟိုလုပ်ဒီလုပ်နဲ့ အပြင်ကို မနက် ၈ နာရီလောက်မှ ထွက်ဖြစ်ပြီး ရန်ကုန် မြို့တော်ခန်းမ ဖွင့်ပွဲလဲမသွားဖြစ်လိုက်ပါဘူး။ ဗိုလ်အောင်ကျော်လမ်းမှာ ကိုမျက်လုံး နဲ့ မနက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး လမ်းတစ်ဖက်က မင်းသား ဝေဋုကျော် လုပ်နေကြ မဏ္ဏပ်မှာ မုန့်လုံးရေပေါ်လုံးတာကို စိတ်မပါ့တပါ နဲ့ ရိုက်ဖြစ်ပါတယ်။
အမှန်တော့ ရိုက်ချင်စိတ်မရှိတဲ့အပြင် အရင်နှစ်သင်္ကြန်တုန်းက မိန်းမတွေ မဏ္ဏပ်ပေါ်မှာ ဒွန့်နေတဲ့ပုံတွေ အပြွတ်လိုက်တက်ထားတော့ ကိုယ်တွေမရိုက်ပေမယ့် ဒီနှစ် ကွိုင်ရှာခံရ၊ ညှိမှာစိုးတယ်။ နောက် ကင်မရာလဲရေစိုမှာပျက်မှာ စိုးတယ်။ ဒါပေမယ့် မနက်တော့ မြို့တော်ခန်းမတော့ ရောက်အောင်သွားမှ ဆိုပြီး ၉ နာရီလောက်မှာ ရောက်သွားသေးတယ်။ ဖွင့်ပွဲပြီးသွားပြီ ဒါနဲ့ရှေ့နားမှာ ရေပက်တာရိုက် မလားကြည့်တယ် လမ်းက ကားပေးမဝင်သေးတော့ လမ်းမပေါ်ရေဖြန်းနေသလိုပဲဆိုတော့ ဘာမှမရိုက်ခဲ့ဘူးပြန်လာတယ်။ နောက်တော့ ကိုပြည့်ဖြိုး နဲ့ US က သူငယ်ချင်းမ ရောက်လာတော့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး သုဝဏ္ဏ အားကစားကွင်းက ရခိုင်သင်္ကြန်ကို ချီတက်ကြပါတယ်။
တစ်ခါတုန်းက မြန်မာ ဘလော့ဂ်ဂါ မောင်နှမတွေ tag လုပ်ရင်း ပို့စ်ရေးတာတွေ လုပ်ဖူးပါတယ် အဲဒီတုန်းက တစ်ခါ What’s in my bag? ဆိုပြီး ကိုယ့်အိတ်ထဲမှာ ဘာတွေပါလဲ ဆိုတဲ့ အကြောင်းပို့စ်ရေးရတာ တစ်ခါလုပ်ဖူးပါတယ်။ ခုတော့ နောက်တစ်ခါ အိတ်ထဲမှာဘာပါလဲ ကိုယ့်ဖာသာ ပြန်ကြည့်မိရင်း တစ်ခါတုန်းကရေးဖူးတဲ့ ပို့စ်ကို သတိရသွားလို့ အိတ်ထဲမှာပါတာတွေ ဓာတ်ပုံဒီနေ့ပဲ ပြန်ရိုက်ပြီးတင်ဖြစ်ပါတယ်။
အမှန်တော့ ဒီနေ့ သီချင်းနားထောင်ရင်း စဉ်းစားမိတာက စတာပါ။ အရင်က သီချင်းနားထောင်ဖို့ဆိုတာ ကတ်ဆက် walkman player ရှိရတယ်။ တစ်ဖက် ၆ ပုဒ်လောက်ပါတဲ့ ၁၂ ပုဒ်စာတစ်ခွေ ရှိတာတွေ သယ်ရတယ် နောက် AA ဓာတ်ခဲကော၊ သီချင်းကျော်ချင်ရင် ဒီနေ့လို အသံနဲ့ခိုင်းဖို့ မပြောနဲ့ စက်ကရစ်တာ စောင့်ရသေးတယ်၊ တစ်ချက်တစ်ချက် ကျော်ရင်း နားထောင်မယ့် သီချင်းကျော်သွားတတ်တာတွေ သတိရတော့ အရင်တုန်းက အကြောင်းတွေ ပြန်စဉ်းစားရင် အဲဒီပို့စ်ကို သတိရသွားတာပါ။
အရင် ပို့စ်ရေးတုန်းကတော့ အိတ်ထဲမှာ mp3 player ရှိတယ် အဲဒီတုန်းက အင်တာနက်ဆိုင်က နေသုံးရတာဆိုတော့ mp3 ထဲမှာပဲ portable firefox browser ထည့်ပြီး password တွေ အကုန် save လုပ်သုံးတယ်။ နောက် dictionary အလေးကြီး တစ်ခုလဲ သယ်ခဲ့တာပဲ ပုံကြည့်မှ သတိရတယ်။ ခုချိန်မှာတော့ iPhone ထဲမှာပဲ အင်တာနက် ထိုင်ရာမထသုံးတယ် password တွေ အင်တာနက် ကဖေးကသုံးသလို key logger ထည့်မှာ မကြောက်ရတော့ဘူး နောက် dictionary ဆိုတာက ခုရှာခုတွေ အသံထွက်ဖတ်ပြသေးတယ်။ နောက် အရင်က calculator သယ်ရသေးတယ် အဲဒီတုန်းက physics တက်နေတာကိုး ခုတော့ မလိုတော့ဘူး၊ လိုရင်လဲ ဖုန်းထဲမှာပါတယ်။ စာမေးပွဲခန်းထဲတော့ ဖုန်းနဲ့ တွက်လို့ ရမယ်မထင်ဘူး ခိုးချမှာ စိုးလို့ =D
အရင်က ကျောင်းသားဘဝ ကလို ဘောပင်၊ ခဲတံ၊ highligh pen တွေလဲ မလိုတော့ဘူး ခုတော့ အိတ်ထဲမှာ ဘောပင် တစ်ချောင်းနဲ့ notebook တစ်အုပ်ပဲပါတော့တယ်။ အရင်လို ကျောင်းစာ textbook တွေလဲ မပါတော့ဘူးပေါ့။ တူတာပြောရရင်တော့ ခုထိ အပြင်သွားတိုင်း သီချင်းနားထောင်ဖို့ earphone ပါတယ်။ နောက် ဟန်ပြပါတဲ့ ပိုက်ဆံအိတ်မှာ ပိုက်ဆံမရှိတာကတော့ အရင် အတိုင်းပဲ =D နောက် လက်ကိုင်ပုဝါ ကခုထိပါတုန်းပဲပေါ့။ တစ်ခုပဲ အရင်ကလို ဆံပင် အရှည်မဟုတ်တော့ ဘီးကုတ်တော့ မပါတော့ဘူးခင်ဗျ။

အရင် ဓာတ်ပုံစရိုက်ခါစ dslr ကိုင်ခါစက မှန်ဘီလူးဆို ranger 16mm ကနေ 200mm လောက်အတွင်း ကောင်းပေ့ဆိုတဲ့ လန်းစ်မှန်သမျှ လိုချင်ခဲ့ဖူးပါတယ်။ နောက်ပိုင်း ပိုက်ဆံစုပြီး အရင် cropframe အတွက်ပဲရတဲ့ လန်းစ်တွေရောင်းပြီး full-frame ရတဲ့ မှန်ဘီလူးတွေ အသင့်ဖြစ်အောင် ဝယ်ထားဖြစ်တယ်။ နောက်ကြားထဲမှာ European pressphoto agency မှာ အလုပ်လုပ်ဖြစ်တော့ ဌာနကပေးတဲ့ 16~35mm, 70~200mm f/2.8 တွေနဲ့ လိုတရသလိုဖြစ်သွားသေးတယ်။ နောက်ပိုင်း ၂၀၁၂ ထဲမှာ အခြားမှာလုပ်ဖို့ အလုပ်ထွက်လိုက်တော့ အရင်လို ရုံးကပေးတဲ့ ကင်မရာ ဘော်ဒီ ၂ လုံးလဲမရှှိတော့ 70~200 လဲမရှိတော့ ဟာတာတာဖြစ်သလို ခံစားရသေးတယ်။
နောက်ပိုင်းတော့ freelance လုပ်ရင်းရတဲ့ ပိုက်ဆံနဲ့ 5D M III ဝယ်လိုက်ပြီးတဲ့နောက်ပိုင်း အခြား assignments လေးတွေကနေ ပိုက်ဆံရလာပြီး စုမိတယ် နောက် ရိုက်ရင်း၊ လေ့လာရင်းနဲ့ ကိုယ်လုပ်ချင်တာကို သိလာတော့ ပိုက်ဆံစုမိတတောင် tele ကောင်းကောင်း မဝယ်ဖြစ်တော့ဘူး။ ဘာလို့လဲဆို tele က အရေးတကြီးလိုတဲ့ အရာမဟုတ်ဘူးလို့ ထင်လာတယ် နောက် tele ကတော်ရုံမလိုအပ်ပဲ press conference, sports လောက်မှ လိုသလိုထင်လာတယ်။ conflict တွေ ရိုက်ရမယ်ဆိုရင်တောင် tele မသုံးချင်တော့ဘူး စိတ်ကဖြစ်လာတယ်။ ဝယ်ချင်စိတ်လဲမရှိဘူး နောက် agency တစ်ခုခုမှာ ပြန်လုပ်ရင်လဲ သူတို့က support လုပ်မှာဆိုတော့ ကိုယ်ဝယ်ထားလဲ အလကားဖြစ်သွားမှာ စိုးတယ်။ လက်ရှိတော့ ကိုယ်ပိုင်လန်းစ်ထဲမှာ အရှည်ဆုံး focal length ဆို 100mm f/2.8 L Macro prime တစ်လုံးရှိတယ်။ အဲဒီကောင်နဲ့ အဆင်ပြေတယ် ဒါပေမယ့်် သိပ်တောင် မသုံးဖြစ်တော့ဘူး။
ဒီ March လအစပိုင်းက သူငယ်ချင်း စူပါ ခေါ်လို့ နေပြည်တော် ကို အကြောင်းထူးမရှိပဲ ရောက်ဖြစ်ပါတယ်။ အရင်က နေပြည်တော် ကို ကားနဲ့ဖြတ်သွားတာ ပျဉ်းမနား ဘက်သွားတာလောက်ပဲလုပ်ဖူးတာ ခုကတော့ အလည်နေဖြစ်တယ်ပေါ့။ နောက် ဘယ်အကြောင်းအရာ အဓိကထားရိုက်ရမလဲ မသိပေမယ့် နေပြည်တော် မှာ ဓာတ်ပုံ story လေးတစ်ခု လမ်းစားရိတ်ကျေအောင် လုပ်မယ်လို့ စိတ်ကူးမိတယ်။ ဟိုရောက်မှ ဘာတွေဖြစ်နေလဲကြည့်ပြီး အဓိက အကြောင်းအရာရွေးရိုက်မယ်ပေါ့။
နေပြည်တော် ကိုသွားတာ express bus ကားခက ၆ ထောင်ပေးရပါတယ်။ ဟိုရောက်တော့ စူပါ တည်းတဲ့နေရာကို သေချာအောင် လှမ်းဖုန်းဆက်မေးပြီးဆင်းရတယ်။ တည်းရမယ့် အဆောင် ရှေ့ကလမ်းပေါ် အထိ ကားကရောက်တော့ အတော်အဆင်ပြေပါတယ်။ နေ့လည် ၁၂ ကားစီးတော့ အဲဒီရောက်တော့ ၆ နာရီလောက် ရှိပြီ ဒါနဲ့ အဆောင်က အခန်းမှာ အထုတ်တွေချ အထုတ်သာပြောတာပါ ခရီးသွားရင် ပေါ့ပေါ့ပါးပါးသွားလေ့ရှိတော့ ကျောပိုးအိတ်ပါတယ် နောက် ကင်မရာ ၂ လုံးနဲ့ မှန်ဘီလူးတွေ ထည့်ထားတဲ့ ဘေးလွယ်အိတ်ပဲပါတယ်။ ထရိုင်ပေါ့တောင် မယူခဲ့ဘူး ခဏပဲနေမှာရယ် ဗီဒီယိုလဲ ရိုက်ဖို့မရှိတာကြောင့်ပါ။ ရောက်ရောက်ချင်းပဲ သယ်ရင်းကပြောတယ် ဒီမှာ သရဲခြောက်တယ်တဲ့ ကျွန်တော် မရောက်ခင် မနေ့ကညကပဲ သူရယ်၊ မန်းလေးက အခြား မိတ်ဆွေ ၂ ယောက်ရယ် တည်းတုန်း ကော်ရစ်ဒါမှာ တွေ့လိုက်တယ် ပြောပါတယ်။
ဒင်းက ဆိုင်ကယ် နဲ့ဆိုပဲ ကိုယ်လုံးမပါဘူးတဲ့ ခေါင်းပဲရှိတယ် အဲဒါ ဆိုင်ကယ်မောင်းပြီး ဘေးခန်းအကျော်က ၆ ပေသာသာလောက် မြင့်တဲ့ တောင်ပို့ လို့ ကုန်းလေး ထဲဝင်သွားတာတဲ့။ ၃ ယောက်လုံးမြင်လိုက်ပြီး ထကြည့်မိသေးတယ်ဆိုပဲ နောက်မှ တောင်ပို့က ဆိုင်ကယ်သာ မောင်းရင် ဝင်တိုက်ပြီး ပစ်လဲနေမှာပေါ့ ဘာမှမရှိဘူးတဲ့။ နောက် အဲဒီတောင်ပို့လေးပေါ်မှာ အပင် ၂ ပင်လဲရှိသေးတယ် ပြီးတော့ တောင်ပို့က တစ်ခြမ်းက ဘူဒိုဇာ ထိုးထားသလို ညီညီညာညာလေး လှီးထားသလိုပဲ။ အဲဒီ ၆ ပေလောက် မြင့်တဲ့ တောင်ပို့ပြီးရင် အခန်းတစ်ခုရှိတယ် အဲဒီ အခန်းပြီးမှ ကျွန်တော်တို့ အခန်းလာတာ။ ညဘက်ဆို အခန်းရှေ့က အခုပို့မှာ ပုံတင်ထားတဲ့ သစ်သား အဝတ်လှမ်းစင် ကို လာကုတ်တတ်သေးတယ်တဲ့။ အဲဒါနဲ့ သူတို့လဲ ပြောင်းပြန်လှန်ထားတယ်လို့ပြောတယ် ပုံထဲမှာလဲ ပြောင်းပြန်လှန်ထားတာပါ။

ဒီဘက်ခေတ်မှာ gadgets တစ်ခုခု ဝယ်တော့မယ်ဆိုရင် မဝယ်ခင် သတင်းအချက်အလက်, reviews တွေ ကြည့်တာ အရမ်းအရေးပါပါတယ်။ အရင်ကဆို Apple ထုတ်တွေရှိတယ် ဘာမှကြိုပြီး သတင်းမထွက်ပဲ ချက်ချင်း မော်ဒယ် အသစ်မိတ်ဆက်ပေးပြီး ချက်ချင်းကောက်ထုတ်တတ်တယ်။ နောက်ဓာတ်ပုံရိုက်တော့ သိလာတာက Canon နဲ့ အခြား ကင်မရာတွေလဲ သတင်းကြိုမကြေငြာပဲ ထုတ်တတ်ကြတာပါပဲ။ Apple ထုတ် mac တွေ iOS devices တွေဆို သိသာတယ် ကြိုထုတ်မယ် ကြေငြာမထားသလို ထုတ်ရင်လဲ ဒီနေ့ကြေငြာ မနက်ဖြန် ဒါမှမဟုတ် ၂ ပတ်လောက်အတွင်း ပစ္စည်းဝယ်လို့ရပြီ ဆိုတာမျိုးပါပဲ။ အသစ်ထွက်တဲ့ စျေးကလဲ အရင်ထုတ်ခဲ့တဲ့ မော်ဒယ် စျေးအတိုင်းဆိုတော့ ဒီိလိုမျိုးတွေ ကြိုသိမထားပဲ ဝယ်မိရင် ဒီနေ့ ဝယ်လိုက်ပေမယ့် နောက်ရက် မော်ဒယ် အသစ်ကို လက်ရှိစျေးနဲ့ ထွက်လာတဲ့အခါ ကြေကွဲရပါလိမ့်မယ်။

ဒီနှစ် ဆောင်းတွင်းမှာ အင်းလေး ကန်ကို ၂ ခေါက်ရောက်ဖြစ်တယ် ရှမ်းပြည်ကို ၃ ခေါက်နဲ့ အားလုံးပေါင်း ၁ လ နီးပါးလောက် နေခဲ့သလိုပါပဲ။ အင်းလေး ပထမ အခေါက်က နိုဝင်ဘာထဲမှာ တောင်ကြီးမီးပုံးပျံပွဲ သွားရင်းနဲ့ ခဏကန်ထဲလည်တာပါ။ နောက်တစ်ခေါက်ကတော့ photojournalism workshop တစ်ခုတက်ရင်းနဲ့ပါ ၁၀ ရက်လောက် အင်းလေး မှာ အမှန်တော့ လေဆိပ်နားက ညောင်ရွှေမြို့က ဟိုတယ်မှာပေါ့နေဖြစ်ပါတယ်။ အမှန်တော့ အင်းလေးမှာ ညမအိပ်ဖူးပါဘူး ခုမှစနေဖူးတာ။
Me Playing Arch Enemy ~ Silverwing from Htoo Tay Zar on Vimeo.
ပြီးခဲ့တဲ့ ၂ ပတ်လောက်က အိမ်မှာပဲ Arch Enemy ရဲ့ Silverwing သီချင်းကို တီးဖြစ်ပါတယ်။ အရင်လို ကိုယ်တီးတာ ဗီဒီယို မရိုက်တာကြာလို့ ရိုက်ထားပြီး vimeo ပါတင်လိုက်ပါတယ်။ သီချင်းက metal အမျိုးအစားဆိုပေမယ့် melody က အရမ်းကောင်းလွန်းပါတယ်။ သီချင်းက Arch Enemy ရဲ့ ၁၉၉၈ လောက်ကတည်းက သီချင်းပေမယ့် ကျွန်တော်တီးထားတာက ၂၀၀၉ မှာ version ပြန်ပြောင်းပြီးထွက်တဲ့ Root Of All Evils အခွေက notes နဲ့တီးပါတယ်။

လွန်ခဲ့တဲ့ တစ်ရက်က အိမ်မှာ Metal သီချင်းတစ်ပုဒ် ကြိုက်လို့လေ့ကျင့်မလို့ဟာ BEADF#B ဆိုတဲ့ tuning ခက်ခက်ခဲခဲနဲ့ ညှိမရတာနဲ့ ကိုစိုးဝေကြီး ကိုမေးစမ်းကြည့်ရင်းနဲ့ guitar tuner ဝယ်ဖို့ဖြစ်လာပါတယ်။ ကိုစိုးဝေ ကဝယ်ရင် tuner ကို 40, 50 လောက်ပေးဝယ်မယ့် အစား iPhone နဲ့ ဂစ်တာနဲ့ ချိတ်တဲ့ plug ခေါင်းဝယ်ပါ့လားဆိုလို့ အွန်လိုင်းမှာ review တွေဖတ်စျေးတွေကြည့်ရင်းနဲ့ iDevice နဲ့တွဲတဲ့ ဂစ်တာ plug ကို အလုပ်ကပိုက်ဆံရလာတုန်းလေး ဝယ်မယ်ဆိုပြီး မြို့ထဲမှာ အရှာထွက်ခဲ့ပါတယ်။

တိုးတက်မှု့နောက်ကျတာ ကျန်တဲ့အရာတွေမှာတော့ မသိပေမယ့် နည်းပညာပိုင်းမှာတော့ အခြားနိုင်ငံတွေကို အမှီပြန်လိုက်ရတာ ပိုလွယ်တယ်လို့ထင်မိတယ်။ နိုင်ငံခြားမှာတော့ အကြွေစေ့ထည့်သုံးရတဲ့ လမ်းဘေးဖုန်းတွေထားခဲ့ရတဲ့ခေတ်ရှိပေမယ့် ဒီမှာတော့ တိုးတက်တာနောက်ကျတော့ မိုဘိုင်းဖုန်းခေတ်ကို တန်းတက်ခွင့်ရသွားတယ်။ နောက်ဒီနှစ်ထဲမှာ ကျွန်တော့် မိုဘိုင်းဖုန်းလဲ အင်တာနက် 3G တပ်ခွင့်ရသွားတော့ ဟိုအရင်က မတွေးခဲ့ဖူးတဲ့ ဘယ်သွားသွား အင်တာနက်လေးပါပြီး ရန်ကုန်၊ မန်းလေး သာမက ကျောက်ဆည်လို မြို့မှာအထိ အင်တာနက်နဲ့ဖြစ်သွားတယ်။