hit counter

ဘလောခ်ရဲ့ အစ

ဒီနေ့ တော့ ကျွန်တော့် ဘလောခ် ကို publish လုပ် လိုက်ပြီ။ ကျွန်တော် ဒီဘလောခ် လုပ်ထားတာ ဖေဖော်ဝါရီ က တည်းက အဲဒီမှာ စမ်းနေတာနဲ့ ကြာနေတာ။ ကျွန်တော် က HTML အကြောင်း မသိ တော့ (HTML အကြောင်း မသိဘူး ဆိုတော့ တခြား အကြောင်းတွေ သိတယ်လို့ ထင်စရာ ရှိပါတယ်.. တစ်ခြား အကြောင်းလည်း ဘာမှ မသိပါဘူး) အဲဒီ HTML အကြောင်းတွေ လိုက်ရှာ ဖတ်နေ ရတာနဲ့ စမ်းရတာနဲ့ အချိန်ကြာ သွားတာပါ။ ကျွန်တော် HTML စာအုပ် ၀ယ်ဖတ် မယ် ပြောတော့ ကျွန်တော့် ဆရာ ကိုမျိုးသန့် ကတော့ ပြောပါတယ် စာအုပ် ၀ယ်ရင် အင်္ဂလိပ် လို ရေး ထားတာ ၀ယ်တဲ့။ အင်္ဂလိပ်စာအုပ် ဖတ်တာအလေ့အကျင့် ရအောင်လို့ ထင်တယ်။ ဒါနဲ့ မြိုထဲက ဆိုင်တွေ လိုက်မေးတော့ တွေ့ပါရဲ့ စာအုပ်ဖိုး တွေက သောင်းကျော်တွေ ဒါနဲ့ မ၀ယ် ဖြစ်ဖူး နောက်မှ ဆရာ ဆိုလိုတာ အင်္ဂလိပ် လိုပဲပြန် copy လုပ်ထား တဲ့ စာအုပ်မျိုး ကို ပြောတာ မှန်း သိတယ် ပြီးတော့ တီချယ်ချယ်ရီ ကတော့ ပြောပါရဲ့ Dreamwaver သုံးကြည့် ပါလားတဲ့ အဲဒါနဲ့ စမ်း ကြည့်တာ အဆင် ပြေသွား တယ်။ နောက် အင်တာနက် မှာပဲ ဆိုဒ်ဘားမှာ ထည့်လို့ရမယ့် element တွေ ရှာရင်းနဲ့ အချိန်ကုန် ပြန်ရော။ နောက်တော့ eot လုပ်ဖို့  ကိုမောင်လှ ဘလော့ခ်မှာ ဖတ်ဖြစ်တယ် နောက် ကိုညီလင်းဆက် နောက် ကိုမျက်လုံး ဘလော့ခ် တွေမှာ လိုက်ဖတ် ဖြစ်တယ် နောက်တော့ စမ်းကြည့်လိုက် အယ်ရာ တက်လိုက် နဲ့ပဲ ဒီဘလောခ် လေး ဖြစ်လာတယ်။ ပြီးတော့ ကျွန်တော် အပေါ်က ပြောခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာတွေ အားလုံးကို ကျေးဇူး တင်ပါတယ်။ ပြီးတော့ ကျွန်တော် မေ့ကျန်ခဲ့တဲ့ ဆရာတွေ အားလုံးရော…..

Technorati Profile


Related Posts

  • No Related Post

2 Comments so far »

  1. tunaungkyaw said,

    Wrote on June 13, 2007 @ 8:10 pm

    “could u help me in putting blog for me pls???I can’t do and learn
    these from books and notes like u.
    I’m just a little stupid!” :P

  2. tayzar said,

    Wrote on June 15, 2007 @ 9:13 pm

    hay fri dun think like tat u know i’m also stupid…first u should make eot (see in my post) and then step i’ll tell u do it eot first fri

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: