hit counter

How to make eot

ဘလောခ်တွေကို မြန်မာဖောင့် သွင်းထား ဖို့မလိုပဲ မြန်မာ လိုဖတ်လို့ရမယ့် eot လုပ်နည်းအကြောင်းကို ကိုမောင်လှ ဘလောခ်မှာ အရင်ကရေးထားပါတယ်။ အခု ကိုမောင်လှ ဘလောခ် က လစ်မစ်တပ်ယူဇာ ပဲကြည့်လို့ရတော့လို့ eot လုပ်ချင်တဲ့ သူငယ်ချင်းတွေ အဆင်ပြေအောင် ကျွန်တော်ဘလောခ်မှာ အသစ်ပြန်ရေးထားလိုက်ပါတယ်….အဆင်မပြေတာရှိရင် ကျွန်တော်သိသလောက် ပြောပြပေးပါမယ်

1. eot (Embedded Open Type ) file ကို လုပ်ဖို့ ပထမဆုံး Microsoft ၀ဘ်ဆိုဒ်က WEFT (Web Embedded Font Technology) Software ကို Download (Right Click-Save Target As) လုပ်ပါ. ဒီ software ဟာ Microsoft ရဲ့ အခမဲ့ ဆော့ဝဲ တစ်ခုပါ အဲဒီ software ကို install လုပ်ပါ.

2. Notepad ကို ဖွင့်ပါ. Notepad မှာ ကိုယ် သုံးမယ့် font (ဥပမာ – ဇော်ဂျီဖောင့်နဲ့ လုပ်ချင်တာ ဆိုရင် Zawgyi-One ဖောင့်နဲ့) အောက်ကပြထားတဲ့ စာတန်းကို copy လုပ်ထည့် လိုက်ပါ.

1. Bold 2. Italic 3. Bold+Italic 4. Normal

ဒီစာတန်းကို copy လုပ်ထည့်ပါ. ပြီးရင် save မှတ်ရင် ဖိုင်ကို eot.html လိုရေးပြီး html ဖိုင် အနေနဲ့ save လုပ်ပါ.

3. WEFT program ကို ဖွင့်ပါ Welcome! This wizard will guideyou.. စတဲ့ ပေါ်လာ တာတွေကို နားလည်အောင် ဖတ်ပါ ပြီးရင် Next ကိုနှိပ်ပါ
နောက် ပေါ်လာတဲ့ dialog box က အရေးကြီး ပါတယ် ရှေ့က list boxထဲမှာ ကိုယ်သုံးမယ် ခုဏ ကလုပ်ခဲ့တဲ့ eot.html ဖိုင်ကို ညွန်းပေးပါ ကွန်ပျူတာ ထဲမှာ ရှိတဲ့ ဖိုင်ကို သုံးမှာဆိုရင်တော့ file:// ကိုရွေးပါ… Internet ပေါ်က ဖိုင်ကို ညွှန်းမယ် ဆိုရင်တော့ http:// (or) https:// (or) ftp:// တစ်ခုခုကို ရွေးပေးဖို့ လိုပါတယ်.

Photo Sharing and Video Hosting at Photobucket

အဲဒီအောက်က Do not add linked pages ဆိုတဲ့ check box ကို ကလစ် မလုပ်ပါနဲ့
နောက်ပေါ် လာမယ့် Skip analysis ဆိုတာကို လည်း ကလစ် မလုပ်ပါနဲ့
ပြီးရင် Next ကို ကလစ် လုပ်ပါ.. Analyze Web Pages dialog box ပေါ်လာရင် Next ကို နှိပ်ပါ… The page file:….. It may not display on Win9xand MacOS. Unicode and Uniscribe is required. Do you want to continue? ဆိုတဲ့box လာပြရင် Yes ကို ကလစ် လုပ်ပါ…
Font to Embed box ကိုရောက်ရင်…subsetting ကို 7. No subsetting ထားလိုက်ပါ.. ပြီးတော့ ညွှန်ပြ လိုက်တဲ့ web page ထဲမှာ embed လုပ်စရာမလိုတဲ့font တွေ ပါလာတယ် ဆိုရင် အဲဒီ font ကို select လုပ်ပြီး Don’t embed ဆိုတာလေး ကိုclick လုပ်ပါ…
Create Font Objects ဆိုတဲ့ box ပေါ်လာရင် Edit button ကိုနှိပ်ပြီး eot သုံးမယ့် web site တွေရဲ့ address ကို ထည့်ပေး ရပါတယ်… ထည့်တဲ့ အခါ သိထားရမှာက http://tayzar44.blogspot.com/ လို့ပဲ ထည့်ထားရင် http://www.tayzar44.blogspot.com/ နဲ့ ဖတ်တဲ့ သူတွေ အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး အဲဒါကြောင့် လိပ်စာ ထည့်တဲ့အခါ wwwပါတာတဲ့ လိပ်စာရော ၊ မပါတဲ့ လိပ်စာပါ ထည့်ပေးစရာ လိုပါတယ်… ပြီးတော့ အဲဒီ URL List ထဲမှာမပါတဲ့ ဆိုဒ်တွေ ကလည်း ဒီ eot ဖိုင်ကို ယူသုံးလို့ ရမှာ မဟုတ်ပါဘူး

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

ပြီးရင် ပုံထဲမှာ ပြထား တဲ့အတိုင်း အပေါ်က check box ၂-ခုကို အမှန်ခြစ် ခြစ် ပေးပါဦး… ပြီးပြီ ဆိုရင်တော့ Next ကို နှိပ်တော့ဗျာ…ခဏတော့ စောင့်နော် …ဟော ပေါ်လာပါပြီ… CSS Style dialog box ဆိုပြီး ပေါ်လာပါပြီ…အဲဒီထဲက အောက်မှာ ပြထားတဲ့ code တွေကို copy ကူးထား လိုက်ပါ…

Photo Sharing and Video Hosting at Photobucket

@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(ZAWGYIO3.eot)
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(ZAWGYIO2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(ZAWGYIO1.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(ZAWGYIO0.eot);
}

ပြီးရင်တော့ Close ကိုနှိပ်တယ်… Next ကိုနှိပ်တယ်… အဲဒီမှာ နာက်ဆုံး ပ်ါလာတဲ့ Do not upload modified pages to server ဆိုတဲ့ check box ကို ကလစ် လုပ်ပါနဲ့။

Photo Sharing and Video Hosting at Photobucket

You all are done…. ဘာညာ လာပြတော့ Finish ကို နှိပ်လိုက်တယ်… eot.htm ရှိတဲ့ folder ထဲသွား ကြည့်တော့ ZAWGYIO0.eot, ZAWGYIO1.eot, ZAWGYIO2.eot, ZAWGYIO3.eot ဆိုပြီး ဖိုင် ၄-ဖိုင် ထွက်လာတာ တွေ့ရတယ်… ဘာဖြစ်လို့ ၄-ဖိုင် ထွက်တာ လဲဆိုတော့ eot.htm ဖိုင်ထဲမှာ Bold, Italic, Bold+Italic, Normal ဆိုပြီး စာ ၄-မျိုး ထည့်ထားခဲ့ လို့ပါ

4. နောက်ပြီး ရင်တော့ အဲဒီ .eot ဖိုင်လေးဖိုင် ကို တစ်ခါတည်း လှမ်းယူ လို့ ရမယ့် hosting ဆိုဒ်.. ဥပမာ – www.fileden.com, www.ripway.com တို့မှာ တင်ထားပါ www.rapidshare.com လို download လုပ်ဖို့ စောင့်ရတဲ့ ဆိုဒ်တွေ ကတော့ အဆင်ပြေ မှာ မဟုတ်ပါဘူး

5. နောက်ဆုံး အဆင့် ကတော့ ကိုယ့် blog ရဲ့ HTML edit ထဲဝင်ပါ ပြီးရင်
အပေါ်မှာပြထားတဲ့ code တွေကို
ကိုယ့် blog HTML ထဲက body ဘာညာ စတာတွေ ရေးထားတဲ့ CSS ရဲ့ အပေါ်မှာ ထည့်လိုက် ပြီးတော့ code မှာပါတဲ့ src: url(ZAWGYIO1.eot); ဆိုတဲ့ URL အနောက်က လက်သည်း ကွင်းထဲမှာ ကိုယ်တင်ထားတဲ့ eot ဖိုင်တွေရဲ့ link တွေ ပြောင်းထည့် လိုက်ပါ..
ဒါ ဆိုရင်တော့ မိတ်ဆွေ ရဲ့ ဘလောခ်ကို မြန်မာဖောင့် မရှိတဲ့ စက်ကတောင် ကြည့်လို့ ရပါပြီ…

တစ်ခုတော့ ရှိတယ် ဒီ eot ဖိုင်က Internet Explorer နဲ့ နောက်ထွက် Morzilla Fire Fox version အသစ်တွေ မှာပဲ အလုပ်လုပ် ပါတယ် Opera လို Browser မှာတော့ ရလိမ့်မှာ မဟုတ်ပါဘူး။

Technorati tags:
, , ,


Related Posts

  • No Related Post

1 Comment so far »

  1. Bring Down IE6 ~ It’s Time to Unite!! | My Burmese Blog said,

    Wrote on April 18, 2009 @ 9:54 pm

    [...] ပြောလို့ ရတာဆိုလို့ Font Embedded Technology – Embedded Open Type (EOT) နဲ့ font ကို သွင်းပေးလို့ ရတာပါ။ [...]

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: