Zakk Wylde


Zakk Wylde ကို Bayonne, New Jersey မှာ ဇန်န၀ါရီ ၁၄ ရက် ၁၉၆၆ ခုနှစ်က မွေးဖွားခဲ့တယ်။ Zakk ဟာ ၁၅ နှစ် အရွယ်မှာ ဂစ်တာ စတီးခဲ့ပြီး ဆေးဗားတွန်း မြို့မှာ ရှိတဲ့ ဆေးဗားတွန်း ဂီတ ထုတ်လုပ်ရေး မှာ အလုပ် လုပ်ခဲ့တယ်။ သူဟာ တစ်နေ့ကို ၁၂ နာရီ လောက် ဂစ်တာ လေ့ကျင့်တယ်။ အရွယ်ရောက် လာတော့ ပထမဆုံး band “Stone Hinge” ကိုစဖွဲ့ခဲ့တယ်။ နောက်တော့ Zyris ဆိုတဲ့ New Jersey local band ထပ်ဖွဲ့တယ်။ နှစ်အနည်းငယ် ကြာပြီးတဲ့ နောက်မှာ တော့ Zakk ဟာ Ozzy Osbourne အဖွဲ့မှာ လိဒ် ဂစ်တာ သမားအနေနဲ့ ဂီတ လောက ကို ပြန်လည် ခြေချ လာတယ်။ သူဟာ Ozzy အဖွဲ့ကို ၁၉၈၇ မှာ သူ့ရဲ့ demo အခွေပေး နားထောင် စေခဲ့ပြီး သူ့လက်သံကို နားထောင် စေခဲ့တယ်။ နောက်တော့ Ozzy ဟာ အရင် ဂစ်တာ သမားဟောင်း Jake E. Lee နေရာမှာ အစားထိုးဖို့ ငှားခဲ့တယ်။


Zakk Wylde’s ရဲ့ ဂစ်တာ တီးတဲ့ စတိုင်ကို ပြောရရင် သူက pinch harmonics သံကို အသုံးများတယ်။ နောက် chicken pickin ဆိုတဲ့ နည်းကလည်း သူ တီထွင်ထား တာပါပဲ။ သူ့ရဲ့ ဂစ်တာ သံမှာ များသော အားဖြင့် country အရိပ်အငွေ့ သံမျိုးတွေ ကြားရမယ်။
သူ့ကို လူသိများ စေတာ ကတော့ bulls-eye ဂရပ်ဖစ် ဆွဲထားတဲ့ သူ့ရဲ့ Gibson Les Paul Custom model ဂစ်တာ ကြောင့်ပါပဲ။ ဒါဟာ သူ့ကို အမြင် အားဖြင့် Randy Rhoads နဲ့ ခြားနား စေတဲ့ အချက်ပါ။ နောက် ဂစ်တာ တစ်လက် ကတော့ Rebel Flag ကို မီးလောင် နေတဲ့ အောက်ခံ ပေါ်မှာ ဘီယာ ပုလင်း အဖုံး ၂၄ ခုရိုက်ထားတဲ့ Gibson Les Paul တစ်လက် လည်းရှိပါသေးတယ်။ Zakk ဟာ Pride & Glory ဆိုတဲ့ album ကို လည်း Ozzy မှာ တီးရင်းနဲ့ ထုတ်ခဲ့ ပါသေးတယ်။ နောက် သူ ဖွဲ့ထားတဲ့ Black Label Society အဖွဲ့ နဲ့လည်း အခွေ ပေါင်းများစွာ ထုတ်ခဲ့တယ်။
ဇန်န၀ါရီ ၁၇ ရက် ၂၀၀၆ ခုနှစ် မှာတော့ Zakk Wylde ဟာ သူ့ရဲ့ ဂစ်တာ ကျွမ်းကျင်မှုတွေ၊ ဂီတလောကမှာ လူသိများ အောင်မြင်ခဲ့ တာတွေ ကြောင့် Hollywood Rock Walk of Fame 7425 Sunset Blvd မှာ တခြား ကြယ်ပွင့် အနုပညာရှင် တွေလို သူ့ရဲ့ လက်ရာ နဲ့ လက်မှတ် ထိုးထား နိုင်ခဲ့တယ်။

သူ့အကြောင်း၊ သူ့အဖွဲ့၊ သူ့ပရိတ်သတ်တွေရဲ့ လင့်တွေကတော့

  • www.ZakkWylde.com
  • www.BlackLabelSociety.com
  • www.BlackLabelSociety.net (U can download some Zakk Wylde & Ozzy Music Video there)
  • www.SDMFworldwide.com
  • Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    ပြောရဦးမယ် ဒီ ဂစ်တာ ၀ယ်ချင်ရင် FMI က Jolly Bird ဂစ်တာ ဆိုင်မှာ ဟိုတစ်လောက တွေ့တယ်။ EMG-HZ pick up နဲ့ Gibson တော့ မဟုတ်ဘူး။ Epiphone ပါ ကိုရီးယား မိတ်ထင်တယ်။ 700 $ ကျော်ဆိုလားပဲ။ Epiphone လည်းမိုက်တာပဲ။

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Technorati tags:
    , , , , ,





    Related Posts

    • No Related Post

    Leave a Comment

    Name: (Required)

    E-mail: (Required)

    Website:

    My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

    Comment: