You Tube က ဗီဒီယိုကို download ဘယ်လိုလုပ်မလဲ


ကျွန်တော် အရင်က KeepVid လို youtube ဒေါင်းလုဒ် လုပ်လို့ ရမယ့် ဆိုဒ်တွေ မသိခင် ကတည်းက youtube က ဗီဒီယို သီချင်းတွေ ဒေါင်းလုဒ် လုပ်လို့ ရမယ့်နည်း ကျွန်တော် တွေ့ထား ခဲ့တာ တစ်ခု ရှိတယ်ဗျ။ အဲဒါ က ie နဲ့ပဲ လုပ်လို့ ရတယ်။ ကျန်တဲ့ browser တွေနဲ့တော့ မလုပ်တတ်ဘူး ခင်ဗျ။ ဒီလိုလေးပါ။ Tools menu က Internet Options ကို ဖွင့် လိုက်ပါ။ ပြီးရင် History က Days to keep pages in history ဆိုတဲ့ box မှာ 20 လောက် ရိုက်ထည့် လိုက်ပါ။ နောက် အပေါ်က Temporary Internet files ဆိုတဲ့ box က Settings ဆိုတဲ့ ခလုတ် ကို ကလစ် လုပ်ပါ။ ပြီးရင် အဲဒီက ပြထားတဲ့ Amount of disk space to use မှာ 1000 MB လောက် ပြောင်းရိုက် လိုက်ပါ။

ပြီးတော့ အပေါ်က check မှာ Every visit to the page ဆိုတဲ့ စာသား မှာ ကလစ် ထည့်လိုက်ပါ။ နောက် ok ကလစ် လုပ် လိုက်တော့။ နောက် တစ်ချက် ok ကို ကလစ် လုပ်ပါ။ လုပ်ထား တာတွေ effect ဖြစ်အောင် ie browser အကုန် ပိတ် လိုက်ပါ။ နောက် ie အသစ် ပြန်ခေါ်ပြီး youtube က ကိုဒေါင်း လုဒ်လုပ်ချင် တဲ့ ဗီဒီယို ကို ဆုံးအောင် ကြည့်ပါ။ သီချင်း တစ်ဝက် တစ်ပျက်မှာ ကွန်နက်ရှင် ကြောင့် ဖြစ်ဖြစ် တစ်ခုခု ကြောင့် ရပ်သွား ခဲ့ရင်တော့ အဲဒီနေရာ အထိပဲ ဒေါင်းလုပ် လုပ်လို့ ရပါ လိမ့်မယ်။ ကြည့်ပြီးရင် (ဗီဒီယို ပြီးသွားတာ သေချာရင်) တော့ Tools bar ကို ပြန်ဖွင့်ပါ။ နောက် အဲဒီထဲက Setting ဆိုတဲ့ button ကို နှိပ်ပါ။ နောက် box တစ်ခု ပေါ်လာတဲ့ ထဲက View Files ဆိုတာ ကို နှိပ်ပါ။ အဲဒီမှာ D:\Documents and Settings\ksw\Local Settings\Temporary Internet Files ဆိုတဲ့ explorer ပွင့်လာလိမ့်မယ် (explorer Address ကတော့ ကိုယ့်စက်ပေါ် မှုတည်ပြီး colum ကွဲပါ လိမ့်မယ်)။ ပြီးရင် View မှာ Detail ပြောင်းပါ။ နောက် ဘားပေါ်က size ကို ကလစ် လုပ်ပြီး ascend လုပ်ပြီး ကြီးစဉ် ငယ်လိုက် စီလိုက်ပါ။ အဲဒီမှာ ဖိုင် ဆိုဒ်ကြီးကြီး နဲ့ get video (များသော အားဖြင့် အဲဒီနာမည်) နဲ့ flv ဖိုင် တွေ့ရလိမ့်မယ်။ အဲဒီ ဖိုင် ကို copy လုပ်ပြီး ဖိုဒါ တစ်ခုထဲ paste လုပ် လိုက်ပါ။

နောက် ဖိုင်ကို convert လုပ်ဖို့ ImTOO ဆော့ဝဲ နဲ့ဖွင့်ပြီး File menu ထဲက Add ကို ကလစ် လုပ်ပါ။ ပေါ်လာရင် ခုဏ က ဗီဒီယို ဖိုင်ရှိတဲ့ နေရာကို ညွှန်းပါ အဲဒီ နေရာ ရောက်ရင် Supported Files ဆိုတဲ့ box ထဲက All Files(*.*) လုပ်ပြီး ဗီဒီယို ဖိုင်ကို Open လုပ်ပါ။ နောက် ကိုယ် လိုချင်တဲ့ video file အမျိုး အစားကို ပြောင်းလိုက်ပါ။ ဒါဆိုရင် youtube က ဗီဒီယိုတွေကို web site သုံးစရာမလိုဘဲ ဒေါင်းလုဒ် လုပ်လို့ရပါပြီ။ youtube အပြင် Grouper လို တခြား ဆိုဒ်တွေပါ ဒေါင်းလုပ် လုပ်လို့ရပါတယ်။ အဲဒီလို လုပ်လို့ မရတဲ့ ဆိုဒ်တွေ လည်းရှိ ပါတယ်။ ဥပမာ – Roadrunner Records လို ဆိုဒ်မျိုးကတော့ ဗီဒီယို ဖိုင်က .DAT ဖိုင် အနေနဲ့ Temp ထဲမှာတွေ့ ရတယ် အဲဒီဖိုင်ကို ဖွင့်ကြည့်လို့ မရဘူးဗျ။ နောက် convert လုပ်လို့လည်း မရပါဘူး။ ဒါပေမယ့် ဘာအရေးလဲ youtube ဒေါင်းလုဒ် လုပ်လို့ ရနေပြီပဲ။ ဟုတ်တယ် ဟုတ်။

Technorati tags:
, , , , , ,





Related Posts

  • No Related Post

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: