hit counter

Transformers ( 7.3.7 )


Transformers (2007)The most amazing bloopers are here

အရမ်းမိုက်တဲ့ ဇာတ်ကား အသစ် တစ်ကား ဟိုအရင်တနေ့ က ကြော်ငြာ ကြည့်လိုက် ရတယ်။ Metacafe မှာ ကြည့်လိုက်ရတာ။ ဇာတ်ကာနာမည်က Transformers တဲ့။ ရုံတင်မယ့်ရက်ကို ကြော်ငြာထဲမှာ ပြထားတာ 7.4.7 ပါတဲ့။ ဒါပေမယ့် တကယ့် official site သွားကြည့်လိုက်တော့ 7.3.7 ဖြစ်နေတယ်။ နောက်မှ ရက်ချိန်းလိုက်တာ ဖြစ်မယ်။ ဒီကားက အရင် ကျွန်တော် ငယ်ငယ်တုန်းက ကြည့်ခဲ့တာ ကာတွန်းကား ဂျပန်က ဆွဲထားတာ။ အရမ်းမိုက်တယ်။ အရင် အဲဒီ အရုပ်လေးတွေ ရောင်းတုန်းက တစ်ရုပ်ဝယ်ရင် ဗူးထဲမှာ အဲဒီ စက်ရုပ် ကာတွန်း vcd ခွေလေး တစ်ခွေပါတယ်။ အခု အဲဒီ ဂျပန်ကာတွန်းကို Hollywood ကနေ ရိုက်ထားတာ။ ကြော်ငြာ ကြည့်တာနဲ့တင်ကို ကြိုက်သွားတယ်။ ကြော်ငြာမှာ surround နဲ့ အသံက ရေလယ်မိုက်တယ်။ ဒါရိုက်တာက Michael Bay တဲ့။ Pearl Harbor ရိုက်တဲ့ ဒါရိုက်တာ။ Paramount နဲ့ Dream Works က Animation ဆွဲပြီး ပေါင်းထုတ်တာ။


ကြော်ငြာထဲက background music က Linkin Park ရဲ့ Minute To Midnight ထဲက What’ve I Done? သီချင်းနဲ့။ ဇာတ်ကား ထဲက စက်ရုပ် တွေက အရင် ကာတွန်းက စက်ရုပ်တွေနဲ့ မတူတော့ဘူး။ အရင် ကာတွန်းကို ဇာတ်ကား ကျောရိုးနဲ့ ဇာတ်ကောင် တွေရဲ့ ပုံစံလောက်ပဲ ယူဆွဲထားတာ။ ဒါပေမယ့် graphic ဆွဲထားတာ အ၇မ်းမိုက်တယ်။ စက်ရုပ်တွေက PS1, PS2 ဂိမ်းတွေက Front Mission ဂိမ်းထဲက စက်ရုပ်တွေ နဲ့ ပိုတူတယ်ဗျ။ ဒီမှာ ရုံတင်ဖို့ကတော့ ကြာဦးမယ်ထင်တယ်။ ဒါပေမယ့် နိုင်ငံခြားမှာ ပြရင် ဒီမှာ ရုံထဲမှာ ခိုးကူးထားတဲ့ ၀ါးတားတား အခွေတွေ တော့ ထွက်မှာပဲ။ ထွက်လည်း မကြည့်တော့ဘူး DVD အကြည်ထွက်မှပဲ ကြည့်တော့မယ်ဗျာ။

Technorati tags:
, , , , , , , , , , , , , , , ,



Related Posts

4 Comments so far »

  1. demo said,

    Wrote on June 29, 2007 @ 4:16 pm

    ဒီမှာတော့ မနေ့က 28 June မှာ ဒီ ကား တင်တယ်.. မကြည့်ရသေးဘူး.. လိုက်မလား မောင်တေဇာလေး.. =)

  2. demo said,

    Wrote on July 1, 2007 @ 4:49 pm

    တေဇာရေ.. မနေ့ညက ဒီကားကို Midnighy show သွားကြည့်လိုက်တယ်.. လာကြည့်တဲ့သူတွေတော်တော်များတယ်..Effects တွေက တော်တော်မိုက်တယ်.. DVD ထွက်ရင် ကြည့်ဖြစ်အောင်ကြည့်.. =) နောက်တစ်ပတ်တော့ Die Hard 4.0 သွားကြည့်မယ်ကွယ်..

  3. tayzar said,

    Wrote on July 1, 2007 @ 7:28 pm

    အမ ကြည့်ပီးပီ ပေါ့ မိုက်ရင် ဒီရောက်ရင် သွားကြည့်ရမယ်…. ဒီက ရုံတွေက မှောင်ခိုလက်မှတ်မမိအောင် စောစောသွားတိုးရမယ် Die Hard လည်း ဂွတ် ရင်ပြောဦး အမ =D

  4. Transformers ~ Revenge Of The Fallen | My Burmese Blog said,

    Wrote on June 18, 2009 @ 12:07 am

    [...] Revenge Of The Fallen ကို အရင် 2007 Transformers မှာ ထွက်ခဲ့တဲ့ အတိုင်း [...]

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: