USB device တွေကို ကွန်ပျူတာ ကနေ ဒီအတိုင်း ဆွဲဖြုတ် သင့်သလား


ကျွန်တော်တို့တွေ ကွန်ပျူတာမှာ thumb drive ဖြစ်ဖြစ် အခြား USB device တွေ တပ်ပြီး ဖြုတ်တဲ့ အခါမှာ အလွယ်ပဲ ဆွဲဖြုတ် ကြပါတယ်။ ဒါဟာ Safety Remove Hardware ကနေ စနစ်တကျ ဖြုတ်တာ မဟုတ်လို့ အန္တရာယ် ရှိတယ်လို့ ထင်ရပါတယ်။ ဟုတ်ပါတယ် အန္တရာယ် ရှိပါတယ။် ဘယ်အခါမှာလဲ ဆိုတော့ စက်က တင်ထားတဲ့ OS က Windows XP မပေါ်ခင်က OS တွေဆိုရင် အန္တရာယ် ရှိပါတယ်။ အရင် XP မပေါ်ခင်က Safety Remove Hardware ကနေ စနစ်တကျ မဖြုတ်ရင် အဲဒီ device ပျက်ဆီး သွားနိုင် ပါတယ်။

Microsoft က အဲဒီ ပြသနာကို ဖြေရှင်းတဲ့ အနေနဲ့ Windows XP ထုတ်တဲ့ အခါမှာ USB device တွေ စိတ်ချလက်ချ ဖြုတ်လို့ ရအောင် စီစဉ် ပေးထား ပါတယ်။ Windows XP ထုတ်ပြီး နောက်ပိုင်း ထုတ်တဲ့ Vista လို OS တွေမှာ အကုန် စိတ်ချ လက်ချ ဖြုတ်လို့ရပါတယ်။ Windows 98 ဒါမှ မဟုတ် Me လို ဟာမျိုးမှာ တော့ Safety Remove Hardware ကို သုံးပြီးမှသာ ဖြုတ်ရ ပါလိမ့်မယ်။

တခြား သတိထား စရာကတော့ ကျွန်တော်တို့ cyber cafe` လို ဆိုင်တွေမှာ သုံးရင် USB device တပ်မယ်ဆိုရင် စိတ်အချရဆုံးက စက်ရှေ့က USB ပေါက်မှာ မတပ်ဘဲ နောက်ဘက်က mother board မှာ bulit-in ပါတဲ့ USB port မှာ ပဲတပ်ပါ ခင်ဗျား။ တခါတရံ စက်တွေက ဆင်တဲ့ အခါမှာ အရှေ့ ပေါက် USB ဆင်တုန်းက ကြိုးမှားတပ်ထားခဲ့ရင် ကိုယ် drive လေးတပ်လိုက်ရင် ကြွသွားပါလိမ့်မယ်။ ဒါကြောင့် သေချာအောင် built-in USB port မှာ ပဲတပ်သင့်ပါတယ်။ ကျွန်တော်ကတော့ drive တပ်ရင် အရှေ့ကပဲတပ်ပြီး ဖြုတ်ရင်လဲ တခါထဲဆွဲ ဖြုတ်ပါတယ်။ အပျင်းကြီး လို့ပါ။ ဟဲဟဲ သဗ္ဗေ usb ကံမသကာ ပေါ့ဗျာ။

Technorati tags:
, , , , , , , , , , ,





Related Posts

  • No Related Post

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: