လူပုဂ္ဂိုလ်တွေ အရိုးပြာက စေတီ တည်ထိုက်သလား
ဟိုတနေ့က ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရတယ် ဘုရား၊ စေတီမှာ ဌာပနာထည့်တာမှာ ပိဋကတ်ကျမ်းတွေထဲမှာ မြတ်စွာဘုရား၊ ရဟ္တန္တာ၊ ပစ္စေကဗုဒ္ဓါ၊ နှင့် စက္ကြာဝတေးမင်းတို့ရဲ့ အရိုးတော်ပြာကိုသာ ဘုရား၊ စေတီ တည်ထိုက်တယ်လို့ ရေးထားတာပါလို့ ရေးထားတာ တွေ့လိုက်တယ်။ ဟုတ်တယ် ကျွန်တော်လည်း အဲဒါ ကိစ္စကို အစကတည်းက ဘ၀င်မကျဖြစ်နေတာနဲ့။ ဒွေး ရဲ့ အရိုးပြာကို လွမ်းစေတီ တည်မယ်ဆိုတာကို ကြားကတည်းက စိတ်ထဲမှာ တမျိုးဖြစ်နေတာ။ လူပုဂ္ဂိုလ်တွေ ရဲ့ အရိုးပြာကို စေတီတည်ထိုက် သလားလို့ သိချင်နေတာ။
ကျွန်တော် ဖတ်ဖူးတဲ့ ဘုရားစာအုပ်ထဲမှာ လူပုဂ္ဂိုလ်ရဲ့ အရိုးပြာကို စေတီ တည်တာဆိုလို့ မြတ်စွာဘုရား တရားဟောလိုက်လို့ ရဟ္တန္တာ ဖြစ်ပြီး သက္ကန်းရှာမရခင် ပရိနိဗ္ဗာန်ပြုခဲ့တဲ့ လူဝတ် ရဟ္တန္တာ တွေရဲ့ အရိုးကိုပဲ စေတီ တည်တာ ကြားဖူးပါတယ်။ ပြီးတော့ ဒွေး အရိုးပြာကို စေတီ တည်တယ် ထားပါတော့ ကျွန်တော်တို့တွေက အဲဒီ စေတီကို ဘယ်လို အာရုံပြု ကတော့ ရမလဲ။ ပြီးတော့ အဲဒီ စေတီ ကို ရဟန်း သံဃာတွေ ရှိခိုး သင့်သလား။ ရဟန်း သံဃာတွေ ထဲမှာ သောတပန်တွေ ရဟ္တန္တာတွေ မပါနိုင်ဘူးလား။ နောက် ဒီလိုသာ လူပုဂ္ဂိုလ်တွေ စေတီ တည်ကြမယ်ဆိုရင် နောင်ဆို နာမည် ကျော်ကြားတဲ့သူတွေ ချမ်းသာတဲ့သူတွေ က သူတို့ အရိုးပြာ ကို အပြိုင်အဆိုင် စေတီတွေ တည်ကုန်ကြရင် မခက်လား။ ပြီးတော့ ဒွေးက လူတွေ ရဟန်း သံဃာ တွေ ရှိခိုး လောက်တဲ့ ဆောင်ရွက်ချက်တွေ ရှိခဲ့လား။ ကျွန်တော်ကြားဖူးတာ ပုဂံခေတ်က မုဆိုးမတောင် ဘုရား တည်နိုင်တယ် လို့ပဲကြားဖူးတယ်။ မုဆိုးမ အရိုးပြာကို ဘုရား တည်တယ်လို့တော့ မကြားခဲ့ဖူးပါဘူး ခင်ဗျား။ ဒီပို့စ်က ဘာကိုမှ မရည်ရွယ်ပဲ ကျွန်တော် အမြင်သတ်သတ်ကို ရေးထားခြင်းပါ ခင်ဗျား။ ဒွေး အတွက် အမှတ်တရ ပုံတူ ရုပ်ထု လုပ်မယ် လို့လည်း ကြားပါတယ်။ဒွေး အရိုးပြာကို လွမ်းစေတီ တည်ဖြစ် မတည်ဖြစ်လည်း ဂျာနယ်တွေ မဖတ်ဖြစ်လို့ သတင်း အသေအချာ မသိပါ ခင်ဗျား။

NayNay said,
Wrote on August 17, 2007 @ 3:23 pm
နေနေလည်း tayzar တွေးသလိုပဲတွေးမိပါတယ်…
Like or Dislike:
0
0
ရတ်မန် said,
Wrote on August 17, 2007 @ 9:16 pm
ှမှန်ပါတယ်ဗျာ လူဝတ်ကြောင် တစ်ယောက်ရဲ့ အရိုးပြာ ကိုစေတီ မတည်ထိုက်ပါဘူး။
Like or Dislike:
0
0
Anonymous said,
Wrote on August 18, 2007 @ 3:00 pm
ဟုတ်တယ်…. ကိုယ်လည်းတွေးမိတယ်… စေတီတည်တယ်ဆိုတာရော..
ဘုန်းကြီးက ငိုတယ်ဆိုတာရော..
သိပ်တော့ ဘ၀င်မကျလှဘူး။
tzm
Like or Dislike:
0
0
tayzar said,
Wrote on August 21, 2007 @ 9:07 pm
နေနေ၊ ကိုရက်မွန်၊ ကိုtzm ဟုတ်တယ်ဗျ ကျွန်တော်လည်း ကျွန်တော် အဲဒါကို ဘ၀င်မကျတာနဲ့ ရေးဖြစ်တာပါ။
Like or Dislike:
0
0
thamudayanwe said,
Wrote on August 22, 2007 @ 7:36 pm
အမလေးပျော်လိုက်တာ..ဘယ်သူမှမဝေဖန်ဘူးလားလို့
အဲဒါဘုန်းကြီးရူးနဲ့လှေရူးတွေ့နေတာ
အခုခေတ်ကဘုန်းကြီးတွေတောင်မကောင်းတာအများကြီး
သာမန်လူသားလဲဖြစ်.ဘာမှလဲမလုပ်ခဲ့ဘူးတဲ့လူတယောက်ရဲ့
အရိုးပြာအိုးကို..ဘုရားတည်တာ..ဘယ်လိုလူတွေကကန်တော့
ကြမှာလဲ..ကျတော်က၀ါဝါမြင်တာတောင်သိက္ခာမရှိသမာဓိမရှိရင်
ဦးချချင်သူမဟုတ်တော့ရေလည်ရှုပ်ချချင်တာ..
အခုမှပဲတွေ့တော့တယ်.ဒီwebsiteမှာလာပြောရတာ..
အားရလိုက်တာ…
သိအောင်ပြောသင့်တယ်..
ဘာလဲ..ဘာမို့လို့ လဲ..
ဘုရားတည်တာပိုက်ဆံရှိတိုင်းကောက်တည်နေကြပြီလား..
အဓိပါယ်မရှိတာ..တွေးကြည့်ကြပါ..တခြားလုပ်စရာနည်းတွေနဲ့
အမှတ်တရစိုက်ပါမပြောပါဘူး..ဘာဖြစ်လို့ဘုရားတည်ချင်ရတာလဲ
တည်နေပြီဂျာနယ်မှာဖတ်လိုက်ရတယ်..
စိတ်တိုဖို့ကောင်းတယ်..တော်ယုံပေါ့..ဘုရားတည်ရလောက်အောင်..
ဘာမို့လို့လဲ..အရူးတွေ..
ဘုန်းကြီးရူးနဲ့လှေရူးတွေ..
သာသနာကိုပျက်အောင်ဖျက်နေကြတဲ့သူတွေ.
Like or Dislike:
0
0
ခင်မင်းဇော် said,
Wrote on August 27, 2007 @ 12:12 am
ဟုတ်ပ။ ကိုယ်နဲ့ အတွေးတူသူတွေ တွေ့လို့ ၀မ်းသာသွားတယ်။
Like or Dislike:
0
0
နှစ်ကူး said,
Wrote on August 28, 2007 @ 3:26 pm
မှန်လိုက်တာ… လွမ်းစေတီတည်မယ် ဆိုတည်းက သိပ်ဘ၀င်မကျဖူးးး။ အနုပညာဘက်မှာ ထူးချွန်ရုံလောက်နဲ့တော့… အင်းးး… မဖြစ်သင့်ဖူး။ ဗုဒ္ဓဘာသာကို ကဲ့ရဲ့စရာတွေဖြစ်ကုန်တော့မှာပဲ။
သားကို ” သခင် “
လင်ကို ” ဘုရား ” ဆိုတဲ့ ဆိုရိုးစကားကို အဓိပ္ပါယ်လွဲနေပုံပဲ။
Like or Dislike:
0
0