Cheat In Exams Using Adhesive Tapes
ကျွန်တော် အမြဲဖတ်နေကျ ဘလော့ခ်ဂါ Vincent Chow က Cheat in Exams ဆိုပြီး ဆဲလူလို့စ် တိပ် (Cellulose) နဲ့ စာခိုးချနည်းကို ရေးသွားပါတယ်။ အဲဒီ နည်းက သူတို့ဆီမှာသာ အသစ်အဆန်း trick ဖြစ်နေတာ ကျွန်တော်တို့ နိုင်ငံက ကျောင်းသားတွေ အားလုံးသိတဲ့ မထူးဆန်းတဲ့နည်း ဖြစ်နေတာဗျ။ သူတို့ဆီက စာခိုးချတဲ့သူကနည်းတော့ နည်းက အသစ်အဆန်းဖြစ်နေပုံရတယ်။ သူတို့ မသိသေးတဲ့ နည်းတွေ အများကြီး ကျွန်တော်တို့ နိုင်ငံမှာ ရှိသေးတာသိပုံမရဘူး။ ဒီမှာက ပုဆိုးမှာ အိပ်ကပ် ထည့်ချုပ်တာတို့၊ နောက် ဘာဂျာခေါက်တဲ့နည်းတို့၊ ပေါ့ကပ် စာအုပ်တွေတို့ အစုံလုပ်နေကြတာဗျ။ သူတို့ စာခိုးနည်း ကျမ်းပြုချင်ရင် လာခဲ့လို့ရတယ် =) ။ ကျွန်တော် ဆယ်တန်း ဖြေတုန်းက နယ်မှာ ဆို စာမေးပွဲ နီးလာတော့ ကျေင်းသားတွေ ပေါ့ကပ်စာအုပ်တွေ ၀ယ်တယ် နောက် အားနေ ဘာဂျာခေါက်ကြတော့တာပဲ တချို့ နှစ်ကြီးသမားတွေဆို တစ်အိမ်လုံး ပေါ့ကပ် ၀ိုင်းခေါက်ပေးရတယ် ဆိုပဲ။ ခေါက်တာမှာ နဲနဲမဟုတ်ဘူး တစ်ဘာသာကို သုံးစုံ၊ လေးစုံလောက်ကို ၀ယ်ခေါက်ကြတာ။ တစ်ခုမိရင် နောက်တစ်ခု ထုတ်ရအောင်လို့တဲ့။
စာမေးပွဲဖြေတော့ ဆရာတွေ ဆရာမတွေက လည်း အသားကုန်ရှာတယ်ဗျ။ စာမေးပွဲဖြေဖို့ ကော်ရစ်တာမှာလည်း စစ်တယ်။ အခန်းဝမှာလည်းစစ်တယ်။ ဖြေနေတုန်းလည်း တောက်လျှောက်စစ်ကြတာ။ ဖြေနေတုန်းဆို ၁၅ မိနစ်တစ်ခါလောက် ဆရာမတစ်ယောက်က ကော်ရစ်တာမှာ ပီနံအိပ်ကြီး နဲ့ တရွှတ်တိုက် မိထားတဲ့ ပေါ့ကပ် ဘာဂျာတွေ အိပ်အပြည့်နည့် အခန်းတွေရှေ့က ဖြတ်သွားရင် အခန်းထဲက ဆရာမတွေက သူတို့ မိထားတဲ့ စာရွက်တွေ ထည့်ကြနဲ့ အိပ်တွေကို အများကြီးရတာ။ ကျွန်တော်တော့ တစ်ခါမှ အဲဒီလို စာမခိုးချဘူးဘူးဗျ သူများဆီက ကပ်တိုးလေး ကြည့်တာပဲရှိပါတယ် =) ။ ခိုးတော့မချခဲ့ဘူး။ ကျွန်ေတာ့် စိတ်ကတမျိုးဗျ စာမရရင် အကျသာခံလိုက်မယ် အဲဒီလိုတော့ ခိုးမချပါဘူး။ စိတ်ထဲမှာ စာလည်းခိုးရင်း လူမိမှာလည်းကြောက်နေရမယ့် စိတ်လှုပ်ရှားနေရမယ့် အရသာမျိုးကို ကျွန်တော် မကြိုက်ဘူးဗျ။ စာမရရင် ဘေးနားက လူဆီက စာမေးတာဖြစ်ဖြစ် မျက်လုံးလေးဝေ့ပြီး ကြည့်တာတို့ပဲလုပ်တယ်။ အဲဒီလောက်တော့ ဆရာတွေက မိရင်လည်း သတိပေးတာလောက် ပါပဲရှိပါတယ်။ စာရွက်တွေနဲ့ခိုးလို့ မိရင်တော့ ဘယ်လောက်ရရ ချတာပဲဗျ။ အသက်မွေးဝမ်းကျောင်းပညာ တကယ်မတတ်ရင်တော့ အသက် မွေးဝမ်းကျောင်းတဲ့ အခါမှာ ဒုက္ခရောက်မယ်လို့ ထင်ပါတယ်။ကဲ အခုတော့ Cellulose tape နဲ့ စာခိုးချတဲ့နည်း ရေးကြည့်မယ်နော်။ ဒီပို့စ်ရေးတာ စာခိုးချဖို့ အထောက်အကူပြု ရေးတာတော့ မဟုတ်ပါဘူး။ သိပြီးသားနည်းပါပဲ။ မသိသေးတဲ့သူတွေ ဗဟုသုတ ရနိုင်အောင် ရေးပါတယ်။
၁။ ။ စာမေးပွဲမှာ ဖြေမယ့် ဘာသာရပ်ကို ကွန်ပျူတာနဲ့ စာရိုက်ထားပါ။
၂။ ။ font ဆိုဒ်ကို 6 လောက်ထားပါ။
၎။ ။ Print ထုတ်ထားတဲ့ မှတ်စုတွေကို “toner based” မိတ္တူကူးစက်နဲ့ နောက်တစ်ခေါက် ပြန်ကူးပါ။
၅။ ။ အကြည်ရောင် ဆဲလူလို့စ် တိပ် (Transparent Cellulose Tape) နဲ့ မှတ်စုစာရွက်ရဲ့ စာမျက်နှာပြင်ပေါ်ကပ်ပါ။
၆။ ။ ပြီးရင် တိပ်ကပ်ထားတဲ့ မှတ်စုစာရွက်ကို စာပိုဒ်အလိုက် ကပ်ကြေးနဲ့ ဖြတ်ထုတ်ပစ်ပါ။
၇။ ။ ပြီးရင် ဖြတ်ထားတဲ့ မှတ်စုစာရွက်ကို ရေအေးထဲမှာ စိမ်ပါ။
၈။ ။ မိနစ် အနည်းငယ်ကြာတဲ့အခါ ရေစိမ်ထားတဲ့ မှတ်စုက စက္ကူတွေကို ဂရုတစိုက် လက်နဲ့ ပွတ်ခွာပါ။
၉။ ။ စက္ကူတွေ ပြောင်သွားခဲ့ရင်တော့ Cellulose tape ပေါ်မှာ စောစောက စက္ကူက မှတ်စုစာလုံးတွေ ကပ်ကျန်နေခဲ့တာကို တွေ့ရမှာပါ။
၁၀။ ။ tape ကို အခြောက်လှမ်းပါ။ တိပ်က ကော်တွေ ပြန်ပြီး နဂိုအတိုင်း စေးကပ်လာပါလိမ့်မယ်။
၁၁။ ။ အခန်းစောင့် ဆရာ၊ ဆရာမ က မျက်မှန် အထူကြီးမျိုးတပ်တဲ့ ဆရာမမျိုးဆိုရင်တော့ ဒီတိပ်ကို မေးခွန်းစာရွက်ပေါ်မှာပဲ ပိပိရိရိ ကပ်လိုက်ပေါ့။
၁၂။ ။ ဒါမှမဟုတ် ဘောပင်မှာ ကပ်ထားမယ်။
၁၃။ ။ ဖျော်ရည်တွေ ဘာတွေ သောက်ခွင့် ပေးထားမယ်ဆိုရင် ဘူးပေါ်မှာ ကပ်ထားလည်းဖြစ်တာပဲ။ 
တခုရှိတာက ဒီ cellulose tape တွေက တစောင်းအနေလောက်က ကြည့်ရင် အရောင်ပြန်တတ်တဲ့ သဘောရှိပါတယ်။



Anonymous said,
Wrote on August 25, 2007 @ 10:34 pm
Tayzar..,
U pyaw loe I phat p thyar pi.Taw taw kaung tar pae.Tat kal par.Collection ar lae kaung tal..Dar kyaung taw tal loe pyaw tar.Pyaw tot lae ma kyit bu..Hae hae..a pyin mhar tot aye tha lo nae tat kal tot ma aye bu naw..pu tal…
your friend,
honey
Like or Dislike:
0
0
သန့်ဇော်မင်း said,
Wrote on August 26, 2007 @ 11:07 am
ပူရင်.. သိပ်ကြာကြာမကိုင်နဲ့နော်..
တေဇာရေ.. စနစ်တကျကိုရှင်းပြထားတာပါလား… ကောင်းပ. နာတို့ ကျောင်းတက်တုန်းက ဘာလို့ အဲ့လို မပြောတာတုန်း.. ခုမှပြောတယ်..
Like or Dislike:
0
0
Yan said,
Wrote on September 2, 2007 @ 10:27 am
မိုက်တယ်ဗျာ. လေးစားတယ်…
Helpdesk မှာတင်ဦးမယ်. ဟတ်ဟတ်ဟတ်
Like or Dislike:
0
0
madyjune said,
Wrote on September 3, 2007 @ 6:55 pm
မဒီလဲ စာမေးပွဲမှာ ပထမနှစ်ဖြေတုန်းကပဲ ခိုးချဖူးတယ်။ ဒါကလဲ အပြင်ကျောင်းမှာ ဖြေရတော့ ထုံးစံအတိုင်း ပိုက်ဆံပေးပြီး အားလုံးကလုပ်နေကြတော့ ကိုယ်လဲ မဖြေနိုင်တာနဲ့ လုပ်လိုက်တာ။ သူများတွေက ခိုးချတက်တော့ မသိမသာလုပ်ကြပေမယ့် မဒီကတော့ မလုပ်တတ်တော့ စာအုပ်ကြီးကို ဒီတိုင်းတင်ပြီး ကူးနေလိုက်တယ်
ဆရာမကတော့ ဒီကောင်မလေး ခိုးချတာလဲ ပိပိရိရိမရှိဘူးဆိုပြီး လှမ်းကြည့်သေးတယ်။
Like or Dislike:
0
0
tayzar said,
Wrote on September 4, 2007 @ 3:49 pm
နောက်ထပ် ခိုးနည်း အသစ်ရရင်တင်ပေးပါဦးမယ်ဗျာ။ တော်ကြာဖော်ကောင်လုပ်တယ်ဆိုပြီး ကျောင်းသားတွေလိုက်ရိုက်မှာလည်း စိုးရသေးတယ်။ =)
Like or Dislike:
0
0