MBS Logo

Myanmar Blogger Society အတွက် logo လေး ကျွန်တော်တတ်သလောက် ဆွဲထားပါတယ်။ ဝေဖန်ပေးပါဦး။
MBS ဆိုတဲ့ စာလုံးလေးသုံးလုံးကို မညီညာတဲ့ frame လေး ၃ ခု နဲ့ လုပ်ထားတာက ကျွန်တော်တို့ မြန်မာဘလော့ခ်ဂါတွေက မတူညီတဲ့ အရပ်ဒေသတွေ၊ ခြားနားတဲ့ အသက်အရွယ်တွေ၊ ကွဲပြားတဲ့ အမြင်တွေ ရှိကြပေမယ့် အတူတကွ ကျွန်းကို ကိုင်းမှီ၊ ကိုင်းကို ကျွန်းမှီ စည်းစည်းလုံးလုံး ရှိကြတယ်ဆိုတာကို ရည်ရွယ်ပါတယ်။ M လေးရဲ့ အပြာရောင်လေးက မြန်မာဘလော့ခ်ဂါတွေ အေးချမ်းစွာ ပေါင်းစည်းမှုကို ဆိုလိုပါတယ်။ B ဆိုတဲ့ အစိမ်းရောင်လေးက ကျွန်တော်တို့ဟာ အဖွဲအစည်းဟာ ပရဟိတ အတွက် ရည်ရွှယ်ပါတယ်လို့ ဆိုလိုတာပါ။ S ဆိုတဲ့ အနီရောင်လေးကတော့ ကျွန်တော်တို့က ရဲရင့်ပြီး နိုင်ငံကို အမိနိုင်ငံကို ချစ်မြတ်နိုးတဲ့ အဓိပါယ်ကို ဆိုလိုပါတယ်။
Logo နှင့် ဆောင်ပုဒ် ရွေးချယ်မှု အစီအစဉ်ကို ကိုနေဘုန်းလတ် ဘလော့ခ်မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။

hninhnin said,
Wrote on August 11, 2007 @ 8:01 pm
ကိုဘလင့် လိုဂို design ကောင်းတယ်။ အရွေးချ.်ခံရစေဖို့ ဆုတောင်းပေးတယ်နော်။
Like or Dislike:
0
0
ညလေး said,
Wrote on August 12, 2007 @ 7:17 pm
ဘလင့် အပြာက နာ့ဆီမှာ မရမ်းရောင်ဖြစ်နေပြီး အနီက လိမ္မော်ရောင်ဖြစ်နေတယ်
Like or Dislike:
0
0
tayzar said,
Wrote on August 15, 2007 @ 8:11 pm
သိုးမလေးရေ ကျွန်တော်လျှောက်ဆွဲထားတာဗျ ရမှာ မဟုတ်ဘူး အမ ညလေး အေ၇ာင်တွေ ပြောင်းနေတယ်လား ဟုတ်ချင် ဟုတ်မှာ ကျွန်တော် အိမ်က ဂရပ်ဖစ်ကတ်က နိမ့်တဲ့ အပြင် စုတ်တာက ပိုသေးတယ်ဗျ အရောင်အမှန် မပြဘူး =(
Like or Dislike:
0
0