ဝဋ်လည်ခြင်း
ဟိုတစ်နေ့က Rush Hour 3 ရုပ်ရှင် သွားကြည့်တုန်းကပေါ့ ရုပ်ရှင်ပြီးခါနီးလောက်မှာ ကျွန်တော်တို့ခုံ အနောက်ဘက် အတန်းက စုံတွဲ ဆီက ဖုန်းလာသံ ကြားရတယ်။ အတွဲထဲက ကောင်မလေးရဲ့ဖုန်း သူပြောနေတာက “အမေလား ………………. သမီး ကျူရှင်မှာ အမေ…. ဟုတ်…..” တဲ့ ပြန်ဖြေနေတာကြားရတယ်။ သူက ရှက်လို့ထင်ပါတယ် တိုးတိုးလေးပြန်ဖြေနေတာ ဒါပေမယ့် ဘာရမလဲ ကျွန်တော်တို့တွေက နားအရမ်းကောင်းတာ အကုန်ကြားနေရတယ်။ ဟဲ ဟဲ ရယ်ချင်တာ အသည်းယားနေတာပဲ။ ရယ်တော့ မရယ်ခဲ့ပါဘူး။ ရုပ်ရှင်လည်းပြီးရော ကျွန်တော်ရယ် ကျွန်တော်ဆရာရယ် ကျွန်တော့် သူငယ်ချင်းရယ် ရုံထဲက ထွက်လာတော့ ခုဏကကောင်မလေး အကြောင်းပြောပြီး အသားကုန် ရယ်ကြတော့တာပဲ။ သမီးကလေ ကျူရှင်မှာ မာမီရဲ့ ဘာညာနဲ့ ပြောပြီးရယ်ကြတာ။ လှေကားဆင်းတော့လည်း ရယ်လို့ မဆုံးသေးဘူး။ ကျူရှင်က ဂျက်ကီချမ်းကိုတိုင်လာသင်တာ အမေရဲ့ ဘာညာနဲ့ သူများသားသမီးကို အသားကုန်ပြောင်လာလိုက်တာ ရုံအပြင် ဆူးလေလမ်းမပေါ်ရောက်ရော ကျွန်တော့် ညီမ၀မ်းကွဲကို တွေ့လိုက်တယ် အဲဒါနဲ့ သွားနှုတ်ဆက်တာ။ “ညီမလေး ဘယ်ကလာတာလဲလို့” မေးလိုက်တာ။ ညီမကဖြေတယ။် ” အခုပဲ ကျူရှင်က ပြန်လာတာတဲ့…..” ။ အဖြစ်က တစ်မျက်နှာ ၀တ္တုတွေထဲက အတိုင်းပဲ။ ၀ဋ်ဆိုတာကြီးက ချက်ချင်းကို လည်တော့တာပဲ =) ။ ။

hninhnin said,
Wrote on September 9, 2007 @ 8:13 pm
ကိုဘလင့်ရေ… သိုးလေးကတော့ အဲဒီ ၀ဋ် ဆိုတာကြီးကို အရာအားလုံးထဲမှာ အကြောက်ဆုံး။ တကယ်မှန်ပါတယ် ၀ဋ်ဆိုတာ မဆိုင်းမတွ လည်တတ်ပါတယ်။
Like or Dislike:
0
0
tayzar said,
Wrote on September 10, 2007 @ 8:38 pm
သိုးမလေးက ၀ဋ်လည်ဘူးလို့လား =)
Like or Dislike:
0
0
Myo Kyaw Htun said,
Wrote on September 11, 2007 @ 2:11 pm
teacher ဂျက်ကီချမ်း
Like or Dislike:
0
0
Layma said,
Wrote on September 14, 2007 @ 2:37 pm
ဇီးကွက် ၀ဋ်လည်ခြင်းပေါ့…
Like or Dislike:
0
0
tayzar said,
Wrote on September 14, 2007 @ 2:47 pm
ဟတ် ဟတ် တီချာ ဂျက်ကီချမ်းပါ။ ဘာဟေ့ ဘာ ဇီးကွက်လဲ လေးမန်းရဲ့ =P
Like or Dislike:
0
0