Is that True?
ဒီလထုတ် Computer Magazine မှာ ပါတဲ့ အင်တာဗျူးကို စိတ်ဝင်စားလို့ ပြန်တင်ထားပါတယ်။ အဲဒီဆိုဒ်ကတာဝန်ရှိတဲ့သူက အင်တာဗျူးဆရာကို ပြန်မေးတယ် မြန်မာပြည်မှာ လူကြည့်အများဆုံးဆိုဒ်ကို သိလားတဲ့။ အင်တာဗျူးဆရာက Planet လို့ထင်တာပဲလို့ဖြေတယ်။ သူ့တို့ဆိုဒ် www.myanmargoal.com က တစ်လကို ကြည့်တဲ့ hit က သုံးသန်းကျော်ပါတယ်တဲ့။ တစ်လကို သုံးသန်းကျော်ဆိုတာ နဲနဲနောနော မဟုတ်ပါဘူး။ ဒီဆိုဒ်က နိုင်ငံတကာက ဘောလုံးပွဲသတင်းတွေကို မြန်မာလိုေ၇းထားတဲ့ဆိုဒ်ပါ။ ဒါကြောင့် နိုင်ငံခြားသားတွေတော့ ကြည့်မယ်မထင်ဘူး။ မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုသူ အရေအတွက် နောက် မြန်မာနိုင်ငံ ပြင်ပက မြန်မာနိုင်ငံသား အရေအတွက်တွေနဲ့ ပေါင်းကြည့်ရင်တောင် ဒီ သုံးသန်းကျော် hit က အံသြဖို့ အတော်ကောင်းပါတယ်။ တစ်လကို သုံးသန်းထားပါ ပြီးရင် ၃၀ နဲ့ စားကြည့်ရင် ၁ သိန်းကျော် တစ်နေ့ကို hit ပျမ်းမျှ ၁ သိန်းနီးပါးရတဲ့ ဆိုဒ်ပေါ့။ =D ကျွန်တော်က အဲဒီဆိုဒ်ကို မ၀င်ဖြစ်တော့ ဟုတ်မဟုတ်မသိပါဘူး။ ကျွန်တော်က အင်တာနက်ကို cafe ကနေ သုံးပါတယ်။ ဘေးနားက စက်တွေကြည့်တိုင်း www.myanmargoal.com ကို ဖွင့်ကြည့်နေတဲ့သူ တစ်ခါမှ မတွေ့မိသေးပါဘူး။ ကြည့်သူအများစုက နိုင်ငံခြား ဘောလုံးဆိုဒ်ကိုပဲကြည့်ကြတာများပါတယ်။ မိတ်ဆွေတို့ ကြော်ငြာထည့်ဖို့ စဉ်းစားရင် အဲဒီလို hit မျိုးရတဲ့ဆိုဒ်မှာ ထည့်ဖို့စဉ်းစားသင့်ပါတယ်။ =)
Technorati Tags: myanmargoal, goal, football, myanmar news, myanmar web site, most hits myanmar web site, planet.com.mm




May said,
Wrote on September 22, 2007 @ 9:38 am
Har har har !
Very Funny. Myanmar goal is very slow site.Information also not update Impossible.
So Funny .
လမင်း said,
Wrote on August 19, 2008 @ 2:40 am
That is ture , i see this site all day and may be 3 tiems per day
Htoo Tay Zar said,
Wrote on August 19, 2008 @ 1:59 pm
လမင်း @ Yes, It may be true for you.. but I’ve a question.. Do you think there’s 3 million readers will read that site like those Myanmar font use site (I already wrote in post) ? You can go to every Internet cafe in Yangon and search how many readers looking at MyanmarGoal.. that’s will be true.
kyawswarlin said,
Wrote on August 27, 2008 @ 12:06 pm
Thank your web
I don’t know how to regist in your web.and then on your web some burmese letter are wrong so i can’ t read the letters on your web. I think you should do better now.