hit counter
Technorati
ကျွန်တော်တို့ ဘလော့ခ်တွေမှာ ပို့စ်ရေးပြီးရင် အကြောင်းအရာတူတွေကို စုဖို့အတွက် အောက်မှာ labels ဆိုတာလေးပါ ပါတယ်။ ဒီ labels မှာ ပို့စ်ရဲ့ အဓိက အကြောင်းအရာကို မှတ်သားထားပြီးတူရာစုတာပါ။ ဒါပေမယ့် ကိုယ့်ပို့စ်က အကြောင်းအရာများမယ် ဆိုပါစို့ ကိုယ်ရဲ့ ပို့စ်က Vista အကြောင်းရေးမယ်ဆိုပါတော့ အဲဒါကို label တပ်ရင် Vista, Windows OS, Microsoft စသည်ဖြင့် label တွေ တပ်လို့ရပေမယ့် Vista တို့ တပ်ထားမယ် ဒါပေမယ့် ကိုယ်က Vista အကြောင်းနောက်ထပ်ရေးဖြစ်မှာ မဟုတ်လောက်တော့ဘူး ဒါမျိုး နောက်မရေးဖြစ်တော့မယ့် အကြောင်းအရာ label တွေနဲ့ ပို့စ်တွေများလာရင် ကြာကိုယ့်ဘလောခ့်မှာ label တွေ ဖောင်းပွလာမှာပါ။ ဒါကို ဘယ်လိုဖြေရှင်းမလဲ ကိုယ်ကနောက်ပြန်ရှာရလည်းလွယ်ချင်တယ် ဆိုပါတော့။ ဒီအတွက် ဆိုဒ်တစ်ခုက ၀န်ဆောင်မှုပေးပါတယ်။အဲဒါက Technorati ဆိုတဲ့ ဆိုဒ်ပါ။
Technorati ဆိုတာ blog တွေ အတွက် သီးသန့် Search Engine ဖြစ်ပါတယ်။ ဒီဆိုဒ်ဟာ လူသုံးအများဆုံး blog search ဆိုဒ်တစ်ခုပါ။ သူက open source စနစ်ကို ကျင့်သုံးပါတယ်။ နောက်သူ့မှာက ပို့စ်တွေကို ကိုယ့်စိတ်ကြိုက် label (tag) တွေ ပေးပြီး သူ့ဆိုဒ်နဲ့ link ချိတ်ထားနိုင်ပါတယ်။ ဒါအပြင် သူ့ဆိုဒ်မှာ လာရှာတဲ့ ယူဇာတွေရဲ့ keywords (query) နဲ့ ကို ကြည့်ပြီး သူ့ကို link ချိတ်ထားတဲ့ blog တွေက label (tag) တူတဲ့ ပို့စ်တွေကို ပြန်ပြပေးပါတယ်။ ဒါအပြင် အခြား Google တို့ လို Search Engine တွေ ကလည်း ဒီ label (tag) တွေကို လည်းသူ့ဆိုဒ်မှာ ရှာတဲ့ အကြောင်းအရာတူတွေရှိခဲ့ရင် result မှာ ပြပေ။ပါတယ်။ ဒီဆိုဒ်နဲ့ ကိုယ့်ရဲ့ blog ကို နောက် ကိုယ့် ဘလောခ့်က post ကို ဘယ်သူတွေ link ချိတ်ထားတယ်ဆိုတာလည်း သိနိုင်ပါတယ်။ နောက် ကို tag လုပ်ခဲ့တဲ့ ပို့စ်တွေကိုလည်း top technorati tag cloud အနေနဲ့ side bar မှာ ထည့်ထားလို့ရပါတယ်။ ( ကျွန်တော့်ဘလော့ခ် side bar မှာ ကြည့်ပါ) နောက်ထပ် အခြားအသုံးဝင် widget တွေလည်းများစွာရှိပါတယ်။
ကျွန်တော်တို့ မြန်မာ ဘလောခ့်တွေက ရေးတာများသောအားဖြင့် Zawgyi Font နဲ့ ရေးကြပါတယ်။ နောက် label ကို လည်း များသောအားဖြင့် မြန်မာလိုပဲ ရေးကြတာများပါတယ်။ အဲဒီအခါမှာ ဘာဖြစ်လည်းဆိုတော့ အခြား Search Engine ကို အသုံးပြုပြီး မြန်မာသတင်းတွေ ရှာကြတဲ့ ကမ္ဘာနေရာအနှံက မြန်မာလူမျိုးတွေက Search Engine မှာ ရှာတာက English လို ရိုက်ရှာကြတာပါ။ အဲဒီ အခါမှာ Search Engine တွေမှာ ရှာဖွေတဲ့ program အသေးစားလေး Spider (Web Crawler) လေးက ရှာတဲ့ English စာသားနဲ့ ရေးထားတာ တူတဲ့ဆိုဒ်တွေကိုပဲ result ပြန်ပြပေးပါတယ်။ အဲဒီ အခါမှာ မြန်မာဘလော့ခ်ရေးတဲ့သူရော ရှာတဲ့ မြန်မာနိုင်ငံသားပါ လိုချင်တဲ့သတင်းမရတော့ပဲ နှစ်ဖက်လုံး နစ်နာပါတယ်။ Zawgyi Font ကို အသုံးပြုပြီး Search Engine တွေမှာ ရှာလို့ရတယ်ဆိုပေမယ့် ရှာတဲ့သူ အများစုဟာ များသောအားဖြင့် English လိုပဲရိုက်ရှာတာများပါတယ်။ အဲဒီအခါမှာ ကိုယ့်ဘလော့ခ်မှာ သတင်းတွေရှိပေမယ့် result ထဲမှာ ကိုယ့်ဘလော့ခ် မပါနိုင်တော့ပါဘူး။ အကယ်၍များ ပို့စ်မှာ အကြောင်းအရာကို မြန်မာလိုပဲရေး အောက်ဆုံးမှာ Technorati tag လေး English လို ထည့်ခဲ့မယ်ဆိုရင် ကိုယ့်ဘလော့ခ်ကို Search Engine က ရှာတွေ့ပြီး result ပြပေးမှာပါ။
ဥပမာ ပြောရရင် ဟိုအရင် ဒွေး သေတုန်းက သေတဲ့ညတွင်းချင်းပဲ ကျွန်တော့် ဘလောခ့်မှာ ဒွေး သေတဲ့ အကြောင်း သတင်းရေးပါတယ်။ ရေးတာက မြန်မာလိုပဲရေးတာပါ။ ပြီးတော့ ပို့စ်ရေးပြီးတော့ ကျွန်တော် Technorati tag ကို English လို Dwe, Dway, Dway News, Dway Dead တို့ စသည်ဖြင့် Technorati နဲ့ tag ထည့်လိုက်ပါတယ်။ အဲဒီနေ့က မှတ်မှတ်ရရ ကျွန်တော့် ဘလော့ခ် Visitor Count မှာ 450 လောက်ပဲရှိပါသေးတယ်။ တစ်နေ့ အလည်လာတဲ့သူက အယောက် ၂၀ တောင် မပြည့်ပါဘူး။ တော်တော်လေး စိတ်ဓာတ်ကျနေပါတယ်။ အဲဒီ ဒွေး သေတဲ့ အကြောင်းကို ရေးပြီး နောက်နေ့မနက် 9 နာရီလောက် Internet စသုံးတော့ ကျွန်တော့် blog visitor ကြည့်လိုက်တာ 1100 ကျော်နေပါပြီ ညတွင်းချင်းပဲ hit တော်တော်ရလိုက်တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် Google Analytics နဲ့ MyBlogLog က နေပြန်ကြည့်တော့ Search Engine တွေကနေရှာပြီးလာကြတာပါ။ Dway ဆိုတဲ့ နာမည်လေးတင်ရိုက်ပြီးရှာလာတဲ့သူက အယောက် 500 ကျော်လောက်ရှိပါတယ်။ နောက်အခြား keyword (query) တွေ Dwe Dead တို့ Dway News တို့နဲ့ရှာလာတဲ့ သူတွေလည်းအများကြီးပါ။ မြန်မာလို Zawgyi Font နဲ့ ရိုက်ရှာတာဆိုလို့ လွန်ခဲ့တဲ့ အပတ်လောက်ကမှ ‘ဒွေး’ ဆိုပြီး ရိုက်ရှာတာ တစ်ယောက်ပဲ တွေ့ဖူးပါသေးတယ်။ ကျွန်တော် တော်တော်ပျော်သွားတယ် ကျွန်တော်ကြည့်နေတုန်းတောင် ဘလော့ခ်မှာ အွန်လိုင်း ယူဇာက 50 ကျော်ရှိနေတယ်။ အဲဒါမျိုး နောက်ထပ်မြင်ရမယ် မထင်တော့ဘူး =) ။ ကျွန်တော်သာ ပို့စ်ရေးတုန်းက Technorati tag မထည့်ခဲ့ရင် ကျွန်တော့်ဘလောခ့်က သတင်းကို ဘယ် Search Engine ကမှ ရှာတွေ့မှာ မဟုတ်ပါဘူး။ အဲဒီတုန်းက ဒွေးသေလို့ အလုပ်ဖြစ်တာ ကျွန်တော်ရယ်၊ အကိုစိုးဇေယျ ရယ် နောက် ဂျာနယ်တွေ ပါပဲ။ နောက်ရက်ပိုင်းရက်တွေမှာတော့ တချို့ Planet, Popular Myanmar တို့လို မြန်မာဆိုဒ်တွေက အဲဒီ သတင်းကို ရေးကြပေမယ့် သူတို့ရေးတာလဲ English လို Keyword (query) မပါတော့ Search Engine တွေက ရှာတွေ့ပုံ မရပါဘူး။ နောက် အခြားနိုင်ငံခြားသားတွေလည်း သူတို့ရှာတဲ့ result ပါရင် ရောက်လာတတ်ပါတယ်။ မြန်မာဖောင့်တွေမြင်တော့ ပြန်လစ်သွားကြပုံရတယ်။ ဒါပေမယ့် hits တော့ရလိုက်မယ်။ =)
ဟုတ်ပါပြီ အဲဒီတော့ Technorati tag ကို ဘယ်လိုထည့်၇မလဲ။ ဒါက လွယ်ပါတယ် HTML ရဲ့ HyperLink နဲ့ ကိုယ့်ဘာသာ ရေးလည်း ဖြစ်ပါတယ်။ ဥပမာ Final Fantasy ဆိုတဲ့ Game အကြောင်းရေးပြီး label (tag) လုပ်မယ်ဆိုရင်
ဒီလိုလေး ပို့စ်ထဲမှာ ထည့်ရေးရပါမယ်။
ဒါဆိုရင် ဒီလိုပေါ်မှာပါ။
Technorati Tags: ,
space ပါတဲ့ စကားလုံးကို ရေးတဲ့အခါမှာ ကုဒ်မှာ ဒီအတိုင်း blank (ကွပ်လပ်) ထားခဲ့လည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် + လေးနဲ့ခြား ဒါမှမဟုတ် %20% နဲ့ ခြားလို့ရပါတယ်။ ဒီ code တွေကို နမူနာ ကြည့်ကြည့်ပါ။
Final Fantasy
Final Fantasy
Technorati< tags:
<!– Technorati Tagger by David G. Smith – http://surveying-mapping-gis.blogspot.com –a>
ဒီလောက်ဆိုရင် မိတ်ဆွေ Technorati tag ထည့်ပုံကို သိလောက်ပြီထင်ပါတယ်။ အခြား မြန်မာဘလော့ခ်ဂါတွေ Technorati tag အကြောင်းရှင်းပြထားတာလေးတွေကိုလည်း ဖတ်စေချင်ပါတယ်။ အောက်မှာ လင့်ခ်တွေရေးထားပါတယ်။ ဒီပို့စ် အောက်ဆုံးမှာလည်း Technorati tag ထည့်ထားပုံကို လေ့လာလို့ရပါတယ်။ နောက် tag ကို web ပေါ်မှာတင် generate လုပ်လို့ ရတဲ့ site လည်း အောက်မှာ link ရှိပါတယ်။
• အကိုမျိုးကျော်ထွန်း ရဲ့ Technorati tag အကြောင်း
• အကိုညီလင်းဆက် ရဲ့ Grease Monkey Firefox Technorati tag Extension အကြောင်း
• မြန်မာဘလော့ခ် လမ်းညွှန်က technorati အကြောင်း
Download Technorati Tag Generators
• David G. Smith’s Technorati Tag Generator(Need .Net Framework)
• Technorati Tag Generator
Web Based Technorati Tag Generator
• Web based technorati tag generator
Technorati tags:
• Related Posts
• No Related Post
8 Comments so far »
1. sisain said,
Wrote on September 11, 2007 @ 8:00 am
တကယ် ပြည့်ပြည့်စုံစုံလေး ရေးသွားတာပဲ။ ကျေးဇူးဗျာ။
မြန်မာဘလော့ခ် အများစုမှာ အားနည်းနေသေးတဲ့ Technology ပိုင်း ကို ဒီပို့စ်လေးက အများကြီး အကျိုးပြုပါမယ်။ ကိုတေဇာ ရဲ့ ဆိုက်ဘားမှာ သက်သက်လင့်ခ်တစ်ခုနဲ့တောင် ထားစေချင်တယ်။
2. သန့်ဇော်မင်း said,
Wrote on September 11, 2007 @ 9:51 am
တေဇာရေ… အလွန့်အလွန်ကို အကျိုးရှိတဲ့ ပို့စ်လေးပါ။
ခုလို့ သေသေချာချာရှင်းပြပေးတဲ့ အပြင် လိုအပ်တာတွေကိုလည်း စနစ်တကျ စုဆောင်းပေးထားတာ ကျေးဇူးအထူးတင်ပါတယ်။
ကိုစစ်ပြောတာဟုတ်တယ်.. ဆိုဒ်ဘားမှာ တင်ထားသင့်တယ်.. ဒါမှ နောင် ဘလော့ဂါအသစ်လေးတွေ ရှာရပိုလွယ်သွားတာပေါ့…
cheers,
tzm
3. Myo Kyaw Htun said,
Wrote on September 11, 2007 @ 2:07 pm
ရေးထားတာလေး တော်တော်ကောင်းတယ်ဗျာ။ စုံလဲစုံတယ်။ ကျွန်တော့် technorati ပို့စ်ကိုလဲ လင့်ခ်လုပ်ထားလို့လဲ ကျေးဇူးတင်ပါတယ်။ အပေါ်က ပြောသလို ဒီလို ပို့စ်တွေကို စုပြီး ဆိုဒ်ဘားမှာ လုပ်ထားရင် ပိုကောင်းမယ်။
Keep it up!!!
4. tayzar said,
Wrote on September 14, 2007 @ 5:25 pm
ကိုစစ်၊ ကိုသန့်ဇော်မင်း၊ ကိုမျိုးကျော်ထွန်း အားပေးတာကျေးဇူးပါ ခင်ဗျာ၊ ကျွန်တော်လည်း သိသလောက်ရေးကြည့်တာပါ။ ဟုတ် ဆိုဒ်ဘားမှာ လင့်ချိတ်ထားလိုက်ပါပြီ ခင်ဗျာ။
5. hninhnin said,
Wrote on September 19, 2007 @ 8:00 pm
ကိုဘလင့်ရေ…အဲဒီ technorati ကို လုပ်နေတာ။ တွေ့တယ်မှတ်လား သိုးလေးဘလော့မှာ။ သူက ပို့စ်လိုတင်ဆိုလို့။ အဲဒါ တစ်ချက်ရှင်းပြပေးပါလား။ တကယ်လို့ ဒီက စာတွေကို ကူးရင် အိမ်မှာက မမြင်ရဘူးနော်။ ဒီမှာက ဖတ်လို့မရဘူး နက်က ခဏခဏကျနေတော့။ လုပ်ပါဦး။ အဲဒါလုပ်ချင်လို့။
6. MELODYMAUNG said,
Wrote on September 20, 2007 @ 1:32 pm
Thank you so much bro. :)
Very useful post with related links.
Cheers!
7. 4eVeR fRiEnD said,
Wrote on October 21, 2007 @ 5:11 pm
တော်တော်လေးပြည့်စုံတာပဲဗျာ ။ ကျွန်တော်ကိုယ်တိုင်ဘာမှမလုပ်နိုင်တောင်မှ လုပ်နိုင်တဲ့လူတွေကိုယ်စား ကျေးဇူးတင်ပါတယ်။
အသက်လဲငယ်ဦးမယ်ထင်တယ်။ ဝါသနာနဲ့ လုပ်နေတာတွေတထပ်ထဲကျနိုင်ပါစေဗျာ
8. မှော်ဆရာ said,
Wrote on October 26, 2007 @ 5:59 am
သိပ်ကောင်းတယ်ဗျို့၊ အချိန်ပေးပြီးစေတနာဗရဗွနှင့် ဗဟုသုတတွေ ဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးပါဗျာ။ ကျွန်တော့်ဘလော့ဂ်မှာ သုံးပြီဗျာ။
Comment RSS · TrackBack URI
Leave a Comment
Name: (Required)
E-mail: (Required)
Website:
My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!
Comment: