Blog Action Day
ဒီနေ့ October 15 ရက် ဟာ Blog Action Day ပါ။ ဒီနေ့မှာ နိုင်ငံတကာက ဘလောခ့်တွေမှာ Blog Action Day အတွက် ပို့စ်တင်ကြမှာပါ။ ကျွန်တော်တင်မယ့် အကြောင်းအရာက ဘလောခ့်နှင့် ကမ္ဘာကိုပြောင်းလဲခြင်းလို့ စဉ်းစားထားပါတယ်။ ကျွန်တော်တို့တွေ အရင်က ကိုယ့်ရဲ့ အတွေးအခေါ်၊ ကဗျာ၊ စာပေ၊ သတင်း စတဲ့ အကြောင်းအရာ တွေကို လူထုကို သိရှိအောင်လုပ်ဖို့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတိုက်တွေကို စာမူပို့ကြရပါတယ်။ အဒီအခါမှာ တိုက်တွေက ရွေးတဲ့ အခါရှိသလို မရွေးတဲ့အခါ၊ စာပေ ခွင့်ပြုချက် မလွတ်တဲ့ စာမျိုးတွေကို ရွေးလေ့မရှိပါဘူး။ ဒီလို အကန့်အသတ်တွေနဲ့ မီဒီယာဟောင်းတွေကို ဘလောခ့်ဆိုတဲ့ လွတ်လပ်တဲ့ မီဒီယာကနေ တော်လှန်လိုက်ပါတော့တယ်။
တကယ်တော့ ဘလောခ့်မှာ ဘယ်သူ့ ထိန်းချုပ်မှု၊ ကန့်သတ်မှု့အောက်မှာမှရှိမနေတဲ့ လွတ်လပ်တဲ့ မီဒီယာ တစ်ခုပါ။ လူတိုင်းမှာ ကိုယ်အမြင်၊ ကိုယ့်အတွေးတွေကို လွတ်လပ်စွာ ရေးသားနိုင်ခွင့်ရှိလာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီနှစ်နှစ်ဦးပိုင်းလောက်ကစပြီး ဘလောခ့်ခြင်း အနှပညာ အရှိန်နဲ့ တိုးတက်လာခဲ့ပါတယ်။ ဘလောခ့်ခြင်းအားဖြင့် ပြည်သူလူထုကို ကိုယ့်အမြင်တွေ သတင်းတွေ အရင်းအမြစ်တွေ ဝေမျှနိုင်လာပါတယ်။ အရင်လို ပုံနှိပ်မီဒီယာတွေလို အပယ်ခံရတာမျိုးတွေကို ကျော်လွှားနိုင်ပါပြီ။ Web 2.0 ရဲ့ ၀န်ဆောင်မှုတွေနဲ့ အတူ ကျွန်တော်တို့ ဘလောခ့်တွေက တင်ပြနိုင်နေကြပါပြီ။ အခုဆို ကျွန်တော်တို့ မြန်မာဘလောခ့်ဂါတွေကလည်း အချိန်နဲ့ မခြား သတင်းတွေ ကမ္ဘာကသိအောင်တင်နိုင်ခဲ့တယ်။ ဒါတောင် 2.0 ပဲ ရှိသေးလို့ Web 3.0 သာဆိုရင် တိုက်ရိုက်တောင် တင်နိုင်လိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံကိုလည်း ကမ္ဘာအာရုံစိုက်လာနိုင်အောင် ဆောင်ရွက်ခဲ့ကြတယ်။ ဘလောခ့်တွေက အကန့်အသတ်တွေကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ကမ္ဘာမှာလည်း ဘလော့ခ်တွေက ပုံနှိပ်မီဒီယာတွေကို ကျော်ပြီး စာဖတ်သူတွေ အများအပြားဖြစ်နေပါပြီ။ သတင်း ဌာနတွေကတောင် ဘလောခ့်တွေကို စောင့်ကြည့်နေရပါပြီ။ ဘလော့ခ်တွေကို လူတိုင်းက ဖန်တီးနိုင်ပြီး လူတိုင်းရေးသားနိုင်တဲ့ အတွက် လူတိုင်းမှာ အခွင့်အဏာရှိလာခဲ့ပါပြီ။ ။
Related Post
Technorati : Blogging, Blog Action Day, Blog Action Day 2007, Reaper’s Death Notes, Burmese Blogs, Burma Bloggers, Myanmar

Blog Action Day 2009 ~ Climate Change | My Burmese Blog said,
Wrote on October 18, 2009 @ 3:12 am
[...] Blog Action Day 2007 ~ Enviroment [...]
Like or Dislike:
0
0
Blog Action Day 2010 ~ Water « My Burmese Blog said,
Wrote on October 15, 2010 @ 10:16 pm
[...] Blog Action Day 2007 ~ Enviroment [...]
Like or Dislike:
0
0