Blogger အားလုံးကို မေတ္တာရပ်ခံပါတယ်


မြန်မာ ဘလောခ့်ဂါ အားလုံးကို ကျွန်တော်တစ်ခု မေတ္တာရပ်ခံပါရစေ။ ကျွန်တော်တို့ ဆီမှာ စက်တင်ဘာလ ဆန္ဒပြပွဲတွေ စတဲ့ အချိန်လောက်ကစပြီး ISP တွေက Blogger နဲ့ Blogspot က ဘလောခ့်တွေကို ဘန်းလိုက်ပါတယ်။ အဲဒီ အခါမှာပြည်တွင်းက ဘလောခ့်ဂါတွေ ဘလော့ခ်ရေးဖို့ ခက်ခဲသွားပါတယ်။ ကျွန်တော်တို့မှာ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ နည်းလည်းရှာမရသေးပါဘူး။ ကျွန်တော်တို့ ပြည်တွင်းက ဘလောခ့်ဂါတွေ အခြား ဘလောခ့် ဆားဗစ်တွေကို ပြောင်းရေးဖို့ ကြိုးစားနေကြပါတယ်။ အဲဒီ အခါမှာ နိုင်ငံရေး အကြောင်းအရာ ရေးလက်စ ဘလော့ခ်တွေ ရှိသလို အခြား ဆားဗစ်ကို ပြောင်းရေးမယ့်သူတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ အဲဒီလို ပြောင်းရေးပြီး နာမည်ကြီးလာရင် အဲဒီ ဘလော့ခ် ဆားဗစ်လည်း အဘန်းခံရမှာပါပဲ။ အဲဒီ အခါ ပြည်တွင်း ဘလောခ့်ဂါတွေ အနေနဲ့ တဖြည်းဖြည်း ရေးစရာ ဘလောခ့်ဆိုဒ်ရှားပါးသွားနိုင်ပါတယ်။ ဒါကြောင့် အဲဒီ အချက်လေးကို အားလုံးက စဉ်းစားပေးစေချင်ပါတယ်။


မိတ်ဆွေတို့ ရေးမယ်ဆိုလည်း ဒိုမိန်းဝယ်ပြီးရေးလို့ရနိုင်သလို လက်ရှိ Blogger ရေးလည်းရပါတယ်။ မိတ်ဆွေတို့ ဘလောခ့်ဆားဗစ်ပြောင်းရေးလည်း ခဏပဲလွတ်မှာပါ နာမည်ကြီးလာတဲ့နဲ့ အမျှဘန်းမှာပါပဲ။ ကျွန်တော်တို့ ပြည်တွင်းမှာတော့ ရေးရခက်သွားနိုင်ပါတယ်။ ကိစ္စတော့ မရှိပါဘူးခင်ဗျာ နိုင်ငံရေး ကြည့်ချင်တဲ့ သူများက proxy ကျော်ကြည့်ကြမှာပါပဲ။ မဟုတ်လည်း ကျော်ကြည့်နေရတာပါပဲ။ အဲဒီ အကြောင်းအရာလေးကို မိတ်ဆွေတို့ စဉ်းစားပေး စေချင်ပါတယ်။ ကျွန်တော်တို့ ပြည်တွင်းက လူတွေက ဒိုမိန်းလည်း မ၀ယ်နိုင်ကြသလို မြန်မာလို အဆင်ပြေပြေရေးနိုင်တဲ့ ဘလောခ့်ဆိုဒ်ကလည်း ရွေးချယ်စရာ သိပ်မရှိပါဘူး။ ဘာဖြစ်လည်း ဒါ ငါတို့ လွတ်လပ်ခွင့်ပဲ ငါတို့ ရေးချင်တဲ့ ဆိုဒ်မှာ ရေးမယ်ဆိုလည်းရပါတယ်။ ကျွန်တော်တို့ တားခွင့်မရှိပါဘူး။ ကျွန်တော် ဒီပို့စ်ရေးလို့ ကျွန်တော့်ကို တမျိုးမြင် သွားနိုင်ပါတယ်။ ကျွန်တော်က သာမန် ပြည်သူတစ်ယောက်သာ ဖြစ်ပါတယ်။ ဘယ်ရုံး ဘယ်ဌာနမှာမှ အလုပ်လုပ်မနေပါဘူး။ ကျွန်တော်က နိုင်ငံေ၇းလုပ်တဲ့သူလည်းမဟုတ်ပါဘူး။ အခုရေးရတာကလည်း ပြည်တွင်းက ဘလောခ့်ရေးမယ့်သူတွေ အဆင်ပြေစေချင်တဲ့ သဘောနဲ့ပါ။ အခုပြောတဲ့ အကြောင်း အရာလေးကို အားလုံးကို စဉ်းစားပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။

Technorati tags:
, , , , , , , , ,





Related Posts

  • No Related Post

5 Comments so far »

  1. Layma said,

    Wrote on October 13, 2007 @ 3:20 pm

    ဟုတ်ပါတယ်…သေချာစဉ်းစားသင့်ပါတယ်…
    ဘလင့်ရေ…အစ်မကတော့ လွတ်၂ကင်း၂ပဲမဟုတ်လား..။

    Like or Dislike: Thumb up 0 Thumb down 0

  2. tayzar said,

    Wrote on October 13, 2007 @ 3:26 pm

    ဟုတ်ပါတယ်ဗျာ ကျွန်တော်တို့မှာ ရေးစရာ ဘလောခ့် ဆားဗစ်ကရှားရတဲ့ထဲ ဘန်းလိုက်တော့ ဒုတ်ခရောက်တာပေါ့။

    Like or Dislike: Thumb up 0 Thumb down 0

  3. AungMyoHan said,

    Wrote on October 15, 2007 @ 8:49 pm

    မှန်လိုက်တာ။ စဉ်းစားကြပါဦး

    Like or Dislike: Thumb up 0 Thumb down 0

  4. tayzar said,

    Wrote on October 16, 2007 @ 2:19 pm

    အားလုံးကိုပြောပေးပါဦးဗျာ။

    Like or Dislike: Thumb up 0 Thumb down 0

  5. Rapster88 said,

    Wrote on October 17, 2007 @ 12:50 am

    ကျွန်တော်ဆီကို တစ်ချက်လောက် လာလည်ပါဦး..ကျွန်တော်လဲ ဒီပြဿနာကို အထိုက်အလျှောက် အဆင်ပြေနိုင်အောင် တစ်ခုလုပ်ထားတယ်
    http://www.rblog.tk
    http://rapster88.blogspot.com

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: