Moving from Blogger to WordPress


မနေ့က အားနေတာနဲ့ ဟာသ ပုံလေးတစ်ပုံ လျှောက်လုပ် လိုက်သေးတယ်ဗျာ။ Bloggerကနေ Word Press ကို Mr.Bean ရဲ့ mini လေးနဲ့ ရွှေ့တဲ့ပုံလေ။ Blogger logo လေး အက်နေလို့ မစိုးရိမ်ကြပါနဲ့ Blogger က ဘာမှမဖြစ်ပါဘူး။ ဒီမှာသာ Blogger ကို ဘန်းထားလို့ အက်နေတာလေး ထည့်ထားတာပါ။ တကယ်တော့ ကျွန်တော် အိမ်ပြောင်း တော့မလို့လေ။ အိမ်ပြောင်းမယ် ဆိုတာထက် အိမ် အသစ်တစ်လုံး ထပ်ဆောက်တယ်လို့ ပြောရင် ပိုကောင်း မယ်ထင်တယ်။ ကျွန်တော် Word Press မှာ အကောင့် အသစ်လုပ်ပြီး ဒီဘလောခ့်ရော Word Press မှာရော ရေးမလို့။ ဟိုမှာတော့ ကျွန်တော် အင်္ဂလိပ်လို ရေးမယ်လို့ စိတ်ကူးထားတယ်။ ဘာလို့ ဒီ အကြံတွေရလာလဲဆိုတော့။ ဒီလိုလေ……

ကျွန်တော်တို့ဆီမှာ Internet Service Provider (ISP) နှစ်ခု ရှိတဲ့ အထဲက Myanmar Teleport (MTP အရင် Bagan) က ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယ အပတ်ထဲမှာ Blogger နဲ့ Blogspot ကို ဘန်းလိုက် ပါတယ်။ ကွက်ဘန်းတာ မဟုတ်ပါဘူး။ *.blogspot.com အားလုံး ဘန်း တာပါ။ ကံကောင်းစွာပဲ နောက် ISP တစ်ခုဖြစ်တဲ့ Myanmar Posts And Telecommunications က တော့ Blogspot လင့် နဲ့ ဘလောခ့် တချို့ကိုပဲ ဘန်းပါတယ်။ Blogger.com နဲ့ အခြား Blogspot ဘလောခ့်တွေကို မဘန်းပါဘူး (အခုထိ မဘန်းသေးပါဘူး)။ အဲဒီလို ဖြစ်လာတော့ ကျွန်တော်တို့ ပြည်တွင်းက ဘလောခ့်ဂါတွေ အခက်ကြုံရပါတယ်။ ဘလောခ့်ရေးဖို့ ကွန်နက်ရှင် နှေးနှေးနဲ့ Web Proxy တွေကနေ ကျော်ခွဝင်ရတာ တကယ် ပင်ပန်းပါတယ်။ တချို့ proxy တွေက ကြာလည်းကြာတဲ့ အပြင် ရပြန်တော့လည်း Blogger.com က တက်ပါရဲ့ sign in ၀င်စရာ နေရာလေးကျတော့ တက်မလာဘူး။ အဲဒီလိုတွေ ဖြစ်လာတော့ ကျွန်တော်အပါအ၀င် ပြည်တွင်းက ဘလောခ့်ဂါတွေ အခြား blog service တွေကို လှည့်ကြည့်ရပါတော့တယ်။

ဘလောခ့်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ Word Press ပါပဲ။ သူ့မှာက template ပြောင်းချင်ရင် ပိုက်ဆံပေးရတာကြောင့် template စိတ်ကြိုက်ပေးပြောင်းပြီး မြန်မာလို ရေးရ အဆင်ပြေတဲ့ Blogger ကို ရွေးခဲ့တာပါ။ အခုတော့ Word Press ကို အကောင့်လုပ်ပြီး စမ်းနေပါတယ်။ အင်္ဂလိပ် လိုရေးမယ်လို့ စိတ်ကူးထားတယ်။ အင်္ဂလိပ်လိုရေးချင်ပေမယ့် အင်္ဂလိပ်စာ ဘာမှမသိတော့ အခုမှစပြီး စာပြန်ဖတ်နေရတယ်ဗျာ။ နောက် ပိုက်ပိုက်ရှိခဲ့ရင် ဒိုမိန်းလည်း ၀ယ်မယ်။ ရေးဖြစ်ရင်တော့ အကြောင်းအရာက ဒီ ဘလောခ့်လိုပဲ funny, amazing, music, guitar, computer technology, game စတဲ့ ၀ါသနာပါရာ အကြောင်းအရာတွေကိုပဲ simple english နဲ့ ရေးမှာပါ။ အခုဒီ www.tayzar44.blogspot.com ကို လည်း မြန်မာ ဘလောခ့်တစ်ခု အနေနဲ့ အောင်မြင်အောင် အမြဲ ဆက်ရေးသွားမှာပါ။ အဲဒီ ဘလော့ခ် ရေးရင်လည်း လာရောက် အားပေးပါဦးလို့ ကြိုဖိတ်ပါတယ်။

  • www.tayzar44.blogspot.com
  • www.blink44.multiply.com
  • www.tayzar44.wordpress.com (testing)

    Technorati tags:
    , , , , , , , , , , , , , , ,





  • Related Posts

    • No Related Post

    Leave a Comment

    Name: (Required)

    E-mail: (Required)

    Website:

    My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

    Comment: