hit counter

အိတ်ထဲမှာ ဘာပါလဲ ?

အမ ဒီမို နဲ့ အမ ဘာညာက မနေ့က ကျွန်တော့်ကို အိတ်ထဲရှိတာသွန်ဖို့ tag ပါတယ်။ ကျွန်တော့် အိတ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ ရေးပေးဖို့တဲ့။ ကျွန်တော်က ဘယ်သွားသွား wallet သာမပါရင်နေမယ်။ အိတ်မပါရင် မနေတတ်ဘူး။ ကျောပိုးအိပ်ဖြစ်ဖြစ် ဘေးလွယ်အိတ်ဖြစ်ဖြစ် တခုခုတော့ပါတယ်။ အိတ်ပေါ့နေရင် လည်းမနေတတ်ဘူး။ အိတ်ထဲက ပစ္စည်းတွေ ဘာတွေပါလည်း ဆိုတော့ ထုတ်ကြည့်လိုက်မယ်။

  • 1 – ကျောင်းသားကတ်ပေါ့ မပါမဖြစ်ပဲ။ မပါရင် ကျောင်းထဲ လက်မှတ်ထိုးပြီး ၀င်ရတယ်။
  • 2 – old model casio fx-991MS calculator ပါတယ်။ သချာင်္တွက်ရမှာ ပျင်းပေမယ့် ဘာသာတိုင်းလိုလိုက လိုနေပြန်တော့ သယ်ရတယ်။ အမြဲပဲ။ စာမေးပွဲမှာဆို ခဲတံနဲ့ constant တွေ အလွတ်မကျက်ချင်လို အဖုံးမှာ ရေးသွားတတ်တယ်။ =P
  • 3 – ခဲတံ တစ်ချောင်း၊ ဘောပင်တစ်ချောင်းရယ် နောက် အရောင်မှိန်နေတဲ့ line pan တစ်ချောင်းပါတယ်။ ပေတံတော့မရှိဘူး ကျောင်းသားကဒ်နဲ့ပဲ ဆွဲလိုက်တာပဲ။ စာအုပ်ထဲ စာရှိဖို့ထက် ခေါင်းထဲစာရှိဖို့က ပိုအရေးကြီးတယ် မဟုတ်လား။ =P ဒါကြောင့် ပေတံ မရှိဘူး တခါတရံ ခဲတံ ပါမေ့ကျန်တတ်တယ်။
  • 4 – Name card အချို့နဲ့ Phone စာအုပ်။ အရေးပါတယ်။ မှတ်ပုံတင်နံပါတ်တွေ၊ ကျောင်းဝင်နံပါတ်၊ ၁၀ တန်း ခုံနံပါတ် တွေ မှတ်ထားတယ်။ ဖုန်းနံပါတ်ဆို မှတ်ရမှာပျင်းလွန်းလို့ ဆောင်ထားရတယ်။ ဘယ်ဖုန်းနံပါတ်မှ ကိုယ့်ဖုန်းနံပါတ်တောင် တခါတလေ မှန်လားမှားလား ရှေ့နောက်လွဲနေလား သိတာမဟုတ်ဘူး။ ဂဏန်းဆို လူက မမှတ်ချင်တော့ဘူး။

  • 5 – mp4 player နဲ့ usb cable အရေးအကြီးဆုံးပဲ။ သီချင်းနားမထောင်ရရင် မနေနိုင်လို့။ အိမ်ကနေထွက်ရင် ဘယ်တော့မှ မေ့မကျန်ခဲ့ဘူး။ ကျောင်းစာအုပ်သာ မပါရင်နေမယ်။ အိမ်က စပြီးခြေလှမ်းလှမ်းကတည်းက သီချင်းနဲ့ စလှမ်းတာဆိုတော့ မပါရင် မနေတတ်တော့ဘူး။ cyber cafe မှာ သုံးရင်လည်း သူနဲ့ပဲ portable applications တွေ နဲ့ သုံးတယ်။ အိမ်အပြန် data သယ်တယ်။ ipod နဲ့ တပုံစံထဲပဲ။ ipod တော့ မဟုတ်ဘူး။ i pood =P 1 GB ပဲ ဆံတယ်။
  • 6 – မပါမဖြစ်ပဲ Sony Ericsson K800i ဖုန်းက bluetooth သုံးတယ်။ camera ကို ကြိုက်တာ။ ပုံထွက်ကောင်းလို့။ အမ ဒီမို ဖုန်းလည်း K800i ပဲ။ အမ ဒီမို ဖုန်းက James Bond ကိုင်တဲ့ silver ရောင် ကျွန်တော်က လိုက်ရှာတာ ဘယ်မှာမှ မရလို့ အနက်ရောင်။ ဖုန်းက တစ်နေ့မှ အလွန်ဆုံး ၃ call လောက်ပဲခေါ်တယ်။ ဘော်ဒါမှ မရှိတာ ဆက်စရာလည်းမရှိဘူး။ တချို့ ရက်တွေမှာ အ၀င် call အထွက် call မရှိ။ cyber cafe ထဲမှာဆို လိုင်းမမိတော့ ဖုန်းမလာဘူး။ ဖုန်းက web browser လေးနဲ့ mobile Internet ရလာမယ့်နေ့ကို အခုထိ အိမ်မက်မက်နေတုန်းပဲ။
  • 7 – နောက်ကျောင်းစာအုပ် ၄ အုပ်လောက်ပါတယ်။ linux အကြောင်း အခြေခံသင်နေတော့ linux စာအုပ် ၂ အုပ်ပါတယ် ။ wireless network ဖတ်စာအုပ်ပါတယ်။ ရေးတဲ့ စာအုပ်က ပျောက်သွားပြီ။ =P
  • 8 – နောက် ပိုက်ဆံ အကြွေအတော်များများရယ် အတန်ကြီးနဲနဲရယ်ပါတယ်။ ပိုက်ဆံကို wallet ထဲ ထည့်တဲ့ အကျင့်မရှိဘူး။ ကျောပိုးအိပ် အနောက် အပေါ်နားက အိတ်လေးထဲမှာပဲ အမြဲထည့်တယ်။ wallet နဲ့ဆို အလုပ်ရှုပ်လို့။ တခါတရံ အိတ်ထဲမှာပဲ စာအုပ်တွေနဲ့ ရောထည့်ထားတာပဲ။
  • 9 – လက်ကိုင်ပ၀ါ။ မိန်းကလေးတွေကိုင် သလို Pooh တွေ Mickey Mouse ပုံတွေနဲ့တော့ မဟုတ်ဘူး။ UK အလံနဲ့ ပ၀ါ ထည့်ထားတာ။ ချွေးသုတ်ဖို့ မဟုတ်ဘူး ဂစ်တာ သုတ်ဖို့ ထည့်ထားတာ။ tissue ဆောင်တဲ့ အကျင့်မလုပ်ဘူး ပိုက်ဆံကုန်လို့။
  • 10 – ဘီးကုပ် နဲ့ ခေါင်းစည်းကြိုး။ ဘီးတော့ မဆောင်တတ်ဖူး။ မှန်လည်း မယူတတ်ဖူး။ ဘီးကုပ် နဲ့ ခေါင်းစည်းကြိုးက အရင် ဆံပင်ရှည်တုန်းက ယူနေကျကနေ အခု ဆံပင် အတို ညှပ်လိုက်ပေမယ့် ယူနေတုန်းပဲ။ ဆံပင် အရှည်ပြန်ထားမလို့။ အခု ဆံပင်နဲနဲ ပြန်ရှည် လာနေပြီ။
  • 11 – Oxford eng to eng dictionary ပါတယ်။ english grammar ရေးတတ်ချင်လို့ အမြဲထည့်ထားတာ ၂ ပတ်လောက်ပဲ ရှိသေးတယ် ထည့်ထားတာ။ meaning က မပိုင် vocabulary က မသိ idiom ဆို လုံးဝမရတော့ ဆောင်ထားရတယ်။

    အိတ်ထဲမှာရှိတာ အဲဒါ အကုန်ပဲ အရင်က ခေါက်ထီး ၁ ချောင်းပါတယ်။ အခု မိုးမရွာတော့ဘူးထင်လို့ မဆောင်တော့ဘူး။ ဟိုနေ့ကတော့ မိုးရေချိုးပြီး အိမ်ပြန်လိုက်ရတယ်။ November Rain ပေါ့။ ကျောပိုးအိတ်က မပါမဖြစ်ပါပဲ။ အိတ်ထဲက ပစ္စည်းတွေကလည်း မပါမဖြစ်ပဲ။ ။


  • Related Posts

    • No Related Post

    6 Comments so far »

    1. Anonymous said,

      Wrote on November 8, 2007 @ 10:32 pm

      ပိုက်ပိုက်ထားတဲ့နေရာသိပြီကွ။
      သတိသာထားနေပေတော့။
      ဆံပင်ရှည်လေးနဲ့
      Hot မယ်ပေါ့လေ။

      မိုးချစ်သူ

    2. HH said,

      Wrote on November 9, 2007 @ 4:58 pm

      ဟေး.. အိတ်ကိုကျတော့ ထည့်မရိုက်ဘူး။ တေဇာလည်း တိုလီနဲ့တူတယ်.. ဒစ်ရှင်နရီဆောင်တယ်။ ဒါပေမဲ့ ထုတ်ကြည့်တာ တစ်ခါမှ မတွေ့ဘူးဘူး.. :P

      အမဘာညာ

    3. မျက်လုံး said,

      Wrote on November 9, 2007 @ 5:39 pm

      ဟား တေဇာတို့ကတော့ သီချင်းသမားလို့ မပြောရဘူး။ ပို့စ်ရေးတာ သီချင်းနဲ့ မလွတ်ဘူးနော်။ ကျွန်တော်လည်း November Rain အကြောင်း စဉ်းစားနေတာ။

    4. hninhnin said,

      Wrote on November 9, 2007 @ 7:22 pm

      I read your post clearly.

    5. demo kitto said,

      Wrote on November 9, 2007 @ 7:32 pm

      ၁ – ကျောင်းသားကဒ်က ပုံက တူလဲတူဘူး..
      ၂ – အဲတော့.. ဒီလိုလား.. ဒီမှာစာမေးပွဲဖြေရင် Caculator အဖုံးကို စာမေးပွဲခန်းထဲ ပေးမသွင်းဘူး.. သေချာ ပြူးပြဲစစ်တယ်.. ရုံးခန်းမှာလဲ Sticker သွားကပ်ရသေးတယ်..
      ၃ – ကျောင်းသားကဒ်လေး သနားစရာ.. ငါ့မောင်လေးကို ပေတံဝယ်ပေးရမဲ့ကိန်းပဲ..
      ၄ – ဖုန်းထဲမှာ မမှတ်ထားဘူးလား.. အမဒီမိုလဲ ဒီတိုင်းပဲ.. မမှတ်ချင်လို့ စာအုပ်ထဲရေးရင်ရေး.. မရေးရင် ဖုန်းထဲမှာ မှတ်ထားတယ်..
      ၅ – i pood ဆိုပဲ.. ဟဟ.. သီချင်းနားထောင်တာ ကောင်းပါတယ်.. =) တူတူပဲ..
      ၆ – မပါမဖြစ်ကတော့မှန်၏.. ဟိဟိ.. ဟုတ်ပါ့.. ငွေရောင်လေးမရတာ.. ငါ့မောင်လေး သနားစရာ.. =P ဖုန်း bill ကတော်တော်နည်းမှာပဲနော်.. မတ်စိ (message) ရော မပို့ဘူးလားကွ.. ဒီမှာတော့ ဖုန်းကနေ Web Browser ရတယ်.. ဒါပေမဲ့ ဈေးကြီးတယ်.. တခါတုန်းက လျှာရှည်ပြီး ကလိတာ.. အင်တာနက်သုံးတာကိုတင် $80 လောက်ပေးလိုက်ရတယ်.. =( အဲဒီ့ကတည်းက မသုံးတော့ဘူး.. အမဒီမိုက အဲဒီ့ထဲက ဂိမ်းကစားတယ်.. ရေအောက်မှာ ဓါတ်ပုံလိုက်ရိုက်တာလေ.. =)
      ၇ – သြော်.. စာအုပ်တောင် ပျောက်အောင်ရေးတယ်.. တော်လိုက်တာ..
      ၈ – ရုတ်တရက်ဆို ပိုက်ဆံ တော်တော် ထုတ်ရခက်မှာပဲ.. စာအုပ်တွေနဲ့ရောနေတယ်ဆိုတော့..
      ၉ – ဂစ်တာကရော..ဘယ်မှာလဲ.. တစ်ရှူးမသုံးတော့ လက်ပေရင် ဘာလုပ်လဲ.. ဟိဟိ
      ၁၀ – ဘီးကုတ်က မိုက်တယ်ကွ..
      ၁၁ – Dictiondary ဆောင်တာ ကောင်းပါတယ်.. =)

      ခုလိုရေးပေးတာ ကျေးဇူး.. မဘာညာ့ဆီမှာ ချောကလက်သွားတောင်းစားလိုက်နော်..

      ခင်တဲ့
      မဒီမို

    6. လေးမ said,

      Wrote on November 14, 2007 @ 9:31 pm

      ဘီးကုတ်က လေးမပျောက်သွားတဲ့ ဘီးကုတ်နဲ့ တူလိုက်တာ…။

    Comment RSS · TrackBack URI

    Leave a Comment

    Name: (Required)

    E-mail: (Required)

    Website:

    My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

    Comment: