hit counter

Epiphone SG (Special Discount for Xmas)

Xmas discount တွေ မ၀ယ်နိုင်ဘဲ လျှောက်ကြည့်ရင်း Musician Friend ဆိုဒ်မှာ သွားကြည့်လိုက်တော့ Epiphone (A part of the Gibson family of brands) SG Guitar set ကို US $ 200 နဲ့ ရောင်းနေတာတွေ့တော့ မ၀ယ်နိုင်ဘဲ သရေကျပြန်ခဲ့ရတယ်။ ဟင်း ဟင်း 200 လောက်ကတော့ ကျွန်တော် Adsense အကောင့်ထဲမှာ .. အဲလောက်မရှိဘူးလို့ =( ပိုက်ပိုက်ရှိတောင် ဒီနိုင်ငံကို ဘယ်ပို့မလဲ။ တင်းတယ် ပိုက်ပိုက်ရှိလည်း ၀ယ်လို့မရနိုင်ဘူး။ အဲဒီ ဂစ်တာ ဒီဇိုင်းလည်း အရမ်းကြိုက်ပဲ AC-DC ကိုင်ကတည်းက ကြိုက်တယ် နောက် School Of Rock ထဲမှာ Jack Black ကိုင်ထားတာ မြင်တော့ ခိုက်တယ်။


ဒီ Guitar Set တစ်ခုလုံးကို ၂၀၀ ဆိုတာကတော့ တကယ်တန်ပါတယ်။ အဲဒီ ၂၀၀ ရဲ့ မြန်မာငွေနဲ့ ဒီမှာ ကိုရီးယားထုတ် ဂစ်တာ (ဂစ်တာကြည့်ပဲ Amp မပါ) ပဲ ဂစ်တာတောင် အကောင်းမရနိုင်ဘူး။ အခု ၂၀၀ ကတော့ Amp ရော၊ လွယ်ကြိုး၊ tuner၊ soft bag၊ နောက် picks လေးတွေတောင် ပါလိုက်သေးတယ်။ တကယ်ပါဗျာ ဒီမှာသာ 200 နဲ့ ၀ယ်လို့ရနိုင်ရင် အိမ်ကမသိအောင် ရှိတဲ့ ပစ္စည်းခိုးရောင်းပြီး ၀ယ်လိုက်မယ်။ ဟင်း ဟင်း နောက်နှစ် Xmas ကျမှ ၀ယ်မယ် အခုတော့ Ads နဲ့ အခြား ဟာတွေကနေ ပိုက်ပိုက်ရှာဦးမယ်။

Related Post

  • Jackson Guitar

    Technorati TagGuitar, guitar discount, Epiphone SG, Jackson Guitar


  • Related Posts

    • No Related Post

    Leave a Comment

    Name: (Required)

    E-mail: (Required)

    Website:

    My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

    Comment: