hit counter

Gibson Robot Guitar


ဂစ်တာတီးတဲ့သူတွေမှာ နာမည်ကျော် ဂစ်တာသမားတွေရဲ့ သီချင်းတွေကို တီးဖို့ ကြိုးစားရင် ပထမဆုံးကြုံရမှာက tuning ပြသနာပါပဲ။ ကျွန်တော်ဆိုရင် ဂစ်တာ တီးတတ်ခါစက လုံးဝကြိုးမညှိတတ်ပါဘူး အခုတောင် standard tuning တောင် မနည်းညှိနေရတာ။ အဲဒီလို ပြသနာတွေ အဆင်ပြေဖို့ ကမ္ဘာပထမဆုံး Robot Guitar ဆိုတာလာပါပြီ။ Gibson ကနေ သူရဲ့နာမည်ကျော်ဂစ်တာ Les Paul အတိုင်း Robot Guitar ကို ထုတ်လိုက်ပါပြီ။ ဒီဂစ်တာမျိုးထုတ်နိုင်ဖို့ Gibson က လွန်ခဲ့ ၁၅ နှစ်ခန့် ကတည်းက သုတေသနလုပ် ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ဂစ်တာက ဘာလုပ်ပေးနိုင်မလဲ ? ဒီ ဂစ်တာက ကြိုးလဲတဲ့အခါမှာ ကြိုးတပ်ပြီး control ကိုလှည့်လိုက်တာနဲ့ standard tuning ဒါအပြင် non-standard tuning 6 မျိုးကို အလိုလျှောက်ညှိပေးနိုင်ပါတယ်။

ဒီ ဂစ်တာကို Robot Guitar အပြင် Voodoo Child Guitar လို့လည်း နာမည်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီဂစ်တာရှိယုံနဲ့ သင့်ရဲ့ ဂစ်တာသံက Guitar God Jemi Hendrix ရဲ့ Voodoo Child လို နာမည်ကျော် သီချင်းသံမျိုး ထုတ်ပေးနိုင်မှာပါ။ Voodoo Child သီချင်းက တကယ်ကောင်းတဲ့ သီချင်း အရင် Gibson နှစ် ၁၀၀ ပြည့်ပွဲတုန်းက Slash (Velvet Revolver, ex – Guns N Roses) နှင့် Zakk Wylde (Ozzy Osbourne, Black Label Society) တို့ နှစ်ယောက် အတူတွဲတီးကြပါသေးတယ်။ တခါတလေ မြန်မာကားတွေမှာလည်း နောက်ခံ တီးလုံး အနေနဲ့ ကြားရတတ်ပါတယ်။

Robot Guitar ကို limited edition အနေနဲ့ လောလောဆယ် အလက် 4,000 ပဲ ထုတ်ပါတယ်။ အရောင်က အားလုံး silver blue တွဲထားတဲ့ အရောင်ပါ။ US မှာ December 7 ရက်က စဖြန့်ပါတယ်။ $2,500 ပါ။ Standard Robot edition ကိုတော့ Jan 2008 မှာ စဖြန့်ပါလိမ့်မယ်။ နောက်ဆို ဂစ်တာ effect ပါ နာမည်ကျော်တွေလို အလိုလျှောက် ချိန်ပေးနိုင်မယ့် ဂစ်တာမျိုးတွေ ထွက်မလာဘူးလို့ ဘယ်သူပြောနိုင်သလဲ။

  • Gibson Robot Guitar
  • Jimi Hendrix – Voodoo Child
  • Slash & Zakk Wylde – Voodoo Child

    Related Posts

  • Jackson Guitar

    Technorati TagGibson, Robot Guitar, Voodoo Child Guitar, Jimi Hendrix


  • Related Posts

    • No Related Post

    Leave a Comment

    Name: (Required)

    E-mail: (Required)

    Website:

    My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

    Comment: