Please + Me
ကျွန်တော့် ဘလောခ့်နဲ့ ပက်သတ်ပြီး တောင်းဆိုချင်တာလေးတွေရှိတယ်ဗျ။ အဲဒါလေးတွေကို photoshop နဲ့ ပုံဆွဲထားတယ်။ ကြည့်ကြည့်ပါဦး။
ကျွန်တော်ပြောချင်တာကဗျာ ကျွန်တော့် ဘလောခ့်မှာ ပို့စ်နဲ့ သက်ဆိုင်တာလေးတွေ ရေးမယ်ဆိုရင် ကွန်မန့်မှာ ရေးပေးခဲ့စေချင်ပါတယ်။ အခုဆိုရင် Blogger Comment က အရင်လိုမဟုတ်တော့ပါဘူး အလွယ်တကူရေးလို့ ရနေပါပြီ။ WordPress လိုပဲ အကောင့်မရှိလည်း nick name, link နဲ့ ရေးလို့ရတာပဲ။ အဲဒီလိုရေးတော့ ပိုတောင်ကောင်းပါသေးတယ်။ Pagerank အတွက်ရနိုင်တယ်လေ ကျွန်တော် No Follow ဖြုတ်ထားပါတယ်။ နောက် Recent Comment ထည့်ထားပါတယ်။ Index နှစ်ခါရနိုင်ပါတယ်။ ကွန်မန့်ကသိပ်မမျှော်လင့်ပါဘူး ကျွန်တော့်လို နည်းပညာ၊ ဘလောခ့်၊ ဟာသ ရေးနေတဲ့ မိတ်ဆွေ ဘလောခ့်တွေလည်း ကွန်မန့်မရှိတာ အတူတူပါပဲ =) ။ ကွန်မန့်မရေးရင်လည်း rate လေးတော့ နှစ်သက်သလို ပေးသွားခဲ့ကြ ပါခင်ဗျာ။ ကျန်တာတွေကတော့ မိတ်ဆွေတို့ သဘောပါပဲခင်ဗျာ။


M B L 0 G G E R said,
Wrote on January 17, 2008 @ 6:23 pm
မှန်တယ်ဗျ ကိုတေရ၊ Comment ဆိုတာက စာဖတ်သူရဲ့ အသံဖြစ်သလို စာရေးသူအတွက်လည်း ကိုယ်ရေးလိုက်တဲ့ စာတစ်ပုဒ်က (မြန်မာဘလော့ဂ္ဂါတွေအတွက်) အများဆုံးအဆင့် ပြန်ရတဲ့ ပဲ့တင်သံ၊ ဒါမမဟုတ် ကျေနပ်မှုလေး တစ်ခုပါပဲဗျာ။
အစကတည်းက ရည်ရွယ်ချက်ရှိရှိ အငြင်းပွားစရာ စာမျိုးရေးတဲ့ သူကျတော့လည်း တစ်မျိုးပေါ့ဗျာ။ ဒါပေမယ့် မြန်မာဘလော့တွေနဲ့ ဘလော့ဂ်ဖတ် ပရိတ်သတ်ကြားမှာ နည်းပညာနဲ့ပတ်သက်ပြီး ဝေဖန်ဆွေးနွေးတာမျိုးအတော် လေးကို အားနည်းနေသေးတာကို တွေ့ရတယ်ဗျ။
ဘယ်လိုယူဆရမလဲ ဆိုတာကို တော့ အတော်စဉ်းစားရ ကျပ်တယ်ဗျို့။ သူ့ဟာနဲ့သူသိတဲ့၊ တတ်တဲ့ သူတွေလည်း ရှိတော့ရှိမှာပါပဲ။ ကိုယ် သိတာကို လူမသိစေချင်တာလား၊ မမျှဝေချင်တာလား၊ ဒါမမဟုတ် မှတ်ချက်ရေးရာမှာကို ကြောက်တဲ့၊ မှတ်ချက်ကြောက်ရောဂါ လို့ပဲနာမည်တပ်ရမလား မသိပါဘူးဗျာ။ အထွေထွေ အခက်အခဲ ရှိတဲ့သူကျတော့လည်း တစ်မျိုးပေါ့ဗျာ။
ကျွန်တော်ကိုယ်တိုင်လည်း နည်းပညာ နဲ့ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင် မသိသေးပါဘူးဗျာ။ ဒါပေမယ့် ကိုယ်စိတ်ဝင်စားတဲ့၊ အနည်းငယ်လည်း ဆွေးနွေးနိုင်တဲ့ နေရာမျိုးမှာတော့ ဆွေးနွေးလိုက်တာပဲဗျ။ မှားချင်လည်း မှားသွားမှာပေါ့။ ဒါပေမယ့် အမှန်ကိုသိတဲ့ သူက ကိုယ့်ကို ပြင်ပေးလိုက်ရင် ဒါ မှတ်ချက်ရေးခြင်းရဲ့ အမြတ်ဖြစ်သွားပြီပေါ့။
ဖိုရမ်တွေမှာတော့ ပုံစံတစ်မျိုးပေါ့ဗျာ။ ဒီဘလော့ဂ်မှာတော့ Comment ဆိုတဲ့ နေရာကပဲ စာရေးသူနဲ့ စာဖတ်သူကို ဆက်သွယ်တံတားထိုး၊ အပြန်အလှန်နားလည်မှု ပေးနိုင်တဲ့ တစ်ခုတည်းသော နေရာလို့ပဲ ကျွန်တော်တော့ ယူဆတယ်ဗျ။
Shout Box ရှိပေမဲ့လည်း Shout Box ဆိုတာက ပြောရရင် အိမ်ထဲမ၀င်ချင်လို့ အိမ်အပြင်က နေ ” ဟ ကောင်ကြီး၊ ငါလာသွားတယ်ဟေ့” လို့အော်သွားတာမျိုး လောက်ပဲ အသုံးဝင်တာမျိုးကိုဗျ။ တစ်ကယ်တန်း ကဏ္ဍတစ်ခုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားရင် အဲဒီကဏ္ဍနဲ့ ပတ်သက်တဲ့ ဆောင်းပါးအောက်မှာ Comment ရေးပြီးဆွေးနွေးသင့်တာ အမှန်ပါပဲ။
အေးဗျာ။ ကျွန်တော့် Comment လည်း အတော်ရှည်နေပါပြီ။ ဘလောဂ့်တွေ၊ ဘလော့ဂ်တွေမှာ နည်းပညာနဲ့ သက်ဆိုင်တဲ့၊ အသိအမြင်ပွားစေမဲ့ ပို့စ်တွေ ဆောင်းပါးတွေအောက် Comment တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့၊ စိတ်ဝင်တစ်စား အပြန်အလှန်သင်ယူနေကြမဲ့၊ ဆွေးနွေးနေကြမဲ့ နေ့မျိုးရောက်လာဖို့ပဲ မျှော်လင့်မိတယ်ဗျို့။
Like or Dislike:
0
0
လေးမ said,
Wrote on January 17, 2008 @ 6:35 pm
ဇီးကွက်ရေ…
လေးမ vote နှိပ်တာ ကြယ်၁လုံးပဲလင်းတယ်…။ ဘာရို့လဲ..။ ၅ ခုလုံး နှိပ်လို့မရဘူးလား…။
Like or Dislike:
0
0
MgThaJan said,
Wrote on January 17, 2008 @ 7:50 pm
ပွတ်သွားတယ်ဟေ့
Like or Dislike:
0
0
kthuyein said,
Wrote on January 26, 2008 @ 7:31 pm
ကွန်မန့်ပေးသွားတယ် ဘလင့်။ ညီအခုတလော ပျောက်နေတယ်နော် …
Like or Dislike:
0
0
စိုးထက် - Soe Htet ! said,
Wrote on February 8, 2008 @ 5:00 am
နည်းပညာ လေ့လာချိန် နည်းနေတော့ ဖတ် ပြီးရင်တောင် သိပ် မလုပ် ဖြစ်ဖူး … အခုမှ လေ့လာ ဆဲပဲ
Like or Dislike:
0
0