Beware Of Computer Technician
သူငယ်ချင်းတစ်ယောက်ရဲ့ ဘလောခ့်မှာ Hong Kong က မင်းသား၊ မင်းသမီး အတွဲရဲ့ မတော်တရော် video အင်တာနက် ပေါ် ပြန့်နေတဲ့ သတင်းဖတ်လိုက်ရတယ်။ အင်း အဲဒီ မင်းသားက Edison က သူ့ computer ကို computer technician လက်ထဲကို ပြင်ဖို့ အပ်လိုက်ရာကနေ အဲဒီ ဗီဒီယိုက harddisk ထဲကနေ ရသွားပြီးပြန့်သွားတာပါတဲ့။ ကျွန်တော်တို့ဆီမှာလည်း အဲဒီလို အဖြစ်မျိုးတွေ တိုက်တိုက်ဆိုင်ဆိုင် ရှိတယ်ဗျ။ နာမည်ကျော် အဆိုတော်တစ်ယောက် ကွန်ပျူတာလည်း အဲဒီလိုပဲ ပျက်လို့ ပြင်ဆိုင်ပို့လိုက်တာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ဗီဒီယိုဖိုင် အခုပြန့်နေပြီဗျ။ အခု Hong Kong ကမင်းသားကတော့ သူပြင်တဲ့ ကွန်ပျူတာဆိုင်ကို တရားစွဲနေတယ် ကြားတယ်။ ဒီမှာလည်း ကွန်ပျူတာဆိုင်ကို တရားစွဲနေတယ်လို့ သူငယ်ချင်းတစ်ယောက်ဆီက ကြားရတယ်။ ထားပါလေ ဒါက ဘာလဲဆိုတော့ ကိုယ်ဘာသာ ဂရုမစိုက်ကြတာပဲ ကွန်ပျူတာ ပြင်တဲ့အခါ ဆိုင်ပို့တဲ့အခါတွေမှာ ပထမဆုံးလုပ်ရမှာက ကိုယ့်ရဲ့ data တွေ back up လုပ် ပြီးရင် အရေးကြီးတာတွေ ဖျက်ရမယ်။
အကောင်းဆုံးကတော့ ကိုယ့်ရဲ့ Data ကို ပြင်ဆိုင်မပို့ခင်မှာ back up (စိတ်ချရတဲ့နေရာ) ဥပမာ – cd, dvd ကူးပြီးဖွင့်လို့ရမရ စမ်းကြည့်ပြီး HD ကဖိုင်တွေဖျက်ပစ် အဲဒီလိုလုပ်ပြီးမှ ပို့တာအကောင်းဆုံးပါ။ ဒါမှမဟုတ်လည်း မိတ်ဆွေရဲ့ data ကို slave HD ထဲမှာပဲ သိမ်းပြီး ပြင်ဆိုင်ပို့ရင် အဲဒီ slave HD ဖြုတ်ထားလိုက်ပြီးမှ ပို့ပေါ့။ တစ်ခုတော့ သတိရှိပါ ၂ ခု backup လုပ်ထားရင် ၂ ဆပိုပြီးစိတ်ချရတယ်ဆိုတာပါပဲ။ ကျွန်တော်လည်း ပြင်ဆိုင်ကိုပို့ရမယ်ဆိုရင် slave ကိုပဲဖြုတ်လိုက်တာပါပဲ။ ကျွန်တော့်မှာတော့ အရေးကြီး data မရှိပါဘူး သီချင်းတွေ၊ ဂစ်တာနှတ်တွေ၊ mtv vidz တွေပဲရှိတာပါ ဒါပေမယ့် အဲဒါတွေက ပိုက်ဆံရှိလည်း ပြန်ဝယ်လို့မရနိုင်တဲ့ သီချင်းတွေ အများကြီးပါတယ်။ ဆိုင်က ရူးချင်ယောင်ဆောင်ပြီး format ချလိုက်ရင် ကုန်မှာစိုးလို့။ ကြုံတုန်းပြောပါဦးမှာ မိတ်ဆွေစက်မှာ virus ၀င်ခဲ့ရင် ပြင်ဆိုင်မပို့ပါနဲ့ ကိုယ့်ဘာသာရအောင် ဖြေရှင်းပါ။ ဘယ်လောက်ကြမ်းတယ်ဆိုတဲ့ virus ပဲဖြစ်ဖြစ် ကြိုးစားရင် အသေသတ်လို့ရပါတယ်။ ပြီးတော့ အင်တာနက်က anti-virus ဆိုဒ်တွေ၊ Internet security site တွေ၊ ဖိုရမ်တွေမှာ ကြည့်ကြည့်ပါ မိတ်ဆွေရဲ့ အကြမ်းဆုံးဆိုတဲ့ အကောင်ကို ၂ ပတ် ဒါမှမဟုတ် ၃ ပတ်လောက် အတွင်းမှာ စက်ကဒေတာ ဘာမှမဖြစ်ပဲ သတ်လို့ရတဲ့နည်းတွေ software တွေ update ရမှာပါ။ ဆိုင်ပို့လိုက်ရင်တော့ ဟိုကမနိုင်ရင် ရူးချင်ယောင်ဆောင်ပြီး format ပဲ ချပေးပါလိမ့်မယ်။ ဒီတော့ မိတ်ဆွေတို့ ကွန်ပျူတာကို ပြင်ဆိုင်ပို့ခါနီးရင် backup လုပ်ဖို့ စဉ်းစားပါ။ မိတ်ဆွေသိပါတယ် ကျွန်တော်တိှု့ဆီမှာ bluetooth နည်းပညာက ဘယ်လောက် တိုးတက်နေတယ်ဆိုတာ =) ဒီတော့ သတိထားပါ ကွန်ပျူတာပြင်ခါနီးရင်။ ပျော်ရွှင်ပါစေ။

May Burma said,
Wrote on February 28, 2008 @ 8:51 pm
good advice
Like or Dislike:
0
0
tayzar said,
Wrote on March 3, 2008 @ 8:47 pm
ွှ့Thanks a lot sis for your comment =)
Like or Dislike:
0
0