hit counter

Google Glossary Search

Google ကိုတော့ ကျွန်တော် မိတ်ဆက်ပေးစရာလိုမယ် မထင်ဘူး =) ။ ကျွန်တော် အရင်က ရေးခဲ့တဲ့ အင်တာနက်ကို ရှာဖွေမွှေနှောက်ခြင်း ဆိုတဲ့ ပို့စ်ကို ဖတ်ပြီးပြီလို့ ထင်ပါတယ်။ အဲဒီမှာ Search Engine တွေမှာ ရှာဖွေနိုင်တဲ့ နည်းတွေရေးထားပါတယ်။ အခုကတော့ Google ရဲ့ Glossary Search အကြောင်းပါ။ ဒီရှာနည်းကတော့ အခြား Search Engine တွေမှာ အလုပ်လုပ်မယ်မထင်ဘူး Google မှာပဲ ရတယ်ထင်တယ်။ ကျွန်တော်တို့ မသိတဲ့ စကားလုံးတစ်လုံးရဲ့ အဓိပ္ပာယ်ကို ရှာချင်တဲ့ အခါ Google မှာ ရိုက်ရှာလိုက်ရင် သူက dictionary ဆိုဒ်တွေ အခြားဆိုဒ်တွေက ကျွန်တော်တို့ ရှာလိုက်တဲ့ စာလုံးပါရင်ပြီးရော result ပြပေးမှာပါ။ ပြီးတော့ အဲဒီလင့်တွေမှာ ကိုယ်ရှာတဲ့ စာလုံးရဲ့ အဓိပ္ပာယ်ကိုလည်း သိပ်တိကျအောင် မတွေ့ရနိုင်ပါဘူး။ ဒီတော့ ဒီလိုရှာပါ ကိုယ်ရှာချင်တဲ့ စာကားလုံး (keyword) အရှေ့မှာ define:keyword အဲဒီလို ရှာလိုက်မယ်ဆို၇င် ကျွန်တော်တို့ရှာလိုက်တဲ့ စာကားလုံး အဓိပ္ပာယ်ကို တိတိကျကျရှာပေးမှာပါ။ ဥပမာ – Wikipedia, WorldNet တို့လို နေရာတွေကနေပေါ့။ အစက ဒီ glossary search က Google ရဲ့ lab project ပါ။ အခုတော့ Google Home Page မှာပါ ရှာလို့ ရနိုင်ပါပြီ။ ဒီ glossary search က ဘာသာစကား ၉ မျိုး support လုပ်ပါတယ်။ English, French, Italian, German, Spanish, Portuguese, Dutch, Chinese, Russian တို့ပါ။ ပျော်ရွှင်ပါစေ။

Technorati TagGoogle, Glossary Search, SEO


Related Posts

  • No Related Post

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: