Happy Singles Awareness Day
ဒီနေ့ February 15 ရက် SAD နေ့ဖြစ်ပါတယ်။ SAD ဆိုတာ Singles Awareness Day ကို အတိုချုံခေါ်တာ ဖြစ်ပါတယ်။ တကယ်တော့ SAD နေ့က တချို့တွေက 13, 14, 15 လို့ တချို့ကပြောကြပါတယ်။ ဒါပေမယ့် 14 ရက်နဲ့ မရောချင်တာကြောင့် 15 ရက်ကိုပဲ အားလုံးက အတည်ပြုခဲ့ကြတာပါ။ SAD က Valentine’s Day ကို ဆန့်ကျင်တဲ့သူတွေ တစ်ယောက်တည်း သမားတွေကို ဂုဏ်ပြုတဲ့နေ့ပေါ့။ ဒီနေ့မှာ တစ်ယောက်တည်းသမားတွေက စုပြီး အချင်းချင်း ရင်ဖွင့်ကြတဲ့နေ့ပါပဲ။ ဒီမှာတော့ ဘော်ဒါတွေက စုပြီး ၁၉လမ်းကို သွားကြလိမ့်မယ် ထင်တယ် =) ။ Wikipedia မှာ သွားကြည့်တော့ ထိုင်ဝမ်၊ ဂျပန်၊ ကိုရီးယားတို့မှာ ချစ်သူတွေကို ဆန့်ကျင်တဲ့ အဖွဲ့တောင်လုပ်ထားကြတယ်ဆိုပဲ။ Japan မှာ Lovers-go-die club ဆိုပြီးရှိတယ်တဲ့။ သူတို့က manga ကာတွန်း စာအုပ်တစ်အုပ်ကနေ ဒီလို အုပ်စုဖွဲ့ဖို့ အကြံရသွားတာ ဆိုပဲ။ Korea မှာလည်း ဆင်တူအဖွဲ့ Unit Solo ရှိတယ်တဲ့။ ကျွန်တော်တို့ နိုင်ငံမှာတော့ မရှိသေးဘူး။ အခုစဖွဲ့လိုက်ရင် ကောင်းမယ်ထင်တယ် =) ။ နောက်ပြီးတော့ ၁၉ လမ်းကို ဗဟိုရုံးချုပ်ထားလိုက်မယ်လေ =) ။ မနေ့က ကျွန်တော်ပြောပါတယ် ဒီနေ့မှ ကျွန်တော့်နေ့ရောက်မှာလို့ =) ။ ဒီနေ့မှာ သူများနိုင်ငံတွေ singles တွေက စုပြီး party ပေးကြမယ်တဲ့။ ကျွန်တော့်တို့ကလည်း အဆင်ပြေရင် ပါတီလုပ်မယ် =) ။
Valentine’s Day က တကယ်တော့ အသုံးချခံနေ့ပါဗျာ အဲဒီနေ့မှာ အလုပ်ဖြစ်တာက စီးပွားရေးသမားတွေပဲ သူတို့ရဲ့ ရောင်းမစွံ ပစ္စည်းတွေကို Valentine Discount ဆိုပြီး အရောင်းထုတ်ကြမယ် နောက် date လွန်နေတဲ့ ရှေးခေတ်က ချောကလတ်တွေ ဖုန်သုတ်ပြီး ထုတ်ရောင်းကြတဲ့ ပွဲပဲ။ မိတ်ဆွေ ကံထူးရင် ချောကလတ်မှာ မှိုလေးတွေတောင် ပါလာနိုင်သေးတယ်။ ပြီးတော့ ဘယ်သွားသွား အတွဲတွေနဲ့ ရှုတ်ရှုက်ခတ်နေလိမ့်မယ်။ တက္ကစီသမားတွေလည်း ဈေးပိုတောင်းလိမ့်မယ်။ ကျွန်တော်တို့ SAD နေ့နဲ့ ကွာချင်တိုင်းကွာတယ်။ ကျွန်တော်တို့ SAD နေ့မှာ မိတ်ဆွေ မှိုတက် ချောကလတ်တွေ ရောဂါအဖြစ်ခံပြီး စားစရာမလိုဘူး လတ်လတ်ဆတ်ဆတ် ဟင်းလျာတွေနဲ့ ရွှေတံဆိပ်ဆုတွေ အပြွတ်လိုက်ရထားတဲ့ စည်ဘီယာ ကြီးတွေနဲ့ ဆင်နွဲရမှာ။ တကယ်တော့ ဘီယာသောက်တာက သောက်ချင်လို့ သောက်ကြတာ မဟုတ်ပါဘူး ကမ္ဘာပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ အနေနဲ့ သောက်ကြတာ ခင်ဗျား မြင်မှာပါ အာဖရိကတို့၊ အန္ဒိယတို့မှာ ရေဘယ်လောက်ရှားသလဲ ကျွန်တော်တို့က သူတို့ကို ရေလှူချင်လို့ အနစ်နာခံပြီး ဘီယာပဲ သောက်ကြရတာ။ ပြီးတော့ နှစ်ချို့ ချောကလတ်အစား နှစ်ချို့ ၀ိုင် ကောင်းကောင်းတွေလည်း သောက်နိုင်တယ်။ ၀ိုင်က ကျန်းမာရေး အတွက်ကောင်းတယ်တဲ့ =၀ ။ ပြီးရင် စိတ်ပါရင် ကနေလို့တောင်ရသေးတယ်။ မိတ်ဆွေကို ချုပ်ချယ်မယ် နားပူနားဆာလုပ်မယ့် သူဘယ်သူမှမရှိဘူး။ ဆက်ပြောရရင် မဆုံးနိုင်လောက်ဘူး။ မိတ်ဆွေ စဉ်းစားကြည့်လို့ရမှာပါ Valentine’s Day နဲ့ SAD နေ့ နဲ့ ဘယ်ရက်က ပိုကောင်းလည်းဆိုတာ။
SAD နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ Wallpapers တွေ လုပ်ထားတယ်။ Photoshop နဲ့ပဲလုပ်ထားတာပါ။ Shape လေးတွေအတွက် s3venday ကိုလည်း ကျေးဇူးတင်ပါတယ် (Special Thanks To S3venday) ။ ဆိုဒ်က 1280 x 960 ပါ။ 7 ခုလောက်လုပ်ထားတာပါ။ ရိုးရိုးရှင်းရှင်း ပုံစံနဲ့ပါပဲ။
Wallpapers (click on the image to get high resolution wallpaper)
sad, singles, days for singles

.png)

.png)
.png)
.png)

layma said,
Wrote on February 15, 2008 @ 10:52 pm
အော်..ဒီနေ့က ဇီးကွက်နေ့ပေါ့…။ ဘီယာသောက်ပြီး…ရေငတ်နေတဲ့သူတွေကို ကယ်တင်နေတယ်ပေါ့လေ…။ကောင်းပ…။ star ၅ ခုဆွဲတာ မရဘူးဖြစ်နေတယ်..။
Like or Dislike:
0
0
စိုးထက် - Soe Htet ! said,
Wrote on February 16, 2008 @ 5:29 am
ကောင်းတယ် ဗျ ခုမှ သိတယ် … ဒါပေမယ့် နောက်ကျ သွားပြီ
Like or Dislike:
0
0
M B L 0 G G E R said,
Wrote on February 16, 2008 @ 6:55 am
ဟက်ဟက် . မောင်ရင်တို့ကတော့ လုပ်ပီ.. မှတ်သားဖွယ်ပါပဲဗျာ။ ကျုပ်တို့လို ဝေးနေတဲ့ သူတွေကျတော့ ဘယ်အဖွဲ့ထဲပါရင် ကောင်းမလဲဗျ။ အကြံလေး ဘာလေး ပေးစမ်းပါဦး။ =)
Btw, wallpaper design တွေ လန်းတယ်။ လက်ရာ ပိုကောင်းလာတယ်။
Like or Dislike:
0
0
May Thit Sar Maung said,
Wrote on February 16, 2008 @ 8:45 pm
လာလည်တာ ကျေးဇူးပဲနော်။ ‘Happy Singles Awareness Day’်ရေးထားတာ..ဖတ်လို့ကောင်းပါတယ်။ U r right, being single is not as bad as what most people think. Much more peaceful, i guess!
Like or Dislike:
0
0
Anonymous said,
Wrote on February 17, 2008 @ 5:20 pm
ဟားဟား fri ရာ သိုးလေးကိုလည်း ခေါ်လိုက်ရောပေါ့။ ဂုဏ်ပြုကြတာပေါ့ အဲဒီနေ့ကို။ ကိုမှော်ဆရာက ကြော်ငြာဝင်နေတယ် ဝေးနေတဲ့သူ တဲ့
အေးချမ်းသူ
Like or Dislike:
0
0
tayzar said,
Wrote on February 17, 2008 @ 6:58 pm
layma @ ဟုတ်ပါ့ဗျာ ကျွန်တော်တို့နေ့လေ =)
Bro soe htet @ ဟီး ဟီး အကိုစိုးထက်ဘာတွေ နောက်ကျတာလည်းဗျ။
Bro mbl0gger @ အကိုတို့ကျတော့ အဝေးရောက် လွမ်းတတ်သူများ အဖွဲ့ဆိုရင်ကောဗျ =) wallpaper တွေလား ဟုတ် ကြိုးစားဆဲပါ ကျွမ်းကျင်သေးဘူး ဗျ။
May Thit Sar Maung @ ကွန်မန့်ရေးပေးတာ ကျေးဇူးပါ။ hote, 1 better than 2 =D
thoemalay @ သိုးမလေးကို ခေါ်မလို့ပဲ ပျောက်နေတာကိုး =) ဟား ဟား
Like or Dislike:
0
0
Happy Valentine to YOu!! | My Burmese Blog said,
Wrote on February 14, 2009 @ 5:28 pm
[...] ကျွန်တော်နဲ့ မဆိုင်ဘူး မနက်ဖြန် february 15 က မှ ကျွန်တော့်ရက် ဖြစ်လာမှာ. [...]
Like or Dislike:
0
0
Singles Awareness Day | My Burmese Blog said,
Wrote on February 15, 2009 @ 2:04 pm
[...] Singles Awareness Day 2007 Related PostsHappy Valentine to YOu!!Mist MorningWay to MandalayMerry Christmas!!သီတင်းကျွတ် လပြည့်နေ့ဘလောဂ်ရေးခြင်းမှ ခဏ နားခွင့်ပြုပါColors Of The Rainbow [...]
Like or Dislike:
0
0