Happy Valentine
ဒီနေ့ Febuary 14 ရက်နေ့ဆိုတော့ Valentine’s Day ပေါ့။ ဒီနေ့ ချစ်သူများနေ့ဆိုပြီး ဘယ်သူများ သတ်မှတ်ခဲ့ပါလိမ့် =) ကျွန်တော့် အတွက်တော့ ဘယ်သွားသွား အဆင်မပြေတဲ့နေ့ပဲ ဖြစ်လိမ့်မယ်။ ဘယ်နေရာသွားသွား စုံတွဲတွေတွေ့ရလိမ့်မယ်။ ကျွန်တော်ကတော့ တစ်ယောက်တည်းနေတာ အကျင့်လိုဖြစ်နေပါပြီလေ။ ဒီရက်တွေမှာ တကယ်တော့ နေရတာတမျိုးကြီးပဲ တစ်ယောက်ယောက်ကို သတိရနေရ သလိုပဲ သီချင်းနားထောင်ရင်လည်း အချစ်သီချင်းပေါ့သီချင်းတွေ နားထောင်မိတယ်။ မဖြစ်ဘူး သီချင်းနားထောင်ရင် စိတ်က တစ်ယောက်ယောက်ကို လွမ်းချင်လာလိမ့်မယ်ဆိုပြီး ခဏတိုင်း rock, metal, punk တွေနားထောင်ပြီး အော်ဆိုပြီး ပေါက်ကွဲနေလိုက်တယ်။ စိတ်ပျော့နေလို့တော့ မဖြစ်ဘူးပေါ့။ တကယ်တော့ ဒီရက်တွေရောက်တိုင်း တစ်ယောက်တည်းပဲ ဖြစ်နေတာ ငယ်ငယ်ကတည်းကပဲလေ။ တခါတလေတော့လည်း ကိုယ့်ကိုနားလည်ပေးမယ်သူတစ်ယောက်လောက် လိုချင်သလိုလိုဖြစ်တတ်တယ်၊ တစ်ခါတလေတော့လည်း တစ်ယောက်တည်းနေရတာ က ပိုကောင်းတယ်လို့ ခံစားမိတယ်။
တကယ်တော့ ကျွန်တော်က မိန်းကလေးကို လိုက်ပြောလို့ ဘော်ဒါတွေ ပြောလည်း မလုပ်ရဲဘူး။ မျက်လုံးချင်ဆုံရင်တောင် ကျွန်တော်ကပဲ အရင် ခေါင်းငုံတယ်။ ဘော်ဒါတွေနဲ့ဆို ရယ်စရာတွေပဲမနားတန်းပြောနိုင်ပေမယ့် မိန်းကလေးတွေရှေ့မှာကျ စကားတောင်မပြောရဲဘူး။ အဲဒီတော့ တစ်ယောက်တည်းဖြစ်တာ အဆန်းမဟုတ်ပါဘူးလေ။ တခါတလေတော့လည်း စိတ်ကူးယဉ်ကြည့်တယ် ကျွန်တော့်ကို နားလည်ပေးနိုင်မယ် ပြီးတော့ အရယ်သန်မယ် ဘာလို့လည်းဆိုတော့ ကျွန်တော်က ရယ်စရာပြောရတာ ၀ါသနာပါတယ်လေ။ လမ်းလျှောက်ရတာ ၀ါသနာပါမယ် ကျွန်တော်က လမ်းအရမ်းလျှောက်တယ်။ စကားမပြောဘဲ နေ၀င်တာကို အတူကြည့်မယ်။ နောက် သီချင်းအတူတူနားထောင်မယ်။ အဲဒီလိုမျိုးတွေတော့ စိတ်ကူးယဉ်တတ်တယ်။ တကယ်တော့ အပြင်မှာတော့ ထပ်တူမကျနိုင်ဘူးလေ။ ဟား ဟား တစ်ခါတလေတော့လည်း တစ်ယောက်တည်းနေရတာ ကောင်းတယ်လို့ထင်တယ်။ တစ်ယောက်တည်းနေ တစ်စိတ်တည်းထားပေါ့။ ဘာလို့လည်း ဆိုတော့ တခါတလေ ကိုယ့်စိတ်နဲ့ ကိုယ်တောင် မတည့်ချင်ဘူးလေ သူများနဲ့ တည့်ဖို့နေနေသာသာ။ တခါတလေပေါ့ ကိုယ်က ဥပမာ စိတ်က ဂိမ်းဆော့ချင်တယ် ဒါပေမယ့် လူကနေမကောင်းတော့ မထနိုင်ဘူး အဲဒါမျိုးတောင်ဖြစ်သေးတာပဲ နှစ်ယောက်သာတွဲနေရရင် ပိုဆိုးမှာပဲ။
တခါတလေတော့လည်း တစ်ယောက်ယောက်ကို မိုးတွေအုံ့ပြီးမှောင်ကျနေတဲ့ နေ့မှာ လက်အတူတွဲပြီး ကောင်းကင်ကို ကြည့်ချင်တယ်။ တခါတလေ မိုးရွာရင် တစ်ယောက်ဆောင်းထီးနဲ့ နှစ်ယောက်ဆောင်းပြီး သွားချင်ခဲ့တယ်။ အဲဒီအချိန်မှာ လမ်းပေါ်က လူတချို့က ကျွန်တော်တို့ကို သီချင်းလေးတစ်ပုဒ်ဆိုပြီး နောက်လိမ့်မယ်ထင်တယ်။ ပြီးရင် ပုဝါလေးနဲ့ ရေစိုနေတဲ့ ဆံပင်တွေကို ရေသုတ်ပေးချင်တယ်။ တခါတလေတော့လည်း သီချင်းတွေကို cdနဲ့ ကူးပြီး ပေးချင်ခဲ့တယ်။ Moffatts, M2M သီချင်းတွေနားထောင်ရင်းလည်း သတိရချင်တယ်။
ဒီနေ့တော့ ကံဆိုးတဲ့နေ့ပဲ mp3 က နားကျပ်တစ်ဖက်ပျက်သွားတယ်။ ဒီတစ်ခါနဲ့ ၈ ခုလောက်ရှိပြီပျက်တာ။ Valentine ဆိုတာ တကယ်တော့ ပျင်းစရာကြီးပဲ =) ကျွန်တော့်အတွက်မှမဟုတ်တာ။ ချစ်သူရှိလည်း ဒီနေ့မှာ ဘယ်မှသွားမှာမဟုတ်ဘူး လူတွေကို မျက်စိနောက်လို့ နောက်ရက်မှ လျှောက်လည်မိမှာပဲ။ ဒီနေ့က အတော်ပျင်းဖို့ကောင်းတဲ့ရင်ပဲ သင်္ကြန်အကြိုမတိုင်ခင် ညလောက်တောင် စိတ်လှုပ်ရှားဖို့ မကောင်းဘူး။ တကယ်တော့ တစ်ယောက်တည်းနေတာပဲ ကောင်းပါတယ်လေ။ ထားလိုက်တော့ ဒီနေ့က ကျွန်တော့်အတွက် မဟုတ်ဘူး ကျွန်တော့်အတွက်နေ့က မနက်ဖြန်မှစမှာ =) ။ ဘာပဲပြောပြော Valentine’s Day မှာ ချစ်သူတွေ ပျော်ရွှင်ကြပါစေ။

ူလေးမ said,
Wrote on February 15, 2008 @ 11:03 pm
တစ်ချိန်မှာ တေဇာဇီးကွက်ရဲ့ ဘေးမှာ နေ၀င်တာ အတူထိုင်ကြည့်မယ့် ချစ်သူလေးရှိလာမှာပါကွယ်…။ အခုတော့ ဂိမ်း..သီချင်းနဲ့  နက် ကို အဖော်လုပ်လိုက်ဦးနော်..။
Like or Dislike:
0
0
tayzar said,
Wrote on February 17, 2008 @ 6:30 pm
ဟုတ် အခုတော့ ဂိမ်းဆော့လိုက် သီချင်းနားထောင်လိုက်ပဲနေတော့မယ် =)
Like or Dislike:
0
0