Red Alert 3 Attacking Soon!!
ပြီးခဲ့တဲ့ တစ်ပတ်လောက်က သတင်းတွေထဲမှာ Red Alert 3 ထွက်တော့မယ်လို့ ကြားလိုက်ရတယ်။ ပထမဆုံး သတင်းစပြန့်တာက ဟန်ဂေရီ မဂ္ဂဇင်း PC Gamer ကဆိုတော့ သိပ်တော့မယုံဘူး unofficial ပဲဖြစ်မယ်ထင်နေတာ။ အခုတော့ အတည်ဖြစ်သွားပြီ တကယ်ထွက်တော့မှာပါ Game Spot မှာ Screen Shot တွေကြည့်လို့ရနေပါပြီ။ Action, FPS တွေ ကြာကြာဆော့ရင် ခေါင်းမှုးတတ်တဲ့ ကျွန်တော်က အခု ဒီ Strategy ဂိမ်းအသစ်ကို လုံးဝကို ကြိုဆိုပါတယ် =) ။ လောလောဆယ် C & C ထဲက Tiberium (Kane Edition) ကိုတော့ ဂရပ်ဖစ်ကောင်းပြီး ပေါ့လို့ တော်တော်ကြိုက်ပါတယ်။ အခုလောလောဆယ် ထွက်ထားတဲ့ World In Conflict (Gamespot rating 9 ) ကိုတော့ အခွေဝယ်ရမှာ ပျင်းလို့ မဆော့ရသေးဘူး။ C & C က ထွက်သမျှတွေ ဟိုးအရင် Sony PS1 ကတည်းက အကုန်ကြိုက်ပါတယ် အထူးသဖြင့် General (Zero Hour) ကို ပိုကြိုက်တယ် အပြင်လောကနဲ့တူတယ် သဘာဝကျတဲ့ အတွက်ကြောင့်ပါ။ Red Alert တွေလည်း ကြိုက်ပါတယ် ဒါပေမယ့် သူက ခေတ်ရှေ့ပြေးနေတဲ့ ပုံမျိုးဆိုတော့ General လောက်တော့ မကြိုက်ပါဘူး။ အခု RA 3 တော့ ဂရပ်ဖစ်ပိုကောင်းလာပါတယ် အရင်လိုပဲ အပြင်မှာ မရှိတဲ့ နည်းပညာတွေနဲ့ လက်နက်တွေတော့ ပါဦးမှာပါ။ RA 3 ရဲ့ Announcement Video ကိုလည်း အောက်ကလင့်မှာ download လုပ်နိုင်ပါတယ်။

Red Alert 3, Command Conquer Red Alert 3, World In Conflict, Strategy Game

မျက်လုံး said,
Wrote on February 23, 2008 @ 2:01 am
တေဇာရေ
ဒီပို့စ်ကို ကွန်မန့်ပေးနေတာ ၂ ရက် ၃ ရက်လောက်ရှိပြီ။ ခုထိ မရနိုင်သေးဘူး။
Red Alert 3 ကိုတော့ မဆော့ရသေးကြောင်း၊ World in Conflict ကိုတော့ ဆော့နင်းကီးပါကြောင်း၊ Game ထဲက သီချင်းလဲ ကောင်းပါတယ်ဆိုတဲ့အကြောင်း၊ သီချင်း ဒေါင်းလုဒ်လုပ်ပြီး ဘယ်နားသိမ်းထားမှန်းမသိလို့ ရှာလိုက်ပါဦးမယ် ဆိုတဲ့အကြောင်း
Like or Dislike:
0
0