ရွှေဧည့်သည်နှင့် ဟိုဟိုဒီဒီ



ပြီးခဲ့တဲ့ တစ်ရက်က ကျောင်းအသွား ရွှေဧည့်သည် ၁ စီးရင်း ကားပေါ်မှာ တီဗီတပ်ထားတာ တွေ့လို့ ဖုန်းက ကင်မရာနဲ့ လျှောက်ရိုက်ထားတဲ့ ပုံပါ။ နှစ်လုံးတပ်ထားတယ် ပုံထဲမှာမြင်ရတာရယ် နောက်တစ်လုံးက ဒရိုင်ဘာနောက်မှာ (ပုံထဲမှာတော့ အစွန်းလေး ပေါ်နေပါတယ်)။ ဘာရယ်မဟုတ်ဘူး လျှောက်ရိုက်တာ စပယ်ရာ ဦးလေးကြီးက မြင်ပြီး ကျွန်တော့်ကို သတင်းထောက်လို့ ထင်သွားပုံရပါတယ်။ ဒါနဲ့ ကျွန်တော် ဆင်းမယ့် မှတ်တိုင်နားရောက်ခါနီးတော့ သူက မမေးရပဲ ဖြေပေးပါတယ် (ကျွန်တော်လည်း မေးမလို့ပါ)။ တီဗီက အခုတပ်ထားတာ ကြီုးတွေ မဆင်ရသေးဘူးတဲ့။ တီဗီက ရွှေဧည့်သည် ၁ ကော ၂ တော တားတိုင်းတပ်မှာပါလို့ ပြောပါတယ်။ ပြီးတော့ ဘာတွေပြမလဲဆိုတော့ ကာရာအိုကေ သီချင်းတွေနဲ့ သီချင်းကြားမှာ ကြေငြာတွေ ပြမှာပါတဲ့ သူကပဲ ဆက်ပြောပါတယ် ဒီ တီဗီတွေမှာ ကြေငြာချင်လည်း ရပါတယ်တဲ့။ သူ့ရဲ့ ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းနဲ့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လေးတွေ အဲဒီ တီဗီ အောက်နားလေးမှာ ပါပါတယ်တဲ့။

သူက City FM လိုပုံစံမျိုးပဲ ထင်ပါတယ်။ ဒီကားနဲ့ဆိုရင် ကျွန်တော် ရွှေဧည့်သည်မှာ တီဗီတပ်ထားတဲ့ ကားစီးဖူးတာ ၂ ကြိမ်မြောက်ပါ။ ပထမ အကြိမ်တုန်းကတော့ သီချင်းတွေ ကာရာအိုကေ တွေ ဖွင့်တယ်။ အဲဒီတုန်းကတော့ ကြေငြာမလာသေးဘူး။ အစမ်းတပ်ထားတဲ့ ပထမဆုံးကားလို့ ပြောပါတယ်။ စပယ်ရာ ဦးလေးကြီးက နောက်ဆို ရွှေဧည့်သည် တိုင်းတပ်မှာပါလို့ ပြောသွားပါသေးတယ်။ ကျွန်တော်ကတော့ တီဗီတပ်တာထပ် အဲယားကွန်းကို ပိုတပ်စေချင်တာပါ။ နေ့ဘက် ကျောင်းသွားရင် အတော်ပူပါတယ်။ အဓိပတိ(ပါရမီ) ကားကတော့ တီဗီမပါပေမယ့် လောလောဆယ်တော့ အဲယားကွန်းဖွင့်တော့ အတော် အဆင်ပြေပါတယ်။

Technorati TagShwe Ei Thal, Myanmar Bus, Burma





Related Posts

  • No Related Post

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: