Bit Font Maker

BitFontMaker ဆိုတာ အွန်လိုင်းပေါ်မှာတင် ကိုယ့်စိတ်ကြိုက် font ဒီဇိုင်းလေးလုပ်ပြီး download လုပ်သိမ်းထားနိုင်တဲ့ ဆိုဒ်ပါ။ လောလောဆယ် Beta 1 လို့တော့ တပ်ထားပါတယ်။ အဲဒီမှာ A key အတွက် မိတ်ဆွေကြိုက်တဲ့ ဒီဇိုင်းနဲ့ A ကိုပုံစံဆွဲ လိုသလိုပြင်လိုက်လို့ရပါတယ်။ Character တွေ ပြီးတော့ Symbol တွေ Number တွေ အားလုံးပြင်ပြီးခဲ့ရင် တခါတည်း ကိုယ့်ဒီဇိုင်းထုတ်ထားတဲ့ font ကို နာမည်ပေး copyright တပ်ပြီး download လုပ်ယူနိုင်တာပါ။ အွန်လိုင်းကနေ ဖောင့်လုပ်ရတာလွယ်ပေမယ့် ဒီဇိုင်းအနေနဲ့တော့ Font Maker Software တွေလောက် အနုစိတ်လုပ်လို့တော့ မရဘူးပေါ့။ ဒါပေမယ့် online ပေါ်ကနေ ဒီဇိုင်းလုပ်ပြီးတန်း save လုပ်လို့ရတာလေးတော့ သဘောကျမိပါတယ်။ ဒီဖောင့်လုပ်ဖို့ browser အနေနဲ့ IE 6+ Firefox 2+ ဆိုရတယ်လို့ဆိုပါတယ်။ သူများလုပ်ထားပြီးသား ဖောင့်လေးတွေလည်း သဘောကျရင် download လုပ်ယူနိုင်ပါတယ်။




