hit counter

Eight Annual Weblog Awards (2008 Bloggies)

2008 ခုနှစ်အတွက် Bloggies Award ဆုရ blogs တွေကို အခုကြည့်လို့ရပါပြီ။ ဒီဆုတွေက catagory တစ်ခုစီအတွက် blog ၅ ခုထဲကနေ vote အများဆုံးရတဲ့ blog က ဆုရတာပါ။ Vote တွေကို January တစ်လထဲပဲ ပေးခွင့်ရတာပါ။ ဆုကိုတော့ ဒီလ ထဲမှာမ ကြေငြာပါတယ်။ ကျွန်တော် vote လုပ်ဖို့ကြည့်တုန်း သူတို့ရဲ့ final blogs တွေထဲမှာ ကျွန်တော်ဖတ်တဲ့ ဘလောခ့်ဆိုလို့ ၄ ခုပဲပါပါတယ်။ ကျန်တဲ့ ဘလောခ့်တွေ သိဖို့နေနေသာသာ ယောင်လို့တောင် မရောက်ဖူးပါဘူး။ သိတာဆိုလို့ Life Hacker, Pro Blogger, WebDesignerWall, Engadget လေးခုသာလျှင်သိပါတယ်။ ကျွန်တော်သိတဲ့ ၄ ခုမှာ Life Hacker သာလျှင် Best Computer or Technology Weblog ဆုရပါတယ်။

ကျန်တဲ့ ၃ ခုမှာ နဲနဲ စိတ်ထဲမှာရစေချင်တာ WebDesignerWall ပါ။ သူက Best Designed Weblog category ထဲမှာပါပြီး သူကဆုမရပါဘူး။ ဆုရသွားတဲ့ Dooce ဆိုတဲ့ ဘလော့ခ်က ကျွန်တော် အမြင် WebDesignerWall ရဲ့ Design ကို လုံးဝ မမှီပါဘူး။ WebDesignerWall ရဲ့ Design ကို တစ်ချက်လောက် သွားကြည့်စေချင်တယ် ထွေထွေထူးထူးသုံးမထားပဲ CSS ကို professional သုံးပြသွားတာ တကယ်ကို လှပါတယ်။ ကျွန်တော် အကြိုက်ဆုံး ဘလောခ့် ဒီဇိုင်းပါ။ Best Web Application for Weblogs မှာတော့ ဒီနှစ် အတွက် Blogger က ရသွားပါတယ်။ သူနဲ့ ပြိုင်ရတာတွေက Flickr, Wordpress, YouTube, Twitter တို့ပါ။ Wordpress က လူသုံးများတာမှန်ပေမယ့် Blogger က ရိုးရှင်းပြီး အလကားသုံးလို့ရတာကြောင့် ရတာလို့ထင်ပါတယ်။ အခုဒီ category မှာ Hall Of Fame က Movable Type ဆိုပဲဗျ။ Movable Type က Wordpress လောက်လူသုံးမများဘူး ပြီးတော့ plug in လည်းသိပ်မများဘူး။ ကျွန်တော်ကတော့ Wordpress ကို ပိုသဘောကျပါတယ်။ အခု ဒီ 2008 Bloggies Awards မှာ အားလုံးဟာ english လိုရေးထားတာကို တွေ့ရပါတယ်။ အခြား ဘာသာစကားကို ပေးပြိုင်ပုံမရပါဘူး။ ကျွန်တော်တို့ ဆီမှာလည်း ဘလော့ခ်တွေ တွင်ကျယ်လာရင် ဒီလို ဆုပေးပွဲလေးတွေ လုပ်နိုင်မယ်လို့ ထင်ပါတယ်။

Technorati TagBlogging, Weblog Award, 2008 Bloggies, Wordpress, Best Design Blog


Related Posts

  • No Related Post

1 Comment so far »

  1. Interview with Nick La from WDW | My Burmese Blog said,

    Wrote on December 6, 2008 @ 5:10 pm

    [...] ဒီဇိုင်းဖြစ်ပါတယ်။ နောက် အရင်နှစ်က Eight Annual Weblog Award မှာလဲ စာရင်းဝင်ခဲ့ပါတယ်။ အခု သူ့ရဲ့ [...]

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: