Happy New Day Wallpaper



Happy New Day Wallpaper by ~tayzar44 on deviantART

ဟိုတစ်နေ့ညက ညဘက်မီးလာရက်မို့ မီးလာတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတာနဲ့ စိတ်ထဲမှာ photoshop မှာ ဘာပုံလုပ်ရင်ကောင်းမလဲ စဉ်းစားနေတာ အခုတပ်ထားတဲ့ banner လိုမျိုး ကွင်းပြင်နဲ့ သစ်ပင် တစ်ပင်နဲ့ ပုံစံမျိုးကို စဉ်းစားမိတယ်။ ပြီးတော့ နောက်ထပ် ဘာတွေထည့်မလည်း စဉ်းစားရင်းနဲ့ တစ်ခုခု အသစ်စမ်းကြည့်ချင်တယ် ပြီးတော့ ကာလာလှလှလေးတွေနဲ့ ပုံစံမျိုးကို စဉ်းစားကြည့်ရင်းနဲ့ အခု ဒီ wallpaper ကို ဆွဲလိုက်တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီပုံကို အရမ်းကြိုက်တယ် ကိုယ့်ဘာသာလုပ်ပြီး ကိုယ့်ဘာသာ ကြိုက်နေတာပါ =) ။ သူ့ရဲ့ shape လေးတွေနဲ့ နောက် ကြယ်လို တောက်နေတဲ့ အရာလေးတွေနဲ့ စိတ်ကူးယဉ်ဆန်တယ်လို့ ထင်ရတယ်။ ဆိုဒ်က ဒီတစ်ခုကို စလုပ်ကတည်းက 3000×2100 (high resolution) နဲ့လုပ်ထားလိုက်တာ။ အမှန်တော့ Print ထုတ်ပြီး ရောင်းပြီး ပိုက်ပိုက်ရအောင်လို့ စမ်းကြည့်တာပါ။ နှစ်သက်ရင် Print ထုတ်ပြီး ကျွန်တော့်ပုံလေးကို အားပေးနိုင်ပါတယ်။ Desktop မှာလည်း သုံးနိုင်ပါတယ်။ ဒီပုံလေးတင်လိုက်တာ တင်တင်ခြင်း ပထမဆုံး ၁ မိနစ်တောင် မပြည့်ခင် fav 2 ခုနဲ့ view 10 တန်းရလိုက်လို့ တော်တော်ပျော်ပါတယ်။ ပထမဆုံး အမှတ်တရပါပဲ။ အချိန်အားခဲ့ရင် ကျွန်တော့်ရဲ့ Deviantart က Gallery ကို Firefox Addon Piclens (About Piclens @ MBlogger)လေးနဲ့ ဖြစ်ဖြစ် လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။

Technorati TagWallpaper, Colorfull Wallpaper, High Resolution, Deviantart





Related Posts

  • No Related Post

1 Comment so far »

  1. Anonymous said,

    Wrote on March 25, 2008 @ 10:50 am

    မင်္ဂလာနံနက်ခင်းပါ မောင်လေးဘလင့်ရေ…မတွေ့တာကြာပြီနော်။ အားလုံးအဆင်ပြေပါစေနော်။

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: