Michael Amott’s ESP Ninja-600 Guitar PSD file
Arch Enemy ရဲ့ Doomsday Machine က My Apocalypse သီချင်းနားထောင်ရင်း ဟိုတစ်နေ့ညက စိတ်ကူးရတာနဲ့ တစ်ခုစမ်းကြည့် ဖြစ်ခဲ့တယ်။ Arch Enemy က ဂစ်တာသမား Michael Amott ရဲ့ signature guitar ESP (Ltd) Ninja-600 ဂစ်တာကို photoshop နဲ့ လုပ်ကြည့်လိုက်တယ်။ အမှန်တော့ အဲဒီ ဂစ်တာက ကျွန်တော် အကြိုက်ဆုံး ဂစ်တာပါ။ အဲဒီ ဂစ်တာကို Michael Amott တစ်ယောက်ပဲ ကိုင်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ပုံစံက V shape မှာ frat ကွက်တွေမှာ Ninja တွေ ကိုင်တဲ့ Shuriken ကြယ်ပုံတွေပါပါတယ်။ ပြီးတော့ အခြား V shape ဂစ်တာတွေနဲ့ မတူပဲ ခေါင်းက PRS guitar လို ခေါင်းမျိုးနဲ့ Michael Amott လက်မှတ်ပါပါတယ်။ နောက် Seymour Duncan humbucker pick up နှစ်ခု ပါပါတယ်။ ဈေးက 1500 လောက်ရှိပါတယ်။ ဒီဘ၀မှာ စောမသေရင်တော့ ၀ယ်ဖြစ်လောက်မှာပါ။
မဆိုင်တာတွေတော့ တော်တော်ပြောပြီးသွားပြီး ဆိုင်တာ ဆက်ပြောပါမယ်။ ဒီ ဂစ်တာပုံ psd မှာ သုံးထားတာက pen tool, gradient, blending option အဲဒီ ၃ ခုပဲ သုံးထားတာပါ။ အရောင်အားလုံးကို gradient နဲ့ သုံးထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ရဲ့ လက်တွေ့ ဘ၀တွေမှာ အရာ ၀ထ္ထုတွေမှာ အရောင်က solid color ဖြစ်မနေလို့ပါပဲ။ ကျွန်တော်တို့က ထင်မယ် ကားတစ်စင်း ထားပါတော့ အနက်ရောင် ကား အဲဒါကို ကျွန်တော်တို့ မျက်စိနဲ့ မြင်တယ် သေသေချာချာ ကြည့်ကြည့်လိုက်ပါ အနက်ရောင်ကို solid color လို့ တရောင်တည်း တပြေးညီ မြင်ရပါသလား။ မဟုတ်ပါဘူး အလင်းရိုက်တဲ့ နေရာတွေမှာ အနက်ကို အရောင်တစ်မျိုး အလင်းမှောင်တဲ့ နေရာမှာ အနက်က အရောင်တစ်မျိုး gradient အနေနဲ့ မြင်နေရတာပါပဲ။ ပြီးတော့ ကျွန်တော်တို့တွေ တခါမှ မမြင်ဖူးတဲ့ အရာတစ်ခုကို မြင်လိုက်တယ်ဆိုပါဆို မကိုင်ပဲနဲ့ သူ့ရဲ့ ထုထည်ပုံကို သိကြတယ် ဘာဖြစ်လို့ပါလဲ။ ကျွန်တော်တို့ မျက်လုံးထဲကို လာမြင်ရတာ တကယ်တော့ အဲဒီ အရာ ၀ထ္ထုမဟုတ်ပါဘူး သူ့ရဲ့ အဆင်းကိုပဲ မြင်တာပါ အဲဒီ ၀ထ္ထုကို မျက်လုံးထဲ ရောက်လာတယ် ထင်တယ်ဆိုရင်တော့ မျက်လုံးကန်းဖို့ပဲရှိမှာပေါ့ ခင်ဗျ။ ထုထည်ပုံကိုကြတော့ သူ့ရဲ့ အရိပ် အလင်း အမှောင်၊ grad color ကို မျက်လုံးခွဲခြားလိုက်ပြီး ဦးနှောက်က ထုထည်ပုံ သဏ္ဏန်ကို ပုံဖော်ယူလိုက်တာပါ။ တကယ်တော့ ဒီ သဘောတရားတွေကို ကျွန်တော်သိခဲ့တာ design ပညာရပ်က မဟုတ်ပါဘူး။ ဆရာတော် ဦးသုမင်္ဂလ တရားခွေထဲမှာ နာမိရင်း စပ်စပ်စဉ်းစားကြည့်တာပါ။ ဒါကြောင့် ကျွန်တော် အခု ဂစ်တာပုံမှာ အားလုံးကို solid မသုံးဘဲ နဲနဲလောက်ဖြစ်ဖြစ် ကွဲလွဲတဲ့ gradient တွေသာသုံးပါတယ်။ နောက် layer တွေ များစွာနဲ့ ပုံဖော်ယူထားပါတယ်။ အမှန်တော့ ဒီလို အကြောင်းအရာတွေကို tutorial သဘောမျိုးရေးချင်ပေမယ့် ကျွန်တော်ကိုယ်တိုင်က ဘာမှမသိတော့ ပုံဖော်ရာမှာ လိုအပ်တဲ့ အိုင်ဒီယာမျိုး လောက်သာရေးပေးနိုင်ပါတယ်။ နောက် ပြီးတော့ ကျွန်တော့် ဒီဇိုင်းပုံကို ဘယ်လိုလုပ်ထားသလဲ blending option မှာဘာတွေ သုံးထားသလဲ သိနိုင်အောင် .psd ဖိုင်ပါ share ပေးထားပါတယ်။ လေယာတွေအတော်များများ သုံးရတာဖြစ်လို့ တချို့ (ဂစ်တာ frat ) တွေလို layer တွေမှာ နာမည်မရေးနိုင်တော့တာကို တော့ နားလည်ပေးပါ။ နောက် ဒီဇိုင်းနဲ့ပဲ အဖြူရောင် နောက်ခံ wallpapers တွေလုပ်ကြည့်ဖြစ်ပါသေးတယ်။ နှစ်သက်ရင် download လုပ်ယူနိုင်ပါတယ်။ ပျော်ရွှင်ပါစေ။
Wallpapers Size :
800×600
1024×768
1280×1024
1280×800
1280×720

Related Posts & Links
Arch Enemy – Rise Of Tyrants (2007 – latest album)
Official Arch Enemy Site
Official ESP Guitars Site
Michael Amott (Arch Enemy)
Arch Enemy, Wallpapers, Michael Amott, ESP Guitars, My Apocalypse, ESP Ninja PSD File, Resource, High Quality Guitar Wallpapers



Michael Amott’s Ninja-600 | My Burmese Blog said,
Wrote on February 5, 2010 @ 3:25 pm
[...] Michael Amott’s ESP Ninja-600 ကို ကျွန်တော် အရင်က Photoshop နဲ့ လုပ်ဖူးပါတယ်။ နောက် သူတို့သီချင်း [...]
Like or Dislike:
0
0