Myanmar ICT Exhibition 2008


ဒီနေ့ ၂၃ ရက်မှာ ဦးဝိစာရလမ်းက တပ်မတော်ခန်းမမှာ MICT Exhibition 2008 ပြပွဲ ပထမဆုံးနေကို စပြပါတယ်။ မနက်က ကျွန်တော်ရယ် သူငယ်ချင်းအချို့နဲ့ အဲဒီကို အရောက်သွားခဲ့ကြတယ် ကျွန်တော်တို့ သွားတာ တော်တော်စောတယ် လူသိပ်မများဘူး။ စစချင်းတွေ့ရတာက ၀င်ပေါက်မှာ အသားကုန်စစ်နေတာကို စတွေ့တာပဲ နောက်ဝင်သွားတော့ အထဲတောင် မရောက်သေးဘူး အပြင်မှာ လက်ကမ်းကြေငြာ စာရွက်တွေ တော်တော်များများ ကမ်းနေတာတွေ့ရတယ်။ ၀င်ပေါက်မှာတော့ MPT (ISP) ရဲ့ iP Star (DSL), ADSL, Wimax တွေ discount ပေးနေတဲ့ အကြောင်း ကောင်တာက စာရေးမလေးတွေက ကျွန်တော့်ကို ရှင်းပြပါတယ်။ နောက် ၀င်လိုက်တော့ ပထမဆုံးစမြင်ရတာက ဒေါက်မြင့် ဖိနပ်တွေနဲ့ မော်ဒယ်မမတွေပဲ =) ။ မြင်ဆို အဲဒါလိုက်ကြည့်တာကိုး ခင်ဗျ။ နောက် အများကြီးပဲ အရပ်တွေက ရှည်တယ်လို့ ထင်ရတယ်။ အောက်က ဒေါက်တွေကမြင့်နေလို့။ မော်ဒယ်ကြည့်ဖို့လာတာ မဟုတ်ဘူး ကွန်ပျူတာကြည့်ဖို့လာတာလို့ ကိုယ့်ကိုယ်ကို သတိပေးပြီး ညာဘက်ကို ကြည့်လိုက်တော့ တန်းမြင်လိုက်တာက Asus ပြခန်းက Eee PC (Easy to Learn, Easy to Work, Easy to Play) ဆိုတဲ့ notebook လေးပါ။ ကျွန်တော် မနေ့ညကမှ အင်တာနက်မှာ ကြည့်ခဲ့တာ နောက်ထွက်တဲ့ Eee PC အသစ် မော်ဒယ် 900 ကို ဒီနေ့ အဲဒီမှာ မြင်လိုက်ရတော့ အော် ကျွန်တော်တို့ ခေတ်မနောက်ကျသေးဘူးဆိုတာ သိလိုက်ရတယ်။ ဈေးကလည်း အင်တာနက်မှာ ကြည့်တဲ့ အတိုင်းပဲ 400 ပါ။ နဂို linux တင်ထားပြီး XP တင်ချင်လည်းရတယ်လို့ ပြောပါတယ်။ သူကတော့ Vista ပါတင်လို့ ရတယ်ဆိုပြီး တင်ပြထားသေးတယ် (ပုံမှာ ကြည့်ကြည့်ပါ)။ ဟုတ်မဟုတ်တော့ မသိပါဘူး။ Transformation pack နဲ့ပဲ လုပ်ထားတာလား ဘာလားတော့ ကျွန်တော်လည်း နားမလည်ပါဘူး။ ဒီနေ့ တွေ့ခဲ့တဲ့ အထဲမှာ အခု Asus Eee PC 900 ကို အလိုချင်ဆုံးပါပဲ။ နောက်နေ့မှ ဒီကောင့် အကြောင်း အသေးစိတ်ရေးပေးပါမယ်။

Asus Eee PC 900

နောက်ထပ် စိတ်ဝင်စားတာက Asus ရဲ့ Cold Fusion Motherboard (Maximus) ပါ။ လန်ထွက်နေတာပဲ ရေနဲ့ အအေးပေးတဲ့ စနစ်သုံးထားတယ်။ လောလော ဆယ်တော့ ဒီအတိုင်း ပြထားတယ် Casing နဲ့ ဆိုရင် တော်တော် နေရာပေးရမယ့် သဘောရှိမယ်ထင်တယ်။ ဆင်ထားတဲ့ ဂရပ်ဖစ်ကတ်ကလည်း လုပြေးချင်စရာ ကောင်းပါတယ် =) ။ ဈေးတောင် မမေးခဲ့ဘူး ၀ယ်ဖို့ မပြောနဲ့ ခေါင်းထဲတောင် မမှတ်ချင်လို့ =) ။ နောက် Asus ရဲ့ LCD monitor တွေကလည်း တော်တော်မိုက်ပါတယ်။ အိမ်က အဖြူသန်းနေတဲ့ မော်နီတာနဲ့ လဲပစ်လိုက်ချင်တယ်။ အခု ပြထားတဲ့ Asus ပြခန်းကို Asus တရားဝင် ကိုယ်စားလှယ် GoldenPower က ဖွင့်ထားတာပါ။




နောက်ထပ်ဆိုင်ခန်း အချို့ ကို ကျော်ပြီးတဲ့ နောက်မှာတော့ MSI (Micro Star International) ရဲ့ ပြခန်းမှာ တော်တော် ကြာကြာကြည့်ဖြစ်ပါတယ်။ သူရဲ့ COOL Stuff ဆိုတဲ့ Motherboard က cooling pipe ကတော့ နာမည်ကြီးပဲပေါ့။ Mother board တွေ မော်ဒယ်စုံကို နံရံမှာ ကပ်ပြထားတာတွေ့ရပါတယ်။ နောက် နှစ်သက်မိတဲ့ ပြကွက်ကတော့ ATI ရဲ့ Cross Fire နည်းပညာကို ပြသထားခြင်းပါ။ နောက် nVidia ရဲ့ SLI နည်းပညာကိုလည်း ပြသထားပါတယ်။ Graphic Card (PCIe 9600 သုံးကတ် ) ကို serial စိုက်ပြထားတာပါ။ ဂရပ်ဖစ်အရည် အသွေးက ကောင်းမွန်သလို အဲဒီ ကတ်တစ်ကတ် ဈေးနှုန်းက ပြီးခဲ့တဲ့လက 8800 GTS ကတ် တစ်ကတ်ကိုတင် ၂ ပုံးခွဲလောက် ရှိပါတယ်။ အခုပုံထဲမှာတော့ SLI ပဲတင်ထားတာပါတယ်။ CrossFire ပုံက အိမ်မှာ ကျန်ခဲ့လို့။

nVidia SLI Graphic Cards Technology (MSI – Smash Computer)

နောက်ထပ်ပြခန်း အချို့ကို ကြည့်ပြီးတဲ့ နောက်မှာတော့ တွေ့လိုက်တာက Blu Ray ပြခန်းက HP Artist Edition Laptop ပါ။ ဒီကောင့်ကို ကျွန်တော်တွေ့တာ ဟိုတနေ့ကမှ Smashing Magazine က ပို့စ်ထဲမှာပါ။ အဲဒီကတည်းက ကြိုက်လွန်းလို့ ဓာတ်ပုံလေးတောင် အိမ်ကစက်မှာ ကူးထားသေးတယ်။ အခု အဲဒီကောင်ကို အပြင်မှာ အရှင်လတ်လတ်မြင်လိုက်ရတော့ တကယ်ပါ လုပြေးချင်စိတ်ပေါက်တယ်။ ကျွန်တော့် အကြောင်းသိလို့ ထင်တယ် အပြင်မှာ စစ်သားတွေ လက်နက်တွေနဲ့ စောင့်နေကြတာ =) ။ သူရဲ့ ဈေးက ရုပ်တည်နဲ့ မေးကြည့်တော့ 1450 ပါတဲ့။ အိမ်က ကွန်ပျူတာမျိုး နှစ်လုံးဆင်လို့ရပါတယ် =)။ သူ့မှာ နည်းပညာတွေကတော့ အစုံပါတယ် တစ်ခုပဲ finger scan တော့ မပါပါဘူး။ ကျွန်တော်ကြိုက်တာက သူ့ရဲ့ အပေါ်က vector graphic ဒီဇိုင်းလေးကို ကြိုက်ပါတယ်။ နောက် အဲဒီ ပြခန်းမှာပဲ Sony VAIO နောက်ထွက် ကိုလည်းတွေ့လိုက်ရတယ် keyboard ဒီဇိုင်းကြည့်ပြီး သိပ်မကြိုက်လို့ ဆက်တောင် မကြည့်ဖြစ်ဖူး။ သူလည်း တော်တော်မြင့်တာပါ။ နောက် အဲဒီမှာ Apple ရဲ့ iPhone လည်း ပြူးပြဲပြီး ကြည့်ခဲ့ပါသေးတယ်။ နောက် အဲဒီက ဆံပင် အဖြူတွေ သုတ်ထားတဲ့ မော်ဒယ် မမလည်း မသိမသာ ကြည့်ခဲ့တယ် =) ။

HP Pavilion DV2800t Artist Edition (Blu Ray)


Apple iPhone (Blu Ray)

နောက် အဲဒီပြခန်း အလွန်မှာ ကိုစေတန်ဂေါ့နဲ့တောင် တွေ့ခဲ့သေးတယ်။ စကားနဲနဲပြောပြီး ကျွန်တော်တို့ ဆက်ပြီး ကြည့်ကြပြန်တယ်။ နောက်ကပ်ရက်က TrendNet အမျိုးအစား networking device တွေပေါ့။ Project တင်စရာရှိတာ အတော်ပဲဆိုပြီး အဲဒီက မန်နေဂျာကို ဓာတ်ပုံ ရိုက်ခွင့်တောင်းပြီး အကုန်ရိုက်တော့တာပဲ။ =) Mail server, gigabit, switch, router, wireless တွေ အကုန်ရိုက်ပစ်လိုက်တယ်။ တစ်ခုမှ မ၀ယ်ဘူး =) ။

နောက် ကျွန်တော့် သူငယ်ချင်း အလုပ်လုပ်နေတဲ့ eTrade ရှေ့ကနေ ကြေငြာတွေ မလာခဲ့တယ်။ နောက် DCD, Citicom, Youth တွေလည်း သေသေချာချာ မကြည့်တော့ပဲ ဖြတ်လာခဲ့တာ နောက်ထပ် စိတ်ဝင်စားစရာက MPT (ISP) ရဲ့ ပြခန်းထဲက နံရံမှာ ချိတ်ထားတဲ့ Myanmar နိုင်ငံရဲ့ Internet Configuration လုပ်ထားတဲ့ ဗီနိုင်းပုံပါ။ စိတ်ဝင်စားလွန်းလို့ ကျွန်တော် အဲဒီက မန်နေဂျာနဲ့တွေ့ပြီး ဓာတ်ပုံ ရိုက်ပါရစေ ခွင့်တောင်းတော့ သူက တော်တော်ကြာကြာ စဉ်းစားပါတယ်။ နောက် ကျွန်တော့်ကို ဘယ်ကလည်း မေးပါတယ်။ ကျွန်တော်လည်း ဘယ်ကုမ္မဏီက ကျောင်းသားပါ ဘာညာနဲနဲပြောလိုက်တော့မှ ဓာတ်ပုံ ရိုက်ခွင့်ပေးပါတယ်။ နောက် D-Link ပြခန်းမှာလည်း မ၀ယ်ပဲ ကြည့်ခဲ့ပါတယ်။ နောက် အပြင်ပြန်ထွက်ခါနီးမှာ ဆိုင်ခန်းတစ်ခုက မိန်းကလေးတစ်ယောက်ကို တွေ့မိတယ် ဘယ်သူလည်း ကျွန်တော် အခုထိ စဉ်းစားလို့ မရသေးဘူး ကျွန်တော်သိသလိုလိုပဲ MICT park ထဲမှာ မြင်ဖူးတာလား ဘယ်နေရာမှာ သိလည်း စဉ်းစားနေတာ။ နောက်တော့ အပြင်ထွက်ပြီး အပြင်ဘက်တန်းက မော်ဒယ်တွေ အဲ ကွန်ပျူတာ ပစ္စည်းတွေ လိုက်ကြည့်ဖြစ်ပါတယ်။ ပြီးတော့ ဒီနေ့တော့ ဒီလောက်ပဲဆိုပြီး ပြန်ခဲ့တယ်။ မဟုတ်လည်း နောက်ရက်တွေ သွားရဦးမှာပါပဲ။

ဒီနေ့ ကြည့်ဖြစ်သမျှထဲမှာတော့ အလိုချင်ဆုံးက ပေါ့ပေါ့ပါးပါးနဲ့ သယ်သွားလို့ရတဲ့ Asustec ရဲ့ Eee PC ပါ။ နောက်တစ်ခုကို ပြောရမယ် ဆိုရင်တော့ HP ရဲ့ Artist Edition ကို နှစ်သက်ပါတယ်။ ကျန်တာတွေလည်း နှစ်သက်ပေမယ့် အဲဒီနှစ်ခုကို ကျွန်တော်ပို စိတ်ဝင်စားပါတယ်။ နောက် ဆိုင်ခန်းတွေ တော်တော်များပါတယ် CD, DVD Media ဆိုင် အနေနဲ့ National CD တစ်ခုပဲ သတိထားမိပါတယ်။ နောက် TOSHIBA နဲ့ SONY (TMW Enterprise) တို့ရဲ့ ဟိုဘက်ဒီဘက် အပြိုင် ပြခန်းနှစ်ခုကလည်း စိတ်ဝင်စား ဖို့ ကောင်းပါတယ်။ နောက် ဒေါက်မြင့် ဖိနပ်တွေနဲ့ မော်ဒယ်မမတွေလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီနေ့ပြတဲ့ထဲမှာ Apple ပစ္စည်းဆိုလို့ သတိထားမိသလောက် iPhone နဲ့ iPod လောက်ပဲတွေ့ပါတယ်။ အခြား ပစ္စည်းတွေ မတွေ့မိပါဘူး။ ဒီနေ့ သွားခဲ့တာ မနက်အစောမို့လူလည်း တော်တော်ရှင်းတော့ မေးချင်တာတွေ တော်တော်များများ လိုက်မေးဖြစ်ခဲ့ပါတယ်။ နောက် ကျွန်တော့်ကို ဓာတ်ပုံ ရိုက်ခွင့်ပေးခဲ့တဲ့ ပြခန်းများ အားလုံးကိုလည်း ကျေးဇူး အထူးတင်ပါတယ် =) ။ မိတ်ဆွေ အနေနဲ့လည်း တစ်ခေါက်လောက်တော့ သွားပြီး လေ့လာသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ဒီနေ့ လက်ကမ်း ကြေငြာစာရွက်တွေ တစ်ထပ်ကြီး ယူပြီး ဘာမှမ၀ယ်ဘဲ ပြန်လာခဲ့ပါတယ်။ =) ပျော်ရွှင်ပါစေ။

Technorati TagMICT, MCPA, ICT Exhibition 2008, Asus, Asustec, GoldenPower, National, Eee PC, MSI, nVidia SLI, ATI CrossFire, Blu Ray Myanmar, eTrade, Trendnet, Toshiba, Sony, iPhone, Myanmar, Burma, MPT ISP





Related Posts

5 Comments so far »

  1. စိုးထက် - Soe Htet ! said,

    Wrote on March 24, 2008 @ 4:58 am

    ကျွန်တော်လည်း ဒီမှာ တွေ့ဖူးတယ် တော်တော်များများ … မြန်မာပြည်နဲ့ သိပ်မကွာပါဘူး အတူတူလောက်ပါပဲ … ဒီမှာ ပိုတောင်ဈေးကြီး သေးတယ် … မြန်မာပြည်မှာတော့ ၀ယ်နိုင်လောက်တဲ့ ငွေ ရှာနိုင်ဖို့ ပဲ လိုတာပါ :)

    Like or Dislike: Thumb up 0 Thumb down 0

  2. သဉ္ဇာ - Thinzar said,

    Wrote on March 25, 2008 @ 1:13 pm

    Wimax discount ပေးနေတယ်ဆိုတာကို စိတ်ဝင်စားတယ်။ corporate တွေကိုဘဲ ရောင်းတာလား home user တွေကိုကော ရောင်းတာလားဟင်။ တစ်ကယ်ကော wimax လား။ နိုင်ငံတော်တော် များများမှာ wimax လိုင်စင်ကို လွယ်လွယ်နဲ့ လျှောက်လို့ မရဘူး။ မြန်မာပြည်မှာ ပေးနေပြီဆိုတော့ အံ့သြလို့ပါ။ subscriber rate တွေ ဘာတွေကော မေးကြည့်ခဲ့သေးလား။

    Like or Dislike: Thumb up 0 Thumb down 0

  3. tayzar said,

    Wrote on March 25, 2008 @ 2:54 pm

    Bro Soe Htet @ ဟုတ် အကိုရေ ဒီမှာတော့ ပုံမှန်ဝင်ငွေနဲ့ တွက်ရင် ဈေးကကြီးတာပါပဲ အကိုရာ။

    Sis Thin Zar @ ဟုတ် အမ home user တွေကိုလည်း discount ပေးတယ် အမ။ ဒါပေမယ့် ကျွန်တော် အခြား Wimax သုံးနေတဲ့သူတွေကို မေးဘူးတယ်။ မကောင်းဘူးတဲ့ အမ လောလောဆယ်တော့ ADSL တောင် တခါတလေနှေးတယ်။

    Like or Dislike: Thumb up 0 Thumb down 0

  4. ASUS’ Eee PC 904!! | My Burmese Blog said,

    Wrote on July 6, 2008 @ 9:27 pm

    [...] အရင် မော်ဒယ် 900 အကြောင်းကို MICT Exhibition 2008 ပို့စ်မှာတုန်းက ရေးခဲ့ဘူးပါတယ်။ [...]

    Like or Dislike: Thumb up 0 Thumb down 0

  5. 10th Anniversary ICT Exhibition | My Burmese Blog said,

    Wrote on November 1, 2008 @ 9:46 pm

    [...] ပြပွဲက အရင် မတ်လ တုန်းက လုပ်ခဲ့တဲ့ Myanmar ICT Exhibition 2008 ထက် ပိုပြီး [...]

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: