Sai Htee Saing passed away
မြန်မာသီချင်းတွေထဲမှာ သီချင်းကောင်းတွေများစွာ သီဆိုခဲ့တဲ့ ဦးစိုင်းထီးဆိုင် (၅၈နှစ်) တစ်ယောက် ရန်ကုန်ဆေးရုံကြီးမှာ အစာအိမ်သွေးကြောပေါက် ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကိုမျိုးကျော်ထွန်း နဲ့ ကိုချမ်းမြစိုး ဘလော့ခ်တွေမှာ ဖတ်လိုက်ရတယ်။ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်က မြန်မာအဆိုတော် အခုခေတ်ပေါ်တွေထက် ဦးစိုင်းထီးဆိုင်တို့လို သီချင်းအေးအေးကောင်းကောင်းလေးတွေ ပိုနှစ်သက်ပါတယ်။ ဦးစိုင်းထီးဆိုင် ကွယ်လွန်ခဲ့တဲ့ အတွက် ၀မ်းနည်းရပါတယ်။ ဦးစိုင်းထီးဆိုင်ရဲ့ ကျွန်တော်အရမ်းကြိုက်တဲ့ သီချင်းလေး သဘာဝရင်သွေးငယ်သီချင်းတောင် ဟိုအရင် 2006 တုန်းက Multiply မှာတင်ခဲ့သေးတယ်။ ဦးစိုင်းထီးဆိုင် ကောင်းရာသုဂတိလားပါစေ။
Via : Shan Land.Org
Sai Htee Saing, Burma Singer, Myanmar, Shan Singer

sandrar said,
Wrote on September 10, 2009 @ 7:41 pm
Hi! I was surfing and found your blog post… nice! I love your blog.
Cheers! Sandra. R.
Like or Dislike:
0
0