hit counter

WCDMA or What?

ကျွန်တော့်ဖုန်းမှာ လိုင်းတစ်လိုင်းကို သတိထားမိတာ ကြာပြီ အရင်နှစ် အောက်တိုဘာလောက် ကတည်း ကပဲ ဘာမှန်းလည်း မသိဘူးဗျ ကျွန်တော် ဖုန်းလိုင်းမမိတဲ့ အလုံပိတ် အဆောင်တွေထဲမှာဆို ၀င်ပြီး ပြန်ထွက်ရင် ဖုန်းက အလိုလို လိုင်းသူ့ဖာသာရှာပြီး အဲဒီ လိုင်းထဲဝင်သွားတာ ၀င်သွားရင် ကျွန်တော်လည်း ဖုန်းခေါ်မရဘူး အ၀င်လည်းမလာဘူး။ သူမှာဝင်သွားရင် ပြတာက အရင်လို MM MPTGSM နေရာမှာ Emg. Call ဆိုတာလာပြတယ်။ အဲဒါဆိုရင် ကျွန်တော် လိုင်းတစ်ခါရှာ ပြီးပေါ်လာရင် လိုင်းနှစ်ခုပေါ်တယ်။ ဘေးဘက်မှာ ပြထားပါတယ်ပုံကို အဲဒီလိုပေါ်တယ် အဲဒီက အပေါ်တစ်ခု လှိုင်းပုံ icon လေးမပါတဲ့တစ်ခု အပေါ်က ဟာကို ရွေးရတယ်။ ဒါမှ လိုင်းပြန်မိတယ်ဗျာ။ ကျွန်တော့်ဖုန်းကို သူငယ်ချင်းတွေကဆို ခေါ်ရ ခက်တယ် ပြောနေကြတယ်။ ကျွန်တော်မှာ အဲဒီ ဘာမှန်းမသိတဲ့ လိုင်းက ၀င်ဝင်နေလို့ဗျ။ အခြား အမေ့ဖုန်း (W200i) မှာတော့ မဖြစ်ဘူး။ ဒါနဲ့ ကျွန်တော် ဖုန်း အနိမ့် 3G မပါတာနဲ့ လဲလိုက်ရင်တော့ မဖြစ်တော့ဘူး။

ကျွန်တော့်မှာ အခုတိုင်ပတ်နေတယ် ဖုန်းကိုင်ရင် အဲဒီ အနိမ့်နဲ့ကိုင်တယ် သီချင်း နားထောင်ချင်ရင်ကြတော့ memory များတဲ့ K800i ကို ပြောင်းရနဲ့ ဘယ်တော့ SIM card ကျိုးမလဲမသိဘူး။ ကျွန်တော် ပြီးခဲ့တဲ့ အပတ်က ဂျာနယ်တစ်ခုထဲ ဖတ်လိုက်ရတာတော့ WCDMA 3G ရတဲ့ လိုင်းတွေ ဒီလထဲမှာ ချပေးမယ်ကြားတယ်။ ကျွန်တော့်ဖုန်းလိုင်းထဲ ၀င်ဝင်နေတာ အဲဒီ လိုင်းများလားမသိဘူးဗျ။ SE ဖုန်းဆိုင်ကတော့ ပြောပါတယ် အဲဒါ 3G, Internet ကို Auto Search လုပ်တဲ့ ဖုန်းတွေမှာ အခုတလော ဖြစ်နေတာတဲ့ဗျ။ ကျွန်တော် auto search ပိတ်လည်း မရပါဘူးဗျာ။ သူက အဲဒါမျိုးကြပြန်တော့ လိုင်းပြန်မိတဲ့နေရာရောက်ရင် ခုနက လိုင်းထဲလည်း မ၀င်ဘူး GSM လိုင်းထဲလည်း ပြန်မ၀င်ပဲ ကျွန်တော် select လုပ်တာ စောင့်နေပြန်ရော။ လောလောဆယ်တော့ ကျွန်တော်မှာ အဲဒီ ပြသနာဖြစ်နေတယ်။ အဲဒါ ဘာလိုင်းလဲဆိုတာ သိရင် ကျွန်တော့်ကို ပြောပေးပါဦး။ နိုင်ငံခြားက ဖုန်းလိုင်းတွေမှာရော အဲဒီ လိုဖြစ်တတ်လား ခင်ဗျ။ ကျွန်တော်လည်း အဲဒီ GSM တွေ CDMA လိုင်းတွေ အကြောင်း သိပ်နားမလည်ဘူး။ ပြောပေးကြပါဦး။

Technorati TagMyanmar, Burma, WCDMA, 3G Mobile, MM MPT GSM, GSM Mobile, Myanmar Mobile, Sony Ericsson


Related Posts

  • No Related Post

1 Comment so far »

  1. No More Annoying Mobile Signal In Myanmar | My Burmese Blog said,

    Wrote on August 7, 2009 @ 7:19 am

    [...] WCDMA or What? Related PostsNo Related Post [...]

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: