Adobe® Photoshop Express beta

Adobe ရဲ့ Photoshop ကို အခု အွန်လိုင်းပေါ်မှာ Adobe® Photoshop Express ဆိုပြီး စသုံးလို့ ရနေပါပြီ။ Adobe က Photoshop ကို Online မှာ သုံးလို့ရအောင် လုပ်နေတာ ၂ နှစ်နီးပါးလောက်ရှိပါပြီ။ အခုတော့ အစမ်း သဘောမျိုးရနေပါပြီ။ Photoshop မှာလို tools တွေ အစုံမပါသေးပါဘူး တချို့ပဲ ရပါတယ်။ လောလောဆယ်တော့ ကျွန်တော် အဲဒီဆိုဒ်ကိုဝင်နေတာ ၁ ပတ်လောက်ရှိပါပြီ sign up တောင် လုပ်ဖို့ခက်ပါတယ်။ Sign up လုပ်တာ free ပေမယ့် ဆိုဒ်က အားလုံး flash သုံးထားပြီး ကျွန်တော်တို့ ဆီက လိပ်က အဘိုးခေါ်တဲ့ speed နဲ့ တပတ်လောက် မရမက၀င်ကြည့်ပေမယ့် မရပဲ မနေ့ကမှ ကံကောင်းစွာ MICT Park ထဲမှာ ရသွားပါတယ်။ ရတာတောင် sign up လုပ်လို့ရရုံနဲ့ Gallery တချို့ပဲ လျှောက်ကြည့်လိုက်ရပါတယ်။ Photoshop သုံးဖို့လည်းကြံရော ကွန်နက်ရှင်ကျသွားတာ ဘာမှမလုပ်လိုက်ရတော့ဘူး။ ကျွန်တော့်ရဲ့ Photoshop Online နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံ ဒါပဲခင်ဗျ။ မိတ်ဆွေတို့ဆီမှာ speed ကောင်းရင်တော့ စမ်းပြီး ကျွန်တော့်ကို ပြန်ပြောပေးပါဦး =) ။
Photoshop, Adobe, Adobe Photoshop Express, Online Photoshop

သဉ္ဇာ - Thinzar said,
Wrote on April 10, 2008 @ 2:12 pm
စမ်းကြည့်လိုက်ဦးမယ်။ ဒါပေမယ့် loading time ကတော့ ရေလည်ကြာတယ်။ homepage တက်ဖို့ တော်တော်ကြာကြာစောင့်လိုက်ရတယ်။
Like or Dislike:
0
0
သဉ္ဇာ - Thinzar said,
Wrote on April 10, 2008 @ 2:49 pm
စမ်းပြီးသွားပြီ။ login ၀င်ပြီးသွားရင်တော့ အဲဒီလောက် မကြာတော့ဘူး။ photo တွေ render လုပ်ဖို့ အတွက်ဘဲ feature တွေ ရသေးတယ်။ layer တွေ ဘာတွေတော့ လုပ်လို့ မရဘူး။ တစ်ခုကောင်းတာက သူ့server မှာ save လုပ်ထားပေးတယ်။ beta အောင်မြင်သွားပြီး feature တွေ အများကြီးရှိလာရင်တော့ မိုက်မယ်။ ကိုယ့်စက်ထဲမှာ သွင်းထားစရာ မလိုတော့ဘူး။ =)
Like or Dislike:
0
0
အောင်မျိုးမြတ် said,
Wrote on April 10, 2008 @ 4:58 pm
Adobe® Photoshop Express ကိုကြိုက်လို့  ကျွန်တော်ဘလော့မှာတင်ထားတယ်
http://www.koprince.blogspot.com
Like or Dislike:
0
0
M B L 0 G G E R said,
Wrote on April 10, 2008 @ 5:10 pm
စမ်းကြည့်လိုက်ဦးမယ်ညီ. ရှယ်ပေးလို့ကျေးဇူး။
Like or Dislike:
0
0
mmgamedev said,
Wrote on April 10, 2008 @ 8:56 pm
လာလည်သွားဒါ ကျေးဇုးပဲဗျို့၊
အော်မလို့လာဒါ အော်စရာ နေရာမရှိလို့ ရှိတဲ့နေရာပဲ အော်လိုက်ဒါ။
Like or Dislike:
0
0
Awesome Photoshop Concept | My Burmese Blog said,
Wrote on November 7, 2008 @ 7:15 pm
[...] နောက် လက်ရှိ Adobe က Photoshop ကို online မှာ Adobe® Photoshop Express beta အဖြစ်နဲ့ တင်ထားပါတယ်။ Related Posts3D + Adobe [...]
Like or Dislike:
0
0