
DesktopTwo ဆိုတာ web-based Desktop ပါ။ စိတ်ကူး ကောင်းကောင်းနဲ့ ဖန်တီးထားတာလို့ ပြောလို့ရပါတယ်။ သူက ကျွန်တော်တို့ရဲ့ နေ့စဉ်သုံး desktop ကို အင်တာနက်ရှိတဲ့ ဘယ်နေရာက မဆို သုံးလို့ရနိုင်အောင် လုပ်ပေးမယ်ဆိုတဲ့ အိုင်ဒီယာပါ။ ဒီလိုမျိုးဆိုဒ်တွေက နောင်အချိန် အင်တာနက် ကွန်နက်ရှင် တစ်ကမ္ဘာလုံး အမြန်နှုန်းနဲ့ ရတဲ့ အခါ အောင်မြင်နိုင်တာပေါ့ =) ။ သူ့မှာ လောလောဆယ် Beta အနေနဲ့ သုံးလို့ ရပါတယ်။ သုံးကြည့်တဲ့ အခါမှာ ပထမဆုံးတွေ့ရတာက လိုအပ်ချက်တော်တော်များတာတွေ့ရပါတယ် ဘာတွေလည်းဆိုတော့ ကျွန်တော်တို့ browser မှာ pop up allow လုပ်ပေးရမယ် နောက် cookie, javascript, နောက် flash player လိုအပ်ပါတယ်။ သူကလည်း flash သုံးထားတာဖြစ်ပြီး Adobe ရဲ့
Photoshop Express လောက်တော့ မလေးပါဘူး တက်တာမြန်ပါတယ်။ သူ့ရဲ့ desktop မှာ RSS reader, Mp3 player, Blog, Chat, Notepad, Calendar, Message Board, Hard Disk တွေ စတာတွေ desktop ပေါ်မှာ တင်ပေးထားပါတယ်။

Blog က အဲဒီမှာ တိုက်ရိုက်ရေးလို့ ရပြီး reader တွေ ဖတ်လို့ ရမယ့် လင့်က yourname.desktoptwo.com မှာ ရမှာပါ။ တစ်ခုဆိုးတာက အပေါ်နားက Ads banner ပိတ်ပစ်လို့ မရပါဘူး။ နောက် Desktop မှာ Wallpaper က စိတ်ကြိုက်လဲလို့ မရပဲ သူပေးထားတဲ့ ၈ ခုလား မသိ အဲဒါပဲလဲလို့ ရပါတယ်။ ကျွန်တော်တော့ အကောင့်လုပ်ထားပြီးကတည်းက ၁၀ ခါလောက်ပဲ ၀င်ဖူးပါတယ် ဒါတောင် MICT ထဲမှာမှ ၀င်ပါတယ်။ အပြင်မှာဆို log in ၀င်ဖို့တောင် တော်တော်စောင့်ယူရပါတယ်။ Flash ဆိုဒ်တွေရဲ့ အားနည်းချက်က အဲဒီလို ကွန်နက်ရှင် နှေးရင် ကြည့်လို့ မရတာလို့ ပြောလို့ ရမလား မသိဘူး။ ကွန်နက်ရှင်ကောင်းတဲ့ နိုင်ငံတွေမှာ တော့ ဒီဆိုဒ်က နည်းနည်းလောက် ဖြစ်ဖြစ်တော့ အသုံးတည့်နိုင်မယ်လို့ ထင်ပါတယ်။

Desktoptwo,
Web based Desktop,
Web 2.0,
Flash Site,
Flash Desktop