Guitar Hero III : Legend Of Rock

Guitar Hero 3

လွန်ခဲ့တဲ့ ၂ ပတ်လောက်က အခွေဆိုင်မှာ ဘာခွေတွေ အသစ်ထွက်လည်း သွားကြည့်ရင်းနဲ့ Guitar Hero : Legend Of Rock ဂိမ်းတွေ့တာနဲ့ ၀ယ်လာပြီး အိမ်မှာ ဆော့ဖြစ်တယ်။ Guitar Hero နာမည်ကြားဖူးနေတာ ကြာပြီ ဂိမ်းဆိုင်မှာ PS2 နဲ့ သူများတွေဆော့နေတာ အဝေးက တွေ့ဘူးတယ်။ တစ်ခါမှတော့ မဆော့ဘူးဘူး အိမ်မှာ PS2 လည်း မရှိဘူးဆိုတော့။ Legend Of Rock ကလည်း နိုင်ငံခြားမှာ ထွက်တာ ကြာပါပြီ ဒီမှာတော့ အစပိုင်းက PS2 အတွက်ပဲ ရှိတယ်။ အခုတော်တော်ကြာမှ PC အတွက်ရောက်လာတာ။ Guitar Hero ကို အရင်ကတည်းက လိုချင်နေတာ ဘာလို့လည်းဆိုတော့ ကျွန်တော်ကြိုက်တဲ့ သီချင်းတွေ အများကြီးပါနေလို့ မဆော့ဘူးပေမယ့် Song Lists တွေ အင်တာနက်မှာ ကြည့်လိုက်တော့ တော်တော်များများက ကျွန်တော့် အကြိုက်တွေ ကျွန်တော်က အခုခေတ် band တွေထက် 90, 80, 70 လောက်က သီချင်းတွေ နားထောင်တာများတယ် ပိုလည်း ကြိုက်တယ်။


အရင် GH 2 မှာတုန်းက လည်း နားထောင်နေကြ သီချင်းတွေ အများကြီး အခု 3 မှာ ဆိုလည်း အကြိုက်တွေကြည့်ပဲ =) Band တွေကလည်း ကြည့်ဦးလေ Aerosmith, Guns N Roses, Poison, Black Sabbath, The Who, Sex Pistoles, Scorpion, Dead Kennedys, Social Distortion, Afi, Slipknot, Rage Against The Machine, Rolling Stone, Charlies Denial’s Band နောက် အများကြီးပဲ။ အခု ခွေမှာ Guns N Roses က Slash နဲ့ Welcome to the Jungle ကို ပြိုင်တီးရတယ်။ အရင်ခွေ 2 တုန်းကလည်း Sweet Child O Mine ပါတာ ဖတ်ဖူးတယ်။ နောက် Rage Against The Machine, Audioslave က Tom Morello နဲ့ Bulls On Parade ကို တီးရတယ်။ နောက်ဆုံး boss က Tenacious D movie ထဲကလို ငရဲ သားနဲ့ တီးရတာ သီချင်းက Charlies Denial’s Band ရဲ့ The Devil went down to Georgia သီချင်း ဂိမ်းထဲမှာ solo တီးရတာ အရှည်ဆုံး သီချင်းပဲ။ တော်တော်လည်း မိုက်တယ် ဂိမ်းဆော့တော့မှ နားထောင်ဖူးတာ ချက်ချင်းပဲ အင်တာနက်မှာ ရှာပြီး download လုပ်ပစ်လိုက်တယ်။ Guitar note လည်းရှိတယ် ကျင့်ဖို့တော့ အချိန်မရသေးဘူး။

Guitar

ကျွန်တော့် ညီကတော့ အဲဒီ ဂိမ်းကို ၂ ညနဲ့ အပြီးဆော့လိုက်တယ်။ ကျွန်တော်က မဆော့ဘူး ကြိုက်တဲ့ သီချင်းကြည့်ပဲ 100% ရအောင် ဆော့တယ်။ အခုဆို နောက်ဆုံး boss သီချင်းကို ဘယ်လိုဆော့ဆော့ Medium နဲ့ အေးဆေးနိုင်တဲ့ အဆင့်ရောက်နေပြီ။ ပြီးခဲ့တဲ့ အပတ်က Guitar Hero အတွက် usb နဲ့ guitar တောင် လိုက်ရှာ ဖြစ်သေးတယ်။ ဘယ်မှာမှ မရှိဘူး။ PS2 အတွက်တွေပဲ တွေ့တယ်။ ပြီးခဲ့တဲ့ အပတ်က သတင်းမှာ ဖတ်လိုက်ရတာ Guitar Hero 4 မှာ တူရိယာ အသစ်တွေပါ ပါလိမ့်မယ်လို့ပြောတယ်။ နောက် KONAMI ကလည်း Guitar Hero ကို ၀ယ်ဖို့လုပ်နေတယ် ကြားတယ်။ ကျွန်တော်ထင်တာတော့ Activision က ရောင်းလိမ့်မယ် မထင်ဘူး ဘာလို့လည်းဆိုတော့ GH က တော်တော် အောင်မြင်တယ်။ နိုင်ငံခြားမှာ GH အတွက် ဂိမ်းပြိုင်ပွဲတွေလုပ်တာ အမြဲတွေ့ရတယ်။

Guitar Hero 3 Game

ကွန်ပျူတာနဲ့ ဆော့ ရင် လက်ခလုပ်ပြောင်းလို့ မရဘူးဗျ ကီးဘုတ်နဲ့ပဲရတယ်။ သူငယ်ချင်းက တကယ့် ဂစ်တာ တီးတတ်ချင်တယ်ဆိုရင် အဲဒီ ဂိမ်းအ၇င်ဆော့သင့်တယ်ဗျ ဘာလို့လည်းဆိုတော့ ဆော့ရင်းနဲ့ ကိုယ့်လက်ကို ထိန်းနိုင်လာမယ် နောက် လက်သန်းကြွယ်နဲ့ လက်သန်းတွေလည်း သန်လာလိမ့်မယ်။ ကျွန်တော်ဆို အခု ဂစ်တာတီးရတာ အဲဒီ ဂိမ်းဆော့ပြီးမှ လက်က ပိုသန်လာတာ သိသာလာတယ် =) ။ ဂိမ်းထဲမှတော့ ကျွန်တော့် အကြိုက် ဂစ်တာတွေ အကုန်ဝယ်ထားပြီးပြီဗျ Zakk Wylde (Ozzy Osbourne) ရဲ့ Gibson’s Bullseye guitar, Slash ရဲ့ guitar, နောက် Gibson က AC / DC လို SG နောက် Metallica ကိုင်သလို Explorer, Billy (Green Day) ကိုင်တဲ့ Les Paul Junior နောက် Jimi Hendrix လို tribal Flying V အကုန်ရှိတယ် =) ။ လိုချင်ရင် ကျွန်တော့် save ဖိုင် ရှဲပေးမယ်လေ။ နောက် အဲဒီထဲ က လိုချင်တဲ့ သီချင်း ရှိရင်ပြောပါ ကျွန်တော့် တင်ပေးပါ့မယ်။ လောလောဆယ်တော့ ကျွန်တော် အိမ်မှာ Poison သီချင်းကို note ကျင့်ပြီးသွားပြီ ဂိမ်းထဲမှာတော့ medium ကို မနဲဆော့ရတုန်းပဲ =) ။ သူငယ်ချင်းလည်း မဆော့ရသေးရင် ဆော့ကြည့်ပါဦးလို့ ပြောချင်တယ်ဗျ။ ကျွန်တော်တော့ တော်တော်ကြိုက်တယ်။ Guitar Hero 4 ထွက်မှာကိုတောင် မစောင့်နိုင်တော့ဘူး။

GUitar Hero Boss


13 Comments

  1. BarNyar May 31, 2008

    hey bro..no wonder i see that msg in your gtalk.. =))

    Like or Dislike: Thumb up 0 Thumb down 0

  2. mmwp June 1, 2008

    ညီရေ စာလုံးတွေ ပွရောင်းရောင်းကြီး ဖြစ်သွားပါလား :)
    အဆင်ပြေရင် http://mmwordpress.com ကို လင့်ခ် ပေးပါ :)

    Like or Dislike: Thumb up 0 Thumb down 0

  3. Htoo Tay Zar June 1, 2008

    BarNyar @ hote sis i love it very much hee hee =P

    mmwp @ ဟုတ် အကိုရေ ကျွန်တော် လျှောက်စမ်းနေတာ ပြန်ပြင်ဖို့ မေ့သွားလို့ အခု ပြင်လိုက်ပြီ။ ဟုတ် အကို ကျွန်တော် လင့်ခ်လုပ်လိုက်မယ် လောလောဆယ်တော့ ကျွန်တော် theme ထပ်ပြောင်းဖို့ ရှာနေလို့။ =)

    Like or Dislike: Thumb up 0 Thumb down 0

  4. astk June 17, 2008

    80′s က rock တွေကတော ဘယ်အချိန်နားထောင်ထောင်အကြိုက်ဆုံးပဲ… Axl Rose နဲ့ Bach ရဲ့ သီချင်းအသစ်တွေ နားထောင်ချင်သေးတယ်.. :)

    Like or Dislike: Thumb up 0 Thumb down 0

  5. astk June 17, 2008

    ကျွန်တော်လည်း ဂစ်တာ crazy ပဲဗျ… electric တစ်လက်လောက် ၀ယ်ချင်တဲ့ ဆန္ဒက အခုထိတော့ မပြည့်သေးဘူး.. ခင်ဗျားကော အခုဘာတွေကျင့်နေလဲ..

    Like or Dislike: Thumb up 0 Thumb down 0

  6. Htoo Tay Zar June 17, 2008

    astk @ ကျွန်တော်လည်း 80 က Rock တွေ အ၇မ်းကြိုက်တယ်။ ကျွန်တော်က ဂစ်တာသင်တုန်းပဲရှိသေးတယ်ဗျ။ အခုလောလောဆယ်တော့ Eric Johnson သီချင်းတစ်ပုဒ်ရယ်။ Welcome to the Jungle ရယ် ကျင့်နေတယ်။ ရတော့မရသေးဘူး။ :)

    Like or Dislike: Thumb up 0 Thumb down 0

  7. astk June 18, 2008

    Bouree In Em ရလားဗျ.. IC မှာ ချစ်စမ်းမောင် တီးသွားတဲ့ classical solo လေးလေ.. ကျွန်တော်အဲဒါကို ကျင့်တာတော်တော်ကြာတယ်.. အခုတော့ရနေပြီ.. ဂစ်တာက ဘယ်မှာသင်တာလဲ.. သင်တန်းတက်ဖို့အချိန်ကို မရလို့တစ်ခါမှ မတက်ဖူးဘူး.. အချိန်ရရင်တော့ ပြန်လေ့လာဦးမယ်.. ဂစ်တာကော အခုဘာနဲ့ကျင့်နေလဲ.. ကျွန်တော်ကတော့ Fender Stratocaster နဲ့ပဲတီးဖူးတယ်.. တော်တော်ကြိုက်တယ်ဗျာ.. ကျွန်တော်က MMITP ကနေတွေ့လို့လာလည်တာပါ.. ;)

    Like or Dislike: Thumb up 0 Thumb down 0

  8. Htoo Tay Zar June 18, 2008

    Bouree In Em ကို ရတော့ရတယ် ပလတ်ကင် အနေနဲ့ မဟုတ်ဘူး.. ကျွန်တော့် ဘာသာ အသစ်ပြင်ထားတဲ့ tab နှတ်နဲ့ ပဲတီးတတ်တာ.. ဂစ်တာက ကျွန်တော် ဆရာနဲ့ သေသေချာချာ မသင်ဘူးဘူး ကိုယ့်ဘာသာပဲ အစကတည်းက အိမ်မှာ မြန်မာ ဂစ်တာ စာအုပ်တွေ ၀ယ်ဖတ်တယ်နောက် ကွန်ပျူတာနဲ့ ဂစ်တာသင်တဲ့ အခွေတွေနဲ့ သင်တယ်။ အခုတော့ tab နှတ်နဲ့ပဲ အဂီလိပ်သီချင်းတွေ ကျင့်ဖြစ်တယ်။ Guitar Pro ဆော့ဝဲကို သုံးပြီး နှတ်ဖတ်ပြီး ကျင့်တယ် ခင်ဗျ။ ဂစ်တာက solid တစ်လက်တော့ရှိတယ်ဗျ နာမည်တော့ သိပ်မကြီးဘူး metal band တချို့ကိုင်တယ် Samick ဆိုတဲ့ ဂစ်တာလေးပါ။ fx ကတော့ ပိုက်ဆံ စုဝယ်ထားတဲ့ boss distortion single တစ်ခုပဲ ရှိတယ်။ ကျွန်တော် Fender တော့ မတီးဘူးဘူးဗျ ဂစ်တာမှာ လိုချင်တာကတော့ Gibson နဲ့ ESP, PRS မျိုးထဲက တော်တော်လိုချင်တာဗျ :) ကျွန်တော့် ဘလော့ခ်ကို လာဖတ်တဲ့ အတွက် ကျေးဇူးပါ ခင်ဗျာ။

    Like or Dislike: Thumb up 0 Thumb down 0

  9. [...] ????????????????????????????????????????? guitar hero : Legend Of Rock ?????????http://www.htootayzar.com/myblog/2008/05/guitar-hero-iii-legend-of-rock/Coldplay songs to be available on Guitar Hero III AP via Yahoo! Finance Activision Inc. said the [...]

    Like or Dislike: Thumb up 0 Thumb down 0

  10. Wall E | My Burmese Blog July 27, 2008

    [...] ငှားမယ် ဆော့လို့တော့ ကောင်းတယ်ဗျ.. Guitar Hero လည်း အားရင်ဆော့ဖြစ်တယ်။ Related Posts Unofficial [...]

    Like or Dislike: Thumb up 0 Thumb down 0

  11. soe wai September 12, 2008

    ဟေ့လူ ……..
    မတွေ့တာတောင် အတော်ကြာသွားပြီနော …….
    တစ်ရက်လောက် guitar တွဲတီးရအောင်ဗျာ
    ကျွန်တော် ဖုန်းဆက်လိုက်မယ်
    ခင်ဗျား email address လေး ပို့လိုက်ပါဦးဗျာ
    ကျွန်တော့်ကိုတော့ မှတ်မိသေးတယ်မို့လား
    မိုက်တယ်ဗျ
    ခင်ဗျား site ကို ကြိုက်တယ်
    ဆက်ဆွဲဗျာ အားပေးတယ်

    Like or Dislike: Thumb up 0 Thumb down 0

  12. [...] ပြည်တွင်းမှာ PC အတွက်လာတဲ့ Guitar Hero 3 ခွေမြောက်ပါ။ ပထမ GH 3 နောက် Aerosmith နဲ့ အခု [...]

    Like or Dislike: Thumb up 0 Thumb down 0

  13. [...] Velvet Revolver အဖွဲ့မှာ ဂစ်တာတီးပါတယ်။ Guitar Hero 3 မှာ Boss အနေနဲ့ပါပါတယ်။ Michael Jackson Grammy [...]

    Like or Dislike: Thumb up 0 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 3 + 2