Nargis or Apocalypse?


ကျွန်တော်တို့ ရန်ကုန်မှာ နာဂစ် တိုက်သွားတာ တော်တော်ခံလိုက်ရပါတယ်။ ညကတည်းက လေတိုက်နှုန်း ကြမ်းပါတယ် မနက် ၅ နာရီလောက်ရောက်တော့ အဆိုးဆုံးဖြစ်လာပါတယ် အပင်တွေ လဲကုန်တယ် တိုက်ဘေးက အပင်တွေရော ဓာတ်တိုင်လည်း လဲတယ် မျက်နှာချင်းဆိုင် တိုက်တွေက အမိုးတွေ လန်ကုန်တယ်။ စလောင်းတွေက စုတ်ပြတ်ပြီး လမ်းပေါ် ကျကုန်တယ်။ နောက် မနက် ၁၂ လောက်မှာ သူငယ်ချင်း leo jack နဲ့ မြို့ထဲ ပတ်ကြည့်တယ် ရွှေဘုံသာလမ်းက အပင်တွေ အကုန်လဲပဲ နောက် လသာဘက်မှာလည်း လဲတယ် ဗိုလ်ချုပ်အောင်ဆန်းဈေးက အမိုးတွေ တချို့ လန်တယ် အရှေ့ဘက်တန်းက အုပ်ကြွပ်မိုးတွေက တော့ လမ်းပေါ်မှာ ပြန်ကျဲနေတာ အများကြီးပဲ ဇော်ဂျီ house ရှေ့က လမ်းအလယ်က steel နဲ့ လုပ်ထားတဲ့ တန်းတွေ အကုန်လဲတယ်။ Sakura tower နဲ့ Traders Hotel မှာ မှန်တွေကွဲတယ် ရုပ်ရှင်ရုံတွေ လည်း စုတ်ပြတ်သတ်နေတယ်။ ကန်တော်ကြီးထဲမှာ အပင် ကြီးတွေ အကုန်လဲပြီး လမ်းဘေးမှာ ဓာတ်တိုင်တွေ အကုန်ကျိုးကုန်တယ်။ တာမွေဘက်မှာတော့ တိုက်တွေများလို့ သိပ်မထိဘူး။ တစ်မြို့လုံး တိုက်တွေ တော်တော်များများ အမိုးလန်တယ်။ လမ်းမှာ အပင်တွေ အကြီးကြီးတွေ လမ်းပေါ်လဲနေတယ်။ တစ်မြို့လုံး မြို့ပျက်ကြီးလိုပဲ။

ဒဂုံတောင် မြောက်လမ်းဆုံမှာ လည်းတော်တော်ပျက်စီးနေတယ် အသစ်ဖွင့်တဲ့ ပင်လုံ အထူးကုစင်တာက အမိုးလုံးဝ စုတ်ပြတ်နေတယ်။ ဇ၀နဘက်မှာလည်း ဈေးတွေ အိမ်တွေ အပင်တွေ ပျက်စီးတယ် လူတွေ အဲဒီနားက ရေကန်မှာ အများကြီးပဲ။ MICT မှာလည်း အဆောင်တွေ မှန်တွေ ကွဲတယ်။ ကန်တင်းက တော့ အပင်တွေ ပိပြီး စုတ်ပျက်နေတယ်။ လှည်းတန်းက billboard တွေ အကုန်စုတ်ပြတ်နေပြီး မိန်းထဲက အပင်တွေ လည်းတာ အများကြီးပဲ အပင်တွေလည်းမှ အဆောင်တွေလမ်းပေါ်က မြင်နေရတယ်။ သစ်ပုတ်ပင်ကြီးတော့ မလဲလောက်ဘူးထင်တာပဲ။ ရေကျော်ဘက်လည်း အပင်ကြီးတွေလဲတယ် ယုဇနပလာဇာ၊ မင်္ဂလာဈေး အရှေ့က မှန်တွေ ကွဲတယ် ယုဇနပလာဇာက ဒီအပတ် ထဲမှာ ပြန်ဖွင့်နိုင်အောင် ပြင်နေတယ် ကြားတယ်။ တစ်မြို့လုံးကတော့ အပင်ကြီးတွေ အကုန်နီးပါးလဲတယ် နောက်ဆို ရန်ကုန်မှာ အပင် ကြီးကြီးတွေ တွေ့ရမှာ မဟုတ်တော့ဘူး။ အပင်တွေလဲတာထား ဘာမှမပါတဲ့ ဓာတ်တိုင်တွေတောင် သုံးလေးပိုင်း ကျိုးတာ ဒါတောင် အထဲမှာ သံက ၅မူးလုံးလောက်တွေ နဲ့လောင်းထားတာတွေ တစ်မြို့လုံး ဖြစ်တဲ့ ညက စပြီး မီးပျက်နေတယ်။ မနေ့ညကတော့ ကျွန်တော်တို့ ဘေးကလမ်း မီးပြန်လာနေပြီ ကျွန်တော်တို့လမ်းက ၂ ရက်အတွင်းလာမယ် ပြောတယ်။ ကျွန်တော်တို့ မြို့နယ်က ဓာတ်တိုင် သိပ်မလဲတော့ မီးပြန်ပေးနေတယ်။ ရေကတော့ ရှားပါးနေတယ် ကျွန်တော်တို့ လမ်းထဲမှာ ညဘက်ဆို လမ်းထိပ်မှာ ပုံးကိုယ်စီနဲ့ ရေထွက်ဆွဲနေကြရတယ်။ တကယ့်ကို အာဖရိက က ရေပေးသလို ပဲ အတန်းလိုက်တွေ။ ဖြစ်ပြီးပြီးချင်းတစ်ရက်မှာ ပြည်ခိုင်ဖြိုး အသင်းက ရေကားကြီးနဲ့ လမ်းထဲလာတယ် ရေတွေ လာပေးတယ် ပေးနေတုန်းပဲ ဓာတ်ပုံတွေ ကောက်ရိုက်တယ် လာပေးတယ် နောက် ရေကုန်လို့ ပြန်သွားယူလိုက်တာ ဒီနေ့ အထိပြန်လာတာမတွေ့ရတော့ဘူး အဲဒီ တစ်ခေါက်ပဲ လာသွားတယ်။ အသက် ၈၅ နှစ်ရှိတဲ့ သူငယ်ချင်း အဖိုးတစ်ယောက်ကပြောတယ် ရန်ကုန်တစ်မြို့လုံး ဒီလို ပျက်စီးတာ သူ့တစ်သက်မှာ ပထမဆုံး တွေ့ဘူးတာပဲလို့ပြောတယ်။ ကျွန်တော်တို့ ရက်ကွက်မှာ သောက်ရေ 20 လီတာ တစ်ဘူးကို တစ်ထောင်နဲ့ရောင်းနေတယ်။ ဆန်ပုံမှန် တစ်အိပ်ကို ၄ သောင်းခွဲလောက် ပေးရတယ်။ စစဖြစ်ချင်းရက်မှာ အိမ်ရိုက် သံ တစ်ဆယ်သားကို ၂ ထောင်ဖြစ်နေတယ်။ တစ်ထောင်ဖိုး ဘဲဥ ၃ လုံးပဲ ရတယ်။ ယမ်ယမ် ခေါက်ဆွဲထုပ် တစ်ဖာကို ၁ သောင်းတဲ့။ အင်တာနက်က ၃ ရက်လောက်ရှိပြီ ပြန်ရတာ ဒါပေမယ့် ကွန်နက်ရှင် အရမ်းကျတယ်။ တက္ကသိုလ်တွေ အတော်ပျက်စီးတယ် ကြားတယ် အရှေ့ပိုင်းတက္ကသိုလ်ဘေးနားက ရွာတွေဆို အိမ်တိုင် ၁ တိုင်ပဲ ကျန်တဲ့ သူနဲ့ ၂ တိုင်ကျန်သူနဲ့တဲ့ သန်လျင် GTC က အမိုးတွေလန်ပြီး ဒုတ်ခသည်စခန်းဖြစ်နေတယ်ကြားပါတယ်။ ဒဂုံတက္ကသိုလ်လည်း အပင်တွေလဲတာ အများကြီးပဲတဲ့။ ဒါတောင် ကျွန်တော်တို့ ရန်ကုန်က သက်သာတယ်လို့ ထင်တယ် ဧရာဝတီတိုင်းမှာ လူတွေ တော်တော်များများကို သေကြတယ်။ ရန်ကုန်မှာလည်း သေကြတယ် ဒါပေမယ့် နည်းမယ်ထင်တယ်။ အသိတစ်ယောက် အိမ်နားက ၁၉ နှစ်ကောင်လေးတစ်ယောက် မုန်းတိုင်းကျတုန်း သူ့အိမ်က သွပ်ပြား လမ်းပေါ်ဆင်းကောက်တုန်း နောက်တစ်ချပ် က လာရိုက်သွားတာ သေသွားတယ်။ လောလောဆယ်တော့ ကျွန်တော်ပြန်တော့မယ်ဗျာ နောက်မှဆက်ရေးပါမယ် အခု အိမ်ပြန်မှဖြစ်လိမ့်မယ်။ အပေါ်မှာ အိမ်ရှေ့မှာ မုန်းတိုင်းကျတုန်း ရိုက်ထားတဲ့ ဗီဒီယို အတိုလေးတင်ထားပါတယ် နောက်မှာ ဓာတ်ပုံတွေ နဲ့ အခြား ဗီဒီယိုဖိုင်တွေ တင်ပါမယ် အခုကွန်နက်ရှင် အရမ်းကျနေလို့ပါ။

Technorati TagNargis, Cyclone, Burma, Myanmar





Related Posts

  • No Related Post

10 Comments so far »

  1. မစ်မက် said,

    Wrote on May 8, 2008 @ 7:53 pm

    ဘေးရန်ကင်းစွာတွေ့ရလို့ဝမ်းသာတယ်ဗျ။
    သတင်းတွေလိုက်ဖတ်လေ စိတ်ထိခိုက်လေဘဲ။

    Like or Dislike: Thumb up 0 Thumb down 0

  2. M B L 0 G G E R said,

    Wrote on May 8, 2008 @ 9:54 pm

    သတင်းတွေကတော့ စိတ်ထိခိုက်စရာတွေ ချည်းပါပဲညီရေ။

    ကျန်းကျန်းမာမာ ပြန်တွေ့ရလို့ စိတ်အေးမိပါတယ်။

    အားလုံး အဆင်ပြေပါစေ။

    Like or Dislike: Thumb up 0 Thumb down 0

  3. Winkabar said,

    Wrote on May 9, 2008 @ 7:05 am

    လူဘာမှမဖြစ်တာပဲ တော်ပါသေးတယ် ကိုတေဇာရေ။ သတင်းတွေက တကယ်စိတ်မချမ်းသာစရာပဲ။ အားလုံးအမြန်ဆုံးပြန် အဆင်ပြေပါစေနော်။

    Like or Dislike: Thumb up 0 Thumb down 0

  4. Anonymous said,

    Wrote on May 9, 2008 @ 8:21 am

    I will never forget that day of Myanmar.
    So sad!

    Like or Dislike: Thumb up 0 Thumb down 0

  5. kthuyein said,

    Wrote on May 10, 2008 @ 12:51 am

    အဆင်ပြေစွာ ပြန်တွေ့ရလို့ ၀မ်းသာတယ် ညီ..
    သတင်းတွေ၊ ဓါတ်ပုံတွေကတော့ ရင်နစ် စရာတွေပဲ.. ဗျာ
    အမြန်ဆုံး ပြန်လည် အဆင်ပြေပါစေလို့ ဆုတောင်းလိုက်တယ်.. ဗျာ…

    Like or Dislike: Thumb up 0 Thumb down 0

  6. Anonymous said,

    Wrote on May 10, 2008 @ 8:46 am

    ကိုဖိုးချမ်းစီမှ Donation Alert Image တင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ http://cmsmdy.blogspot.com/2008/05/donation-alert-image.html

    Like or Dislike: Thumb up 0 Thumb down 0

  7. dilo bear said,

    Wrote on May 14, 2008 @ 9:53 am

    aw.u caught it on video.
    sigh..although it may seem memorable on that fateful day Nargis “visited”myanmar..
    its the aftermath that is terrible..

    hope bro tay and family are all well :d

    Like or Dislike: Thumb up 0 Thumb down 0

  8. mmgamedev said,

    Wrote on May 21, 2008 @ 11:13 am

    Hi, ko tayzar, I am looking for an artist for game character drawing.
    that will be a paid contract job. If anybody can help or do this job, or have any contact for an artist, please contact me at my blog http://www.mmgamedev.blogspot.com/

    Thanks

    Like or Dislike: Thumb up 0 Thumb down 0

  9. Earth Day 2009 | My Burmese Blog said,

    Wrote on April 22, 2009 @ 9:48 pm

    [...] မပြုန်းဘူးဆိုရင် မနှစ်က Nargis လိုမျိုး ဖြစ်လာစရာ [...]

    Like or Dislike: Thumb up 0 Thumb down 0

  10. Myanmar Weather and Natural Disaster Information | My Burmese Blog said,

    Wrote on April 27, 2009 @ 2:10 pm

    [...] Nargis တိုက်ခဲ့တဲ့ အချိန်မျိုးကို [...]

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: