Breath Taking Designs From Shiny Binary

ဒီနေ့ Shiny Binary ဆိုဒ်ကို ကြည့်ဖြစ်တယ်။ ဆိုဒ်က Nik Ainley ဆိုတဲ့ UK က ဒီဇိုင်းနာ တစ်ယောက်ရဲ့ ဆိုဒ်ပါ။ သူ့ရဲ ဒီဇိုင်းတွေကတော့ ရင်းနှီးနေခဲ့တာကြာပါပြီ။ သူ့ဒီဇိုင်းတွေကို Digital Art Magazine, Smashing Magazine, deviantArt, Behance, Computer Arts, PSDtuts တွေမှာ တွေ့ခဲ့ဘူးတယ်။ အခြား နာမည်ကြီး မဂ္ဂဇင်းတွေတော်တော်များများမှာ ပါဖူးတဲ့ အကြောင်းလည်း profile ထဲမှာ ဖတ်ရတယ်။
ဒီဇိုင်းတွေ အထူးသဖြင့် သူဆွဲတာက typography, fantasy နဲ့ sci-fi ပုံမျိုးတွေ ဆွဲတာများတာတွေ့ရတယ်။ ကျွန်တော့် အကြိုက်ဆုံးကတော့ သူရဲ့ typography ဒီဇိုင်းတွေ တော်တော်ကြိုက်ပါတယ်။ အရင် deviantArt မှာ ကတည်းက သူ့ကို watch လုပ်ကြည့်ဖြစ်တယ်။ သူ သုံးထားတဲ့ ဆော့ဝဲက photoshop, illustrator, 3DSMax, Xara3D, Cinema 4D ကိုသုံးထားပါတယ်။ photoshop နဲ့ illustrator မှာ လုပ်လို့ရတာတွေ အများကြီးပါလားဆိုတာကို သူ့ဆိုဒ် ရောက်မှ သိရတော့တယ်။ အခုတော့ ဒီပို့စ်ထဲမှာ သူ့ရဲ့ ဒီဇိုင်းတွေထဲက တချို့ကို တင်ထားပါတယ်။ အပြည့်အစုံကြည့်ချင်တယ် t-shirt အနေနဲ့လိုချင်တယ်၊ ipod skin မျိုးတွေ လိုချင်ရင် Shiny Binary ကို သွားကြည့်နိုင်ပါတယ်။ ။




3D + Adobe Photoshop | My Burmese Blog said,
Wrote on November 4, 2008 @ 2:19 pm
[...] ကျွန်တော် တစ်ခါ ပြောဖူးတယ်လေ Nik Ainley ဆိုတဲ့ မြင်ဆရာ တစ်ယောက် ဆီကနေ [...]
Like or Dislike:
0
0