Happy Birthday!!

ဒီနေ့ June 25 က ကျွန်တော့် မွေးနေ့ပါ….. ဒီနှစ်၊ ဒီနေ့မှာ အသက် ၂၀ ပြည့်ခဲ့တယ်။ မွေးနေ့က မနေ့က ညနေက ဘလော့ခ် ညီအကို မောင်နှမတွေနဲ့ လုပ်ဖြစ်တယ်။ ညနေဘက်မှာ မြေနီကုန်းက YKKO မှာ လုပ်ဖြစ်တယ်။ ကျွန်တော်၊ ဘော်ဒါကြီးမင်းယွန်းသစ်၊ ကိုမျက်လုံး၊ ကိုဖိုးသူတော်၊ ကိုကျော်ဇေယျ၊ ကိုဗိုလ်ကြီး၊ ကိုယောသား၊ ကိုဇင်ကိုလတ်၊ အမ ဘာညာ၊ အမ ပင့်ဂိုး တို့နဲ့ ပေါ့ခင်ဗျ။ အမမီကတော့ မလာဖြစ်ဘူး။ နောက် ဘော်ဒါကြီး leo jack က နဲနဲ နောက်ကျမှ ရောက်တယ်။ ကိုဇင်ကိုလတ် ကတော့ သွားစရာရှိလို့ အစောကြီး ပြန်သွားတယ်။ ပျော်ပျော်ပါးပါးပဲ စားကြသောက်ကြ နောက် အားလုံးက ကျွန်တော့်မွေးနေ့ လက်ဆောင်အဖြစ် birthday cake လက်ဆောင်ပေးတယ်။ ကိတ်ကတော့ အပေါ်မှာ ဘာစာတွေရေးထားလည်း ကျွန်တော်လည်း သေသေချာချာ မဖတ်မိဘူး အိမ်ရောက်မှ ဓာတ်ပုံကြည့်ပြီး ပြန်ဖတ်ရတယ်။ ရေးထားတာက Happy Birthday Congratulation Tay Zar 44 လို့ ရေးထားတာ ခင်ဗျ
သူများတွေ မြင်ရင် ကျွန်တော်အသက် ၄၄ နှစ်ရှိပြီလို့ ထင်ကုန်ကြမယ် ထင်တယ်
မွေးနေ့ သီချင်းကို အားလုံးနဲ့ သံပြိုင်ဆိုလိုက်ပြီး ကျွန်တော် ဖယောင်းတိုင် မှုတ်တော့ တခါတည်း မငြိမ်းသွားဘူး။ လူပျိုကြီး ဖြစ်တတ်တယ်လို့ ကိုကျော်ဇေယျ ကနောက်တယ်
နောက် ကိုကျော်ဇေယျကပဲ ဘာမပြော ညာမပြောနဲ့ (အမဘာညာကိုလည်း ဘာမှမပြောပဲနဲ့) စပြီး ကိတ်က ကရင်တွေနဲ့ ကျွန်တော့်ပါးကို သုတ်တယ် ကျွန်တော်လည်း ဘယ်ရမလဲ ဘေးနားက မင်းယွန်းသစ်နဲ့ leo jack ကို သုတ်တယ် အမ ဘာညာက ကိုဖိုးသူတော်ကို မျက်လုံးထဲထိ ၀င်အောင် သုတ်တယ် ကြားထဲမှာ အမပင့်ဂိုးက လွတ်သွားတယ် သုတ်မယ့်သူမရှိလို့ ဒါနဲ့ မင်းယွန်းသစ်နဲ့ ကိုမျက်လုံးတို့က အပိုင်ကြံပြီး ၀ိုင်းသုတ်ကြတယ်
အားလုံး ပါးကွက်လေးတွေနဲ့ ကိုယ်စီဖြစ် ပြီး နောက်မှ တစ်ရှုးနဲ့ ပြန်သုတ်ကြရတယ်။ တော်တော်ပျော်စရာကောင်းပါတယ်
နောက်တော့ ညဘက်မှာ ကျွန်တော်လည်း အိမ်ပြန်ခဲ့တယ်။ မွေးနေ့က အမှန်ဆို ဒီနေ့ပေမယ့် ၂၄ ရက် ညမှာ လုပ်ဖြစ်တယ်။ တကယ်တော့ ကျွန်တော် မွေးနေ့လုပ်တာ ဒီနှစ်က ပထမဆုံး အကြိမ်ပဲ ငယ်ငယ်ကတည်းက တစ်ခါမှ မလုပ်ခဲ့ ဖူးဘူး လုပ်စရာ သူငယ်ချင်းလည်း မရှိဘူး ဒီနှစ်မှပဲစလုပ်ဖြစ်တာ နောက်နှစ်တွေမှာလည်း ဒီနှစ်လိုပဲ ဘလောခ့်ဂါ မောင်နှမတွေနဲ့ ပျော်ပျော်ပါးပါး ထပ်လုပ်ဦးမယ်။ ဒီနေ့မှာ ကျွေးမွေးပြုစု၊ လမ်းညွှန်ပေးတဲ့ အဖေ နဲ့ အမေ နောက် မွေးနေ့ကိတ်ရော မွေးနေ့ဆုတောင်းတွေရော ပျော်ဖို့ကောင်းတဲ့ မွေးနေပွဲလေးအတွက်ရော ကျွန်တော့် ဘလောခ့်ကို အားပေးဖတ်ရှုကြတဲ့ သူငယ်ချင်းတွေရော အားလုံးအားလုံးကို ခင်မင်ရတဲ့ ညီအကိုမောင်နှမတွေကို အရမ်းကျေးဇူးတင်ကြောင်း ဒီပို့စ်လေးနဲ့ ပြောလိုပါတယ် ကျေးဇူး ကမ္ဘာပါ
။ သေဖို့တော့ တနှစ်ပိုနီးသွားပြီခင်ဗျ
။ ။


mtj said,
Wrote on June 25, 2008 @ 12:16 pm
ံHappy Birthday Htoo Tay Zar
Like or Dislike:
0
0
သဉ္ဖာ said,
Wrote on June 25, 2008 @ 1:46 pm
ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Like or Dislike:
0
0
Myo Kyaw Htun said,
Wrote on June 25, 2008 @ 2:32 pm
Happy Birthday, Tay Zar !!!
Like or Dislike:
0
0
kokoye2007 said,
Wrote on June 25, 2008 @ 5:35 pm
ယနေ့မှစ၍ အသက် ၁၂၀ ကျော်တိုင်
စိတ်နှင့်ကိုယ်၏ ကျန်းမာ ချမ်းသာခြင်းနှင့်
ပြည့်စုံ၍
ဖြစ်ချင်တာ
ဖြစ်သင့်တာ
ဖြစ်နေတာ
တစ်ထပ်ထဲကျနိုင်ပါစေသောဝ်
Like or Dislike:
0
0
ဘာညာ said,
Wrote on June 25, 2008 @ 5:47 pm
အေးလေ..အမလည်း အိမ်ရောက်မှ ဓာတ်ပုံပြန်ကြည့်မှ Congratulation ဆိုတာကိုတွေ့တယ်.. ဟဟ… Happy Birthday lil bro!!!! Mwah!
Like or Dislike:
0
0
နှင်းဆီနက် said,
Wrote on June 25, 2008 @ 6:13 pm
နောက်နှစ်တွေမှာလည်း သူငယ်ချင်းတွေနဲ့ပျော်ရွှင်သောမွေးနေ့ကို ဖြတ်ကျော်နိုင်ပါစေ၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ စိတ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ မွေးနေ့မှာမပါတဲ့အတွက်တော့ စိတ်မကောင်းဘူး…. နှင်းဆီနက်
Like or Dislike:
0
0
layma said,
Wrote on June 25, 2008 @ 8:53 pm
ဇီးကွက်ရဲ့ မွေးနေ့ လေး အရမ်းပျော်စရာကောင်းခဲ့တာ ၀မ်းသာပါတယ်…
နောင်ကိုလည်း ဒီလိုပဲ အမြဲ ပျော်နိုင်ပါစေ …။
Like or Dislike:
0
0
မိုးချစ်သူ said,
Wrote on June 26, 2008 @ 11:03 am
မောင်လေး တေဇာ
ပျော်ရွှင်စရာ မွေးနေ့ လေး ဖြစ်ခဲ့တယ်ပေါ့။
ဒီမွေးနေ့လေးက စပြီး မောင်လေးဘ၀မှာ ပျော်ရွှင်မှု စိတ်ချမ်းမြေ့မှု တွေနဲ့ပြည့်စုံနိုင်ပါစေနော်။
Like or Dislike:
0
0
Smilemay said,
Wrote on June 26, 2008 @ 11:12 am
နောက်နှစ်ပေါင်းများစွာမှာလည်း သူငယ်ချင်းတွေနဲ့အသူ မွေးနေ့ပွဲကို ဆင်နွှဲနိုင်ပါစေ
Like or Dislike:
0
0
MhawSayar said,
Wrote on June 26, 2008 @ 4:33 pm
Happy Birthday ညီရေ.. မွေးနေ့ရောက်တာ မသိလိုက်ဘူး.. နောက်ကျနေတာ.. ကိုယ်လဲ စာမေးပွဲတွေနဲ့ ရှုပ်နေတာနဲ့.
မွေးနေ့ကစ နောက်နှစ်များစွာတိုင် ပျော်ရွင်ခြင်း၊ အောင်မြင်ခြင်းတို့ကို ရယူနိုင်ပါစေဗျာ..
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on June 28, 2008 @ 8:09 pm
@ bro mtj, sis သဉ္စာ, Bro Myo Kyaw Htun, Bro KoKoYe`, sis barnyar, sis hninsinet, sis layma, sis moe chit thu, sis smilemay, Bro MhawSaYar @ ညီအကို မောင်နှမ အားလုံး ကျွန်တော့်မွေးနေ့မှာ အမှတ်တရ ဆုတောင်းလေးတွေ ရေးပေးကြတဲ့ အတွက် ကျေးဇူးပါ။ အမှတ်တရပါ
Like or Dislike:
0
0
Happy Birthday to Myself!! | My Burmese Blog said,
Wrote on June 25, 2009 @ 3:18 am
[...] က လွန်ခဲ့တဲ့ နှစ်က June 25 လိုပါပဲ ကျွန်တော် အသက် [...]
Like or Dislike:
0
0