How to apply Myanmar Passport
ကျွန်တော် passport လျှောက်တုန်းက တွေ့ခဲ့ရတဲ့ အတွေ့အကြုံ တချို့ကို ဘလော့ခ်မှာ ဒီပို့စ်နဲ့ မှတ်ထားလိုက်ဦးမယ်ဗျာ။ နောက်ထပ် လျှောက်မယ့်သူတွေ ကြိုပြင်ဆင်ထားလို့ ရအောင်ပေါ့။ ကျွန်တော့် passport ကပြီးခဲ့တဲ့ အပတ်က စာအုပ်ရခဲ့ပြီ။ လုပ်တုန်းက အတွေ့အကြုံတွေ ဖောက်သည်ချလိုက်ဦးမယ်။
1 ပထမဆုံးလုပ်ရတာက ဓာတ်ပုံရိုက်ရတယ်။ ပိုက်ဆံသွင်းပြီး ကုဒ်အကျီ မတော်တဲ့ တချို့နေရာတွေပြဲနေတဲ့ ကုဒ်အကျီကို ၀တ်ပြီးတော့ နက်တိုင်နဲ့ ရိုက်ရတယ်။
2 ဖောင်ဝယ်ပြီး အဲဒီမှာ အကုန်ဖြည့်ရတယ်။
3 ဓာတ်ပုံရတဲ့ရက်မှာ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ရက်ကွက်ထောက်ခံစာ မိတ္တူ နဲ့ ပထမဆုံး လ၀က မှာ သန်းခေါင်စာရင်းပြရတယ်။ ပြီးရင် အပေါ်ထပ်မှာ ရဲတွေဆီမှာ form စီရတယ်။ သူတို့က အဲဒီမှာ လိုနေတာတွေပြောပေးတယ်။
4 ကျွန်တော်က ပညာရေးလျော်ကြေး မလျော်ရသေးလို့ သထုံလမ်းက အ စ ည ကို ပြန်သွားရတယ်။ ကျွန်တော်က ဘွဲ့မရသေးဘူး တတိယနှစ်ဆိုတော့ မလျော်ရဘူး ထင်ထားတာ။ တကယ်တော့ လျော်ရတယ်။ အခု စနစ်က ၁၀ တန်းအောင်တာနဲ့ စလျော်ရပါတယ်။ သထုံလမ်းမှာ အဲဒီမှာ form ဖြည့်ပြီးရင် ငွေသွင်းလက်မှတ်ယူပြီး သံလမ်း (MICT) မှတ်အကျော်က ဘာတာမှာ ဆင်းပြီး ကမာရွတ်ဘဏ်မှာ ၁ သောင်းသွင်းရပါတယ်။ အရင်က မြို့ထဲက ဘဏ် ၃ မှာ သွင်းရတယ်လို့ ပြောပါတယ်။ ပြီးရင် ငွေသွင်း ချလံ ယူပြီး သထုံလမ်းကို ပြန်သွားပြီး အဲဒီက ပညာရေးကင်း ရှင်းကြောင်း စာရွက်ယူပြီးရင် ရပါပြီ။
5 လိုအပ်တာတွေ စုံပြီးလို့ form စီပြီးပြီဆိုရင် တုံကင်ယူဖို့ တန်းစီရပါတယ်။ တန်းစီတဲ့ရက်မှာ မနက်စောစောကတည်းက သွားဖို့လိုပါတယ်။ ဘာလို့လည်းဆိုတော့ လူများပြီး တန်းစီရတာ ကြာလို့ပါ။ ပြီးရင် အဲဒီက တုံကင် စာရွက်နဲ့ အလယ်ထပ်မှာ ကောင်တာတွေမှာ ကွန်ပျူတာနဲ့ စာစီတဲ့နေရာမှာ တန်းစီရပါတယ်။ အဲဒီကနေ ကျွန်တော်တို့ form တွေကို ယူထားလိုက်ပြီး ကွန်ပျူတာနဲ့ print ထုတ်ထားတဲ့ ချလံထုတ်ပေးပါတယ်။
6 ချလံရရင်တော့ ကိုယ့်သက်ဆိုင်ရာ မြို့နယ်က အခွန်ရုံးကို ပြန်သွားပြီး အဲဒီမှာ form ဖြည့်ပြီးရင် ချလံကို မိတ္တူတွဲတင်ပြီး အခွန်ဦးစီးမှုးနဲ့တွေ့ရပါတယ်။ အခွန်ဦးစီးမှူးက စစ်ဆေးပါတယ် ဘာကိစ္စနဲ့ သွားမှာလဲ မိဘတွေ ဘာလုပ်သလဲ စသဖြင့်ပေါ့။ ကျွန်တော်ကတော့ passport ရုံး နေပြည်တော် ပြောင်းမယ်ကြားလို့ လုပ်တာလို့ ပြောတော့ ချက်ချင်းပဲ အခွန်ဖိုး ဆောင်ရပြီး ပုံစံ ၁၇ ထုတ်ပေးပါတယ်။
7 ပုံစံ ၁၇ ရရင်တော့ ပန်းဆိုးတန်းက JDonute ဆိုင်ဘေးက ရုံးမှာ သန်းခေါင်စာရင်းမိတ္တူ၊ ချလံမိတ္တူ၊ မှတ်ပုံတင် မိတ္တူ နဲ့ အတူ form ၀ယ်ပြီး ဓာတ်ပုံ ကပ်ပြီး အဲဒီက ကောင်တာမှာ မှာ form စီရပါတယ်။ ပြီးရင် အဲဒီက ပလပ်စတစ် တုံကင် အ၀ိုင်လေးနဲ့ သက်ဆိုင်ရာ အရောင်နဲ့ ကောင်တာမှာ တန်းစီရပါတယ်။ အဲဒီက တံဆိပ်တုံး ထုပေးလိုက်ရင် အဲဒီ အခန်းအနောက်ဘက်က ဘဏ်မှာ ငွေ ၅ ထောင်ကျော်ကျော်လောက် သွင်းရပါတယ်။ ပြီးရင် အဲဒီ ငွေသွင်း ချလံနဲ့ အတူ ကွန်ပျူတာစာစီတဲ့ အခန်းမှာ ထပ်ထားပြီး ခဏစောင့်ရပါတယ်။ ပြီးရင်တော့ ဦးစီးမှူးနဲ့ တွေ့ပြီးရင် ပုံစံ ၁၉ ရပါပြီ။
8 ပုံစံ ၁၉ ကို မိတ္တူဆွဲပြီးရင် ပန်းဆိုးတန်းက passport ရုံးက အောက်ထပ် လှေကားဘေးက ကောင်တာမှာ ချလံ မူရင်း ပြပြီး ချလံ မူရင်းမှာ တံဆိပ်နှိပ်ပြီးရင် တစ်ရက်စောင့်ရပါတယ်။
9 နောက်ရက်မှာတော့ ပုံစံ ၁၉ မိတ္တူ ချလံမူရင်းကို တတိယထပ်က ကောင်တာတွေမှာ တင်ပြီးရင် ၂ နာရီလောက် အဲဒီမှာ ထိုင်စောင့်ရပါတယ်။ ပြီးရင်တော့ ကောင်တာက နေ နာမည် ခေါ်ပြီး တစ်ယောက်ချင်းစီ စာအုပ်ထုတ် ပေးပါတယ်။ ပြီးရင်တော့ ဘာမှ ဆက်လုပ်စရာမလိုတော့ပါဘူး စာအုပ်ယူပြီး ပြန်ရုံပါပဲ။
အဲဒါတွေမလုပ်ခင် လိုတာက ရုံးတွေ သွားတိုင်း အကြွေဆောင်သွားဖို့ လိုပါတယ် =) နောက် စတပ်ပလာ၊ ဘောပင်၊ ကော်ဘူး အမြဲထည့်ထားပါ။ နားရှင်ရှင်၊ မျက်စိရှင်ရှင်ထားပါ။ ရုံးတိုင်း တတ်နိုင်သမျှစောစောသွားပါ စောရောက်လို့ ဘာမှမဖြစ်ပါဘူး နောက်ကျရင် အချိန်ပိုကြာပါတယ်။ နောက် သပ်သပ်ရပ်ရပ်ဝတ်ပါ။ စာရွက်တွေ ကျမပျောက်အောင် သတိထားပါ။ နောက် passport ရုံးမှာ သင့်လုံခြုံရေး အတွက်ဆိုပြီး ဘာ အိပ်မှ ယူသွားလို့ မရပါဘူး။ ကျောပိုးအိပ် ဘေးလွယ်အိတ်တွေမရပါ။ သူများတွေ မရပေမယ့် ကျွန်တော်ကတော့ ကျောပိုးအိတ်နဲ့ လည်း ၀င်လို့ရတယ်ဗျ =) vip ဆိုတော့ရတယ်
ဟဲ ဟဲ။ တတ်နိုင်ရင် အိတ်မယူပဲ ဖိုင်တွေရယ် ထီးရယ်လောက်ပဲယူသွားပါ။ နောက်ဆုံး အဓိက ကတော့ ပွဲစားတွေနဲ့ မလုပ်ပါနဲ့ ပွဲစားနဲ့လုပ်ရင် အချိန်ပိုကြာလိမ့်မယ် အခန့်မသင့်ရင် ရှင်းရတာတွေပါ ရှိသွားနိုင်တယ် နောက် ဖိုင်တွေ ပျောက်ကုန်တာတွေ ခဏခဏ ဖြစ်တယ်။
ကျန်တာတော့ အထွေအထူးမရှိပါဘူး တုံကင်ယူတိုင်း တန်းစီရတာရယ် နောက် ချလံရဖို့ ထိုင်စောင့်ရတာတွေပဲ ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒါလုပ်တာ အမှန်ဆို ၁ လကျော်လောက်နဲ့ ပြီးတဲ့ အလုပ်ကို ၃ လလောက်ကြာမှ စာအုပ်ရတယ်။ အမှန်တော့ ကျောင်းရှိလို့ တခါတလေ မသွားတာနဲ့ အေးအေး ဆေးဆေးလုပ်နေတာ နဲ့ ကြာသွားတာ။ ကျွန်တော်ကတော့ ကံကောင်းလို့ထင်တယ် တွေ့ခဲ့တဲ့ဝန်ထမ်းတွေ အားလုံး အေးအေးဆေးဆေးပါပဲ ဘာပြသနာမှကို မရှိတာ။ ရုံးထဲလည်း အိတ်နဲ့ လျောက်သွားလို့ ရတာ ကျွန်တော်ပဲရှိတယ်။ နောက်ဆုံး စာအုပ်ထုတ်တဲ့ ရက်ကျမှ ကောင်တာက အရာရှိက ကျွန်တော့် စာအုပ်က ဓာတ်ပုံနဲ့ ကျွန်တော့်ကို ယှဉ်ကြည့်နေလို့ ရှင်းပြလိုက်ရတယ် ဓာတ်ပုံ ရိုက်တုန်းက ဂုတ်ကျော်တဲ့ ဆံပင် အရှည်နဲ့ လာထုတ်တော့ အတိုနဲ့ ဖြစ်နေတာ နာဂစ်တိုက်တုန်းက စိတ်ညစ်ပြီး ဆံပင်ညှပ်လိုက်တဲ့ အကြောင်းပြောရသေးတယ်။ တော်သေးတယ် Mr.Bean လို ရီမပြရတာ ကံကောင်းပဲ =) ။ passport လုပ်တာ မခက်ပါဘူး စိတ်ရှည်ရတာ တစ်ခုပဲဗျ။ မရှင်းတာ ရှိရင်တော့ ကျွန်တော်သိသလောက် ပြောပေးပါ့မယ့်။ ဘာရယ်မဟုတ်ပါဘူး အသစ်လုပ်မယ့်သူတွေ ကြိုတင်ပြင်ထားလို့ရအောင် ပို့စ်တင်လိုက်တာပါ။ ပျော်ရွှင်ပါစေ။ ။




Engineer4myanmar said,
Wrote on June 26, 2008 @ 10:35 pm
အတော်လေး ဗဟုသုတ ရတယ်ဗျို့။ လာမေးရင် သေချာ ပြောပြလို့ ရသွားပြီ
Htoo Tay Zar said,
Wrote on June 27, 2008 @ 11:03 am
Engineer4myanmar @ ဟုတ် အကို ကျွန်တော်လည်း အခုမှ စလုပ်ဖူးတာ ဟိုမေးဒီမေးနဲ့ လုပ်တာ အခြားသူတွေ လုပ်ချင်ရင်အကူအညီရအောင် ရေးလိုက်တာပါ အကို ကျေးဇူးပါ။
ပုလုကွေး said,
Wrote on June 28, 2008 @ 10:52 pm
နောက်ပြီးသိရမှာက လက် ၂ချောင်းထောင်ရင် ပိုက်ဆံ ၂၀၀၀၊ ၃ချောင်းထောင်ရင် ပိုက်ဆံ ၃၀၀၀.ဆိုတာ အလိုက်သိရမယ်။ သူတိုက ပိုက်ဆံ ဘယ်တော့မှမတောင်းဘူး။
s_potato said,
Wrote on July 6, 2008 @ 12:21 pm
Thanks for ur fruitful information…..!
ôôôôôô said,
Wrote on March 19, 2009 @ 11:48 am
ပညာရေးလျော်ကြေး မလျော်ရင်ကော ဘာဖြစ်လဲဟင် ညီကတော့ ၉ တန်းအောင်လို့ပဲ
ပြောလိုက်တယ် ဘာမှမပြောပါဘူး ပြီးတော့ ပိုက်ဆံလဲတောင်းတာ သိပ်မတွေ့ ရပါဘူး
အရေးကြီးတာက မျက်မှန်တက်ထားတဲ့သူ ဆိုရင်စာအုပ် ထုတ်ခါနီးကြရင် နဲနဲအလုပ်ရှပ်
ပါတယ်….ဖြစ်နိုင်ရင်မျက်မှန်ချွတ်ထားပြီး အဲ့ဒီကအရာရှိတွေနဲ့ တွေ့ တာကောင်ပါ
တယ်…Passport ထုတ်တော့မယ်ဆိုရင်ရှိတဲ့အလုပ်တွေကိုရပ်ထားဖို့ တော့လိုမယ်ထင်တယ်…