Ultra Surf 8.9


Ultra SurfUltra Surf ဆိုတဲ့ ဆော့ဝဲလေး အကြောင်းကို အားလုံး သိပြီးသားဖြစ်မယ် ထင်ပါတယ်။ Ultra Surf ဆိုတာ Freedom လို ဆော့ဝဲမျိုးပါ ဘန်းထားတဲ့ ဆိုဒ်တွေကို ကျော်နိုင်ပါတယ်။ လက်ရှိ နောက်ဆုံး version က 8.9 ပါ။ ဖိုင်ဆိုဒ်က 212 KB ပဲရှိပါတယ်။ ပြီးတော့ သူ့ကို သုံးဖို့ install လုပ်စရာမလိုပါဘူး။ Portable အနေနဲ့ thumb drive ထဲထည့်ပြီး သယ်သွားလို့လည်း ရပါတယ်။ သုံးမယ်ဆိုရင် ဆော့ဝဲကို ကလစ်လုပ်လိုက်ရင် ပေါ်လာတဲ့ check box လေးထဲမှာ အပေါ်ဆုံးက Auto Detect Proxy နဲ့ လုပ်လိုက်ရင် ခဏနေရင် Successfully connected to Server ဆိုတာလေးပေါ်လာပြီး Internet Explorer နဲ့ တရုတ်ဆိုဒ် တစ်ခု တက်လာရင် သုံးလို့ရပါပြီ။ IE မသုံးပဲ အခြား browsers တွေ သုံးချင်ရင် ကိုယ်သုံးမယ့် browser မှာ proxy 127.0.0.1 နဲ့ port 9666 ချိန်လိုက်ရင် ရပါပြီ။


အရင်တုန်းက ဆော့ဝဲမှာ proxy ကို ကိုယ့်ဖာသာ ချိန်ရပါတယ်။ အခုနောက်ပိုင်း Myantel က browers တွေမှာ proxy ချိန်စရာမလိုတော့ဘူးလို့ ကြေငြာလိုက်ကတည်းက Auto Detect Proxy ပြောင်းသုံးရင် ရပါတယ်။ ဒီဆော့ဝဲမှာ အခုထက်ထိ အားနည်းတဲ့ အချက်က ကွန်နက်ရှင်ကျသွားရင် Retry (Refresh) လုပ်လို့ မရပါဘူး။ ကိုယ့်ဘာသာ ပိတ်ပြီး ပြန်ဖွင့်မှ ရပါတယ်။ Freedom ထက်သာတဲ့ အချက်က ဖိုင်ဆိုဒ်သေးသေးလေးနဲ့ unlimited speed ရခြင်းပါပဲ။ အရင်ကဆို ကျွန်တော် Blogger မှာ ဘလောခ့်ရေးတိုင်း ဒီဆော့ဝဲ သုံးပြီးကျော်ရေးရတာပါ။ အခုတော့ သုံးစရာမလိုတော့ပါဘူး https နဲ့ hosting site ၀င်ရင်တော့ ခုထိသုံးနေရဆဲပါပဲ။ ဒီဆော့ဝဲကို ဘန်းထားတဲ့ဆိုဒ်တွေကျော်ဖို့ အတွက်သာမက encryption software အနေနဲ့ online banking system အကောင့်တွေ ၀င်တဲ့ အခါမှာပါသုံးနိုင်ပါတယ်။ ။

Download

This file has been downloaded 5442 times.



Related Posts

8 Comments so far »

  1. Lei Lei said,

    Wrote on July 4, 2008 @ 2:56 pm

    Thank you so much.

    Like or Dislike: Thumb up 0 Thumb down 0

  2. hninhnin said,

    Wrote on July 27, 2008 @ 8:17 pm

    Oh !… very nice. Thz for this information.

    Like or Dislike: Thumb up 0 Thumb down 0

  3. StatPress ~ Statistics for Blog | My Burmese Blog said,

    Wrote on August 21, 2008 @ 3:41 pm

    [...] လာကြတာပါ။ ကျန်တာတွေက Search Engine ကနေ Ultra-Surf အတွက် လာတာနဲ့ နောက် ကျွန်တော် [...]

    Like or Dislike: Thumb up 0 Thumb down 0

  4. proxy-2 « Myanmar Blog said,

    Wrote on September 6, 2008 @ 3:50 am

    [...] http://www.htootayzar.com/myblog/2008/06/ultra-surf/ [...]

    Like or Dislike: Thumb up 0 Thumb down 0

  5. David said,

    Wrote on November 15, 2008 @ 5:35 am

    I tried to connect through ultra surf it was working fine but suddenly i guess my network administrator noticed it and blocked it so I cant connect to the server now….please suggest me if any other of ultra surf type

    Like or Dislike: Thumb up 0 Thumb down 0

  6. အီးတာလု said,

    Wrote on March 5, 2009 @ 11:44 am

    ကျေးဇူးတင်ပါတယ်…
    လိုအပ်တဲ့အချိန်မှာ အလွယ်တကူရှာယူလို့ရအောင် ကူညီပေးထားအတွက်ပါ…
    နောက်လဲ လာလည်ရင်း မ’ သွားအုံးမယ်နော်….
    အီးတာလု

    Like or Dislike: Thumb up 0 Thumb down 0

  7. sai Thantsin said,

    Wrote on June 18, 2009 @ 10:10 pm

    G talk မြန်မာကို window vista မှာအဆင်ပြေပြေနဲ့သုံးချင်လို့ပါ။
    XP မှာသုံးတဲ့ software ကို vista မှာအဆင်ပြေအောင်ကိုယ့်ဖာသာကိုပြင်ပြီးသုံး နေတာ တစ်လလောက်တော့ရှိပြီ။ အခု သိပ်အဆင်မပြေတော့လို့။ ကူညီပါဦး။
    ဆိုင်မှာရှာတာလည်း မတွေ့ဘူး။ address ပဲတွေ့တယ် ဆိုဒ်ကမရှိတော့ဘူး။
    သူတို့ပြန်ဖြုတ်သွားတာလား။ အဆင်မပြေလို့လား။

    Like or Dislike: Thumb up 0 Thumb down 0

  8. ထူးလွင် said,

    Wrote on October 16, 2009 @ 4:17 pm

    auto detect proxy ထားပေမယ့် သုံးလို့မရဘူးဖြစ်နေတယ်။ connection fail ဖြစ်နေတယ်။ ကူညီပေးပါအုံး

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: