ASUS’ Eee PC 904
Asustek ရဲ့ နာမည်ရ ထုတ်ကုန်ဖြစ်တဲ့ Eee PC model အသစ် 904, 905 ကို ဒီလကုန်လောက်မှ စဖြန်တော့မယ်လို့ သိရပါတယ်။ အရင် မော်ဒယ် 900 အကြောင်းကို MICT Exhibition 2008 ပို့စ်မှာတုန်းက ရေးခဲ့ဘူးပါတယ်။ သတင်းတွေဖတ်ရတာတော့ အခု မော်ဒယ် အသစ်မှာ ပါနေကျ Xandros Linux OS, Windows XP, Windows Vista အပြင် Ubuntu ပါ တင်ပေးမယ်လို့ သတင်းတွေ ထွက်တာဖတ်ခဲ့ရတယ်။ အခု အသစ်မှာ အရင်လို solid state 4GB ကိုမသုံးတော့ပဲ 40GB Harddisk ပြောင်းသုံးတာ တွေ့ရတယ်။ နောက် Windows XP တင်ပြီးသားပါ။ လောလောဆယ်တော့ Asus Authorized Dealer Golden Power က Eee PC ၀ယ်ထားတဲ့သူတွေကို 2GB thumb drive တစ်ခု လက်ဆောင်ပေးတဲ့ အစီအစဉ် ဒီလထဲမှာ လုပ်နေပါတယ်။ အခု မော်ဒယ် အသစ် 904, 905 က ကျွန်တော်တို့ ဆီ မကြာခင်ရောက်လိမ့်မယ် ထင်တယ်။ ဈေးက 600 (595$) လောက်ရှိလိမ့်မယ်။ ကျွန်တော်တို့ အခု မော်ဒယ် အသစ်မှာ ဘာတွေ ပါလာမလည်း ကြည့်ရအောင် -
- 8.9-inch 1024 x 600 display
- 900MHz Celeron M CPU
- 1GB of RAM
- 80GB hard drive
- Windows XP on board



phyoo sei thu said,
Wrote on July 21, 2008 @ 9:46 pm
i read this
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on July 22, 2008 @ 7:57 pm
Phyo Sei Thu @ Thank you guy for your comment
Like or Dislike:
0
0
Asus Eee PC S101 | My Burmese Blog said,
Wrote on October 23, 2008 @ 6:26 pm
[...] ဖြစ်ပါတယ်။ ဒီ S101 ဟာ အရင် Eee PC 904, 905 တို့လို မဟုတ်ပဲ High-End အနေနဲ့ ဖြန်မှာ [...]
Like or Dislike:
0
0
MacBook Air Style Netbooks from MSI & Asus | My Burmese Blog said,
Wrote on March 4, 2009 @ 3:00 pm
[...] အပြိုင်ဖြစ်နေတာ ဖြစ်ပြီး Asus က Eee PC နဲ့ ဈေးကွက်ရသွားချိန်မှာ MSI ကလဲ Wind [...]
Like or Dislike:
0
0