Create Image by using HTML And CSS


Google pixel logo

ဒီနေ့ ကျွန်တော်တို့ HTML နဲ့ CSS ကိုသုံးပြီး Image ပုံတစ်ပုံ လုပ်ကြည့်ရအောင်။ တကယ်တော့ generator တစ်ခုကို သုံးပြီးလုပ်မှာပါ။ အဲဒီ generator က တော်တော်မိုက်ပါတယ် သူက image ပုံတင်လိုက်ရင် အဲဒီ image မှာပါတဲ့ pixel တစ်ခုချင်းစီရဲ့ ကာလာကို ကျွန်တော်တို့ ထည့်မည့်စာလုံးရဲ့ background, text color အဖြစ်နဲ့ class ရာချီသုံးပြီးတော့ pixel ပုံတွေဖန်တီးပြီး image လုပ်ယူတာပါ။ ပုံက text ကို high light လုပ်လိုက်ရင် ကျွန်တော်တို့ ရေးထားတဲ့ စာသားကို ပြန်မြင်ရမှာပေါ့။ အပေါ်မှာ ကျွန်တော်လုပ်ထားတဲ့ Google ဆိုတဲ့ ပုံလေးကို ကြည့်ကြည့်ပါ။ ဒီ generator သုံးဖို့က ပထမဆုံး ဓာတ်ပုံကို ဆိုဒ်တစ်ခုခုမှာ တင်လိုက်ပါပြီးရင် URL ကို အဲဒီမှာ ထည့်လိုက်၊ နောက် high light လုပ်ရင် ပေါ်ချင်တဲ့ စာသားထည့် ပြီးရင် generate လုပ်ရုံပါပဲ။


ကျွန်တော်ကတော့ ဒီ generator လုပ်ထားတဲ့ ပုဂ္ဂိုလ်ကို တော်တော် ချီးကျူးပါတယ် တော်တော်ကောင်းတဲ့ အိုင်ဒီယာပါ.. ကျွန်တော်လည်း ဒီလိုမျိုး text ကို ကာလာကြေငြာပြီး image လုပ်ဖို့ စိတ်ကူးကြည့်ဘူးတယ်။ လက်တွေ့တော့ မလုပ်ဖူးဘူး။ အခုဆိုဒ်လုပ်ထားတဲ့သူကတော့ generator အနေနဲ့တောင် လုပ်ယူသွားနိုင်တာ တကယ်ကို တော်ပါတယ် အားကျတယ် =) ။ ကျွန်တော်တို့ အဲဒီလိုလုပ်လို့ရမယ့်ဆိုဒ်က Metaatem ဆိုတဲ့ ဆိုဒ်မှာပါ။ ကျွန်တော်လုပ်ထားတဲ့ Google ပုံကိုတော့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ အနည်းဆုံးတော့ ဒီ generator နဲ့ ကိုယ့်ပုံကို ဒါမှမဟုတ် တစ်ယောက်ယောက်ပုံဖန်တီးပြီး နောက် ကိုယ်ပြောချင်တဲ့စာလေးနဲ့ သူငယ်ချင်းတွေ ပြလို့ ရတာပေါ့ :) ပျော်ရွှင်ပါစေ။



Related Posts

2 Comments so far »

  1. Smilemay said,

    Wrote on July 5, 2008 @ 11:22 am

    ကျေးဇူးပဲ။
    စမ်းလုပ်ကြည့်လိုက်အုံးမယ်

    Like or Dislike: Thumb up 0 Thumb down 0

  2. Ko ye said,

    Wrote on July 8, 2008 @ 4:57 pm

    စာသားကိုရိုက်ပြီး ဘယ်ကို တင်ရမှာလဲ ။ ပြီးတော့ image URL ကိုဘယ် ၀က်ဆိုဒ်ညွန်းရမှာ လဲဆိုတာ ပြောပြပါအုန်းအစ်ကို။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့မေးလ်ကို ပို့လိုက်ပါ။

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: