hit counter

deviantArt has changed to version 6


ဒီနေ့ အင်တာနက်သုံးတော့ ပုံမှန် ၀င်နေကြ အတိုင်း deviantArt ကို ၀င်လိုက်တော့ ဆိုဒ် ဒီဇိုင်းအသစ် version အသစ်ပြောင်းတာကို စသတိထားလိုက်မိတယ်။ အားလုံးကပြောင်းသွားတယ် အရင်လို recent deviation ကို ၄ ပုံမဟုတ်တော့ပဲ အများကြီးပြပေးတယ် နောက် daily deviation ၄ ပုံကို footer မှ ပြပေးတယ် နောက် poll တစ်ခုပါလာတယ်….. အဆင်ပြေသွားတာက categories view ပဲ side bar နဲ့ တွဲပြထားလိုက်တော့ ရှာရလွယ်သွားတယ် နောက် search မှာ categories အလိုက်ရှာဖို့ drop down ထည့်ပေးလိုက်တာက အရမ်းကို အဆင်ပြေတယ် အရင် version 5 Mudkips ကဆို အဲဒီလို ရှာနိုင်ဖို့ကို Home Page (front page) ကို အမြဲပြန်သွားရတယ် အခုတော့ ကြိုက်တဲ့နေရာက ရှာလို့ ရနိုင်ပါပြီ။


Community News တွေကို အောက်ဆုံး footer မှာ ပြပေးတာကလည်း ချက်ချင်း သတင်းတွေ သိနိုင်တယ် အရင်က ဆို news နေရာကို သွားမှ မြင်ရတယ်။ နောက် user panel က အပေါ်ဆုံးမှာ လာပြပေးတယ်….. Message Center မှာ အရင်ကလို မဟုတ်ပဲ preview တွေနဲ့ ကြည့်နိုင်လာတယ် နောက် watch လုပ်ထားတဲ့ စာရင်းကော Notes တွေကိုကော ကြည့်လို့ရတယ်။ Profile မှာ တော့ ဒီဇိုင်း အပြောင်းအလဲ မရှိပါဘူး။ နောက် အခု dA မှာ video တင်လို့ ရနေပါပြီ… နောက်ဆို tutorial တွေကို ဗီဒီယိုနဲ့ ကြည့်လို့ ရနိုင်ပါတော့မယ်။ နောက် ဒီဇိုင်းတွေ menu တွေကို အခု drag drop လုပ်ပြီး ကြိုက်သလို ထားလို့ ရလာပါတယ်။ အားလုံးကို ခြုံပြောရရင် ကျွန်တော်ကတော့ ကြိုက်ပါတယ် message center ကို ပြင်လိုက်တာနဲ့ search ပြင်ထားတာကို အကြိုက်ဆုံးပါပဲ။ မကြိုက်တာက front page မှာ recent deviation တွေများပြီး ရှုပ်နေတာလေး တစ်ခုတော့ မကြိုက်ပါဘူး။ deviantArt ရဲ့ version 6 အကြောင်း အသေးစိတ်ကို News မှာ ဖတ်လို့ ရပါတယ်။ dA ရဲ့ 8 နှစ်မြောက်မွေးနေ့က နောက် 25 ရက် အကြာမှာ ရောက်တော့မှာပါ။ အချိန်ရရင် World Largest Graphic Design Network တစ်ခုကို အလည်လာဖို့ ဖိတ်ပါတယ် ခင်ဗျား။

deviantArt

My deviantArt Profile

My Gallery

deviantart_version6

Note = လောလောဆယ်တော့ dA version ပြောင်းသွားတာ ကျွန်တော် dA gallery WordPress Plug In အလုပ်မလုပ်တော့ဘူး ပြင်ရဦးမယ်…



Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: