Diary Of Me – July 2008


ကျွန်တော်လည်း အခုတလော ပို့စ်မတင်ဖြစ်တာ နဲနဲကြာသွားတယ် အမှန်တော့ ကျောင်းက ပရောဂျက်တင်ဖို့ ရက်နီးလာတာကြောင့် အဲဒါပဲလုပ်နေရတာရယ် ကျောင်းသွားနေရတာနဲ့ မတင်ဖြစ်ဘူး တင်မယ်လို့ စိတ်ကူးလိုက်တော့ ကျွန်တော် ကလိတာ လွန်သွားလို့ ဘလောခ့်မှာ comment ပေးမရတဲ့ error နဲ့ related posts plug in ပျက်သွားတာနဲ့ အဲဒါပြင်တာနဲ့ မတင်လိုက်ရပြန်ဘူး။ ဒီနေ့တော့ ရာသီဥတု သာယာနေလို့  ပြန်ရေးဖြစ်ပါတယ်။ ဒီပို့စ်က အခုတလော ကြုံရတဲ့ အကြောင်းတွေပေါ့။

ဒီနေ့ ကွန်နက်ရှင် ကောင်းနေတာနဲ့ WordPress 2.6 ကို update လုပ်လိုက်တယ် နောက် plug in တွေ လည်း အသစ်ထည့်တယ်။ ဒီနေ့တစ်နေ့လုံး အိမ်မှာ သောကြာနေ့တင်ရမယ့် project လုပ်နေလိုက်တာ ညနေတောင်ရောက်သွားတယ်။ error တွေတက်တာ အများကြီးပဲ နောက် စိတ်ပိန်တာက browser test စမ်းရင် တစ်ခုကို တစ်မျိုးပုံစံ ထွက်နေတာ အဓိက ပြင်ရတယ် နောက် resolution အပြောင်းအလဲတွေ အတွက်လည်း ၁ နာရီလောက် ပြင်ယူရတယ်။ အခုနောက်ဆုံးက jquery ထည့်တာ ပြသနာဖြစ်တာ အခုညမှ ထပ်ပြင်ရမှာ။ အစက လွယ်မယ်ထင်ခဲ့တာ တကယ်လုပ်ကြည့်တော့ ဘယ်က စရမှန်းကို မသိတော့ဘူး။ သောကြာနေ့တော့ ပြီးမယ် ထင်ပါတယ်။


မနေ့ က ကျောက်မြောင်းမှာ သူငယ်ချင်း တစ်ယောက်ကို  သွားတွေ့ရင်း အပြန်မှာ ၄ နှစ် အရွယ်လောက် ကလေးတစ်ယောက် ဆွဲလိုက်ရသေးတယ်။ ကလေးက သူအိမ်ထဲကနေ သူ့ အမေကို စိတ်ဆိုးပြီး အပြင် ကားလမ်းပေါ် ဖြတ်ပြေးထွက်လာတာ တက္ကစီက လာနေတာ ကျွန်တော်လည်း ကားရှေ့ကနေ မနည်း ဖတ်ပြီးဆွဲလိုက်ရတယ်။ သူ့ အဖေနဲ့ အမေက အိမ်ထဲကနေ ထိတ်လန့်သွားပုံရတယ်။ ကလေးကို အိမ်ထဲက အပြင်ထွက်တာနဲ့ ဆွဲထားတာ မဟုတ်ဘူး ကားလမ်းပေါ်ရောက်မှ အမလေးတ နေတယ်။ ကျွန်တော်လည်း ကလေးကို သူ့အမေဆီ ပြန်သွားခိုင်းလိုက်ပြီး ပြန်လာခဲ့တယ်။

MSI DrMOS P45 Diamond Motherboard

MSI DrMOS P45 Diamond Motherboard

မနေ့က သူငယ်ချင်းနဲ့ ကွန်ပျူတာ ဈေးနှုန်းတွေ စကားစပ်မိရင်း MSI P35 Platinum တွေ အခု ၁ သိန်း ၈ သောင်းပဲ ရှိတော့တာ သိလိုက်ရတယ်။ အရင် ပြီးခဲ့တဲ့ ၂ လ လောက်က အထိကို အဲဒီ board က ၂ သိန်း ၆ သောင်းလောက်ရှိတာ အခု DrMOS ဆိုတဲ့ series အသစ်ထွက်လာတော့ ချက်ချင်း ဈေးကျသွားတယ်။ ကွန်ပျူတာ hardware တွေကတော့ ဒီလိုပါပဲ အသစ်မထွက်သေးရင် လက်ရှိ အမြင့်ဆုံးက ဈေးအရမ်းကြီးတယ် နောက် အသစ်ထွက်ရင် ကျသွားတယ်။ ၀ယ်တဲ့သူတွေကတော့ နင်တာပေါ့ တလ ခွဲလောက်နေရင် ပစ္စည်းက နောက် မော်ဒယ်ထွက်ပြီ နည်းပညာက အမြဲတမ်း ခေတ်ရှေ့ပြေးနေတယ် ကျွန်တော်တို့ လိုက်လို့တော့ မှီမှာ မဟုတ်ဘူး အသစ်ဝယ်လည်း သူတို့က ၁ လလောက်နေရင် နောက်မော်ဒယ် အသစ်နဲ့ ကျွန်တော်တို့ကို ကျောသွားမှာပဲ။ သူတို့ ကျောလို့မရအောင် လုပ်လို့တော့၇တယ် သေခါနီး ဆရာဝန်ရက်ချိန်းပေးလိုက်ပြီဆိုရင်တော့ အဲဒီနောက်ဆုံးပေါ်ဆိုတာတွေဝယ် ပြီးရင် ဂိမ်းတွေ အသားကုန်ဆော့ပေတော့ပဲ သေရင်တော့ သူတို့ ကျောလို့ မရတော့ဘူး :D



Related Posts

7 Comments so far »

  1. သဉ္ဖာ said,

    Wrote on July 17, 2008 @ 8:54 am

    ကလေးတစ်ယောက်ကို ဆွဲလိုက်ရသေးတယ်ဆိုတော့ ရုပ်ရှင်တွေထဲကလိုပေါ့ :-) project ဆိုတာ ဒီလိုဘဲ။ ဘယ်က စရမှန်းမသိလည်း deadline နီးလာရင် သူ့ဘာသူ အိုင်ဒီယာ ထွက်လာလိမ့်မယ် …

    Like or Dislike: Thumb up 0 Thumb down 0

  2. Htoo Tay Zar said,

    Wrote on July 17, 2008 @ 10:56 am

    သဉ္ဖာ @ ဟုတ် အမ ရုပ်ရှင်ထဲကလိုပဲ ဆွဲလိုက်ရတာ ရုပ်ရှင်ထဲကလိုတော့ ကျွန်တော့်ကို ကားက တိုက်မသွားတာ ကံကောင်းတယ် :) အမပြောတာမှန်တယ် အမ ကျွန်တော် deadline နီးလာလို့လား မသိ အချိန်ပြည့် စလုပ်တော့မှ အိုင်ဒီယာလေးနဲနဲရတယ် ရတဲ့ ဟာကို လက်တွေ့လုပ်တော့ ခက်နေသေးတယ် စလုပ်ခါစမို့လား မသိဘူး အပျင်လည်းကြီးနေမိတယ် :D ဟီး ဟီး

    Like or Dislike: Thumb up 0 Thumb down 0

  3. MhawSayar said,

    Wrote on July 17, 2008 @ 12:26 pm

    ဖြစ်ကြောင်းရယ် ကုန်စင်ပါလား ညီရ. :) ကိုယ်တိုင်လည်း သတိထားဦးပေါ့.

    ကွန်ပြူတာ ဟာ့ဒ်ဝဲရ် တွေနဲ့ပတ်သက်လို့ ကတော့ အဲဒီလိုပဲ ညီရေ… သူများက Core 2 , Core 2 ဆို လိုက် 2 ရ၊ သူများက Quad Core ဆို လိုက် Core ရနဲ့ ..နောက်ဆုံးတော့ ကိုယ်ဝယ်မယ့် ပစ္စည်းကို အဟောင်းလို့ပဲ သဘောထားပြီး ၀ယ်ရတော့တယ်. ကိုယ်ဝယ်ပြီးတာနဲ့ အသစ်က ထွက်တော့ ကိုယ့်ပစ္စည်းက ဟောင်းပြီလေ.

    Project တွေလည်း အားလုံး အဆင်ပြေပါစေ ညီရေ. :)

    Like or Dislike: Thumb up 0 Thumb down 0

  4. thinker said,

    Wrote on July 18, 2008 @ 7:13 pm

    အချိန်လုပ်ပြီး ဘလော့ဂ်ရေး၊ ပညာမျှကြတာ အားပေးပါတယ်။ ခေတ်နဲ့ နိုင်ငံကြီးမကောင်းလည်း လူငယ်တွေ ကောင်းနေမှဖြစ်မယ်။

    ရဲဘော် ဆက်လျှောက်…
    :)
    သင်ကာ

    Like or Dislike: Thumb up 0 Thumb down 0

  5. မင်း said,

    Wrote on July 18, 2008 @ 9:49 pm

    အခုလို အများအကျိုးပြုတဲ့အကြောင်းကိုဖတ်ရတော့ သာဓုပွားမိပါတယ်။ လာလည်သွားတယ်နော်။
    မင်း

    Like or Dislike: Thumb up 0 Thumb down 0

  6. Htoo Tay Zar said,

    Wrote on July 22, 2008 @ 7:57 pm

    Bro MhawSayar @ ဟုတ်တယ် အကိုရေ မရေးဖြစ်တာ ကြာလို့ ဒိုင်ယာ၇ီပြန်ရေးတာ hardware ကတော့ မ၀ယ်နိုင်တော့ပါဘူး အကိုရာ

    Bro Thinker @ အကိုရေ မင်္ဂလာပါ ကွန်မန့်ရေးပြီး အားပေးတာ ကျေးဇူးတင်ပါတယ်

    မင်း @ ကျွန်တော် အများအကျိုးပြုဖို့ လောက်ထိ မတော်ပါဘူးဗျာ ဒီလိုပါပဲ နိုင်သလောက်ပေါ့ ကျေးဇူးပါ :D

    Like or Dislike: Thumb up 0 Thumb down 0

  7. 10th Anniversary ICT Exhibition | My Burmese Blog said,

    Wrote on November 1, 2008 @ 9:50 pm

    [...] cooling system သုံး ဂြိုလ်သားပုံစံ Desktop တွေနဲ့ DrMos motherboard တွေကို ပြထားပါတယ်။ ဘေးနားက မော်ဒယ် [...]

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: