Logos That Look Really Alike To Each Other


လွန်ခဲ့တဲ့ ၃ ၊ ၄ ရက်လောက်က Logo Design Love ဘလော့ခ်မှာ similar logo design အကြောင်းပို့စ်ကို ဖတ်ဖြစ်တယ် ဖတ်ရင်းနဲ့ ကျွန်တော်တို့ နိုင်ငံကလိုဂိုတွေ အကြောင်း စဉ်းစားဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီက company အများစုက လိုဂိုတွေမလှကြဘူး အများစုက ဘာ idea မှ မပါတဲ့ ထိပ်ဆုံးစာလုံး ၂ ခုကို ကပ်ရေးတာမျိုးနောက် ရှုပ်ရှက်ခတ်ပြီး စွဲဆောင်မှုမရှိတဲ့ လိုဂိုမျိုးတွေ၊ မှတ်မိဖို့မလွယ်နိုင်တဲ့ လိုဂိုမျိုး၊ နောက် အရမ်းကြီးပြီး letter head, t-shirt, name card လို နေရာကျဉ်းကျဉ်းမှာ ထည့်ဖို့ အဆင်မပြေတဲ့ လိုဂိုတွေ တော်တော်များများတွေ့ရတယ်။ Logo design ebook တွေဖတ်တိုင်း စာအုပ်တွေထဲမှာ မြန်မာက company တွေ လိုဂိုနဲ့ ပုံစံဆင်တူတဲ့ လိုဂိုလေးတွေ ခဏတိုင်းတွေ့ဖြစ်ပါတယ်။ အခု အဲဒီ နိုင်ငံခြားက လိုဂိုတွေနဲ့ ဆင်တူ (ခပ်ဆင်ဆင်တူ) တဲ့ မြန်မာ logo တွေကို ပြန်စုစည်းပြီး ပို့စ်တင်လိုက်ပါတယ်။ အခြား ပြည်တွင်းက မဟုတ်တဲ့ similar logo တွေကိုလည်း တစ်ခါတည်း တင်လိုက်ပါတယ်။ ဒီ logo တွေက ဘယ်သူဆွဲမှန်းလည်း ကျွန်တော်မသိပါဘူး အဲဒီအတွက် လိုဂိုတွေကို မှတ်ချက် ရေးစရာမရှိပါဘူး။ လူတူမရှား နာမည်တူမရှားဆိုသလို logo တူတာလည်း မရှားဘူးဆိုတာတော့ သိနိုင်ပါတယ်။

ဒီပုံက KMD ဆိုတာက ကျွန်တော်တို့ဆီက ကွန်ပျူတာ သင်တန်းပါ။ NEC Notebook တရားဝင် ကိုယ်စားလှယ်လဲဖြစ်ပါတယ်။

ဒီပုံက Myanmar Inspiration က MICT Park မှာ တည်ရှိတဲ့ ကွန်ပျူတာဆိုင်ရာ နိုင်ငံတကာစာမေးပွဲ ဖြေနိုင်တဲ့ center တစ်ခုပါ။


Loi Hein Company ကတော့ Alpine သောက်ရေသန့် ထုတ်လုပ်ပါတယ်။

ဒီ Sony Ericsson နဲ့ TrendNet ကတော့ အင်္ဂါနေ့က သူငယ်ချင်းတစ်ယောက် printer သွားဝယ်တာလိုက်သွားရင်း ရောင်းတဲ့ ဆိုင်က လိုဂိုကို အခြား လိုဂို တစ်ခုနဲ့ တူသလိုလိုရှိတယ်လို့ စဉ်းစားရင်း SE ဆင်ဆင်တူတာကို မြင်မိလို့ တွဲထားလိုက်ပါတယ်။
Sony Ericsson And TrendNet

ဒီအောက်က ကျန်တာတွေကတော့ နိုင်ငံခြားက လိုဂိုဆင်တူတဲ့ ပုံတွေပါ။ ဒီထက်ပိုများတဲ့ ပုံတွေကို LogoDesignLove မှာ ကြည့်ရှုနိုင်ပါတယ်။

Carrier And Ford

Ubuntu And Human Rights First

Sun Microsystems And Columbia

P.S – ဒီပို့စ် တင်တာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး လိုဂိုဒီဇိုင်းတွေ စုဆောင်းတတ်တဲ့ ၀ါသနာနဲ့ ဆင်တူတဲ့ လိုဂို ဒီဇိုင်းတွေကို အကြောင်းတိုက်ဆိုင်လို့ တင်ခြင်းသာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။




Related Posts

9 Comments so far »

  1. NL :) said,

    Wrote on July 31, 2008 @ 10:07 pm

    အပေါ်ဆုံး သုံးခုမှာက အတော်လေးကို တူနေတာနော် :) :P
    (တိုက်ဆိုင်သွားတာနေမယ်) :P

    Like or Dislike: Thumb up 0 Thumb down 0

  2. Myo Kyaw Htun said,

    Wrote on July 31, 2008 @ 10:17 pm

    Nice collection :) I’ve share this post in Twitter.

    Like or Dislike: Thumb up 0 Thumb down 0

  3. နှင်းပွင့်ဖြူလေး said,

    Wrote on July 31, 2008 @ 10:44 pm

    လာလည်သွားပါတယ် ပြောတာက ပို့နဲ့တော့မဆိုင်ဘူး ဆီဗုံးမတွေလို့ ဒီမှာပဲအော်ခဲတယ်
    မင်္ဂလာပါ ။ အားလုံး အဆင်ပြေပါစေ။

    Like or Dislike: Thumb up 0 Thumb down 0

  4. bluephoenix said,

    Wrote on August 1, 2008 @ 12:06 am

    မြန်မာ အွန်လိုင်း စွယ်စုံကျမ်းကို လည်း လိုဂိုလေး လုပ်ပေးပါဦးလား ညီလေးရေ။ ညီလေး ဒီဇိုင်းတွေက မိုက်တယ်။ :)

    Like or Dislike: Thumb up 0 Thumb down 0

  5. အေးချမ်းသူ said,

    Wrote on August 2, 2008 @ 6:27 pm

    Fri က ဂရပ်ဖစ်မှာ တော်တော်ဝါသနာအလိုက်သားနော်။ အရင်က ပြိုင်တဲ့လိုဂိုလေးတွေလည်း ကောင်းသား၊ အရွေးခံရလား သိချင်သေးတာ။ မေးလိုက်မှ အရွေးမခံရရင် ငိုနေမှာစိုးလို့ မမေးတာ။ ခုက ဘွာတေး။ 2008 ကို ကုန်တော့မယ်နော်။ ပို့စ်မှာ အော်ခဲ့ဖူးတာ မှတ်မိမလားပဲ၊ 2008 ကုန်ရင် ဘာညာကွိကွ ပညာရပ်တွေ ဆိုတာ၊ အဆင်ပြေစေဖို့ ဆုတောင်းပေးပါတယ်။ ကြိုးစားနေတဲ့လူအတွက် လမ်း ဆိုတာ ရှိနေပြီးသားပဲလေ။
    အေးချမ်းသူ

    Like or Dislike: Thumb up 0 Thumb down 0

  6. saturngod said,

    Wrote on August 6, 2008 @ 11:02 am

    MZ အတွက် Logo လေးလုပ်ပါအုံး ။ ဟိုတစ်ခေါက်ပြသွားတဲ့ sample လေးသဘောကျလို့။

    Like or Dislike: Thumb up 0 Thumb down 0

  7. kozeyar said,

    Wrote on August 16, 2008 @ 3:15 am

    KMD လိုဂိုကတော့ ရှင်းပါတယ်။ ဦးသောင်းတင်က IBM ကို အရမ်းအားကျလို့ တူအောင် လိုက်ဆွဲထားတာပါတဲ့။ နောက် သူပြောဖူးတာ တစ်ခု ရှိသေးတယ်
    မြန်မာနိုင်ငံမှာ Copy Rights Law အတည် ဖြစ်ရင် အရင်ဆုံး တရားအဆွဲခံရမှာ သူ့ company ပါတဲ့။ ခိုးကူး Software တွေသုံးတာရော၊ logo က IBM နဲ့ဆင်နေတာရောပေါ့ တဲ့။
    ဟာဟာဟ.. :D

    Like or Dislike: Thumb up 0 Thumb down 0

  8. cheritycall said,

    Wrote on October 27, 2008 @ 6:31 pm

    How are you?, Do something for help the hungry people in Africa or India,
    I created this blog about that subject:
    on http://tinyurl.com/5hu74e

    Like or Dislike: Thumb up 0 Thumb down 0

  9. Htet Kaung San said,

    Wrote on October 26, 2009 @ 10:02 am

    ကျွန်တော်ကတော့KMDသင်တန်းသားတစ်ယောက်ပါ။အစ်ကိုတင်ပြထားတဲ့ပုံစံကိုကြိုက်ပါ
    တယ်။နောက်လည်းရှာဖွေပြီးပြပါဦး

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: