၁၉ ဂျူလိုင် မမေ့နိုင်

အောင်ဆန်းဇာနည်
ဖေဖ၀ါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စု သား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။ ။
ဒီနေ့ ဂျူလိုင် ၁၉ မှာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တယ်။ ဒီနေ့မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ ကွယ်လွန်ခဲ့ကြတယ်။ ကျွန်တော် အဲဒီအကြောင်းတွေကို မမှီလိုက် မသိလိုက်ပါဘူး ဒါပေမယ့် သူတို့ကိုလေးစားတယ် အချက်တွေ အများကြီးပဲ တစ်ချက်ပဲ ရိုးရိုးလေး စဉ်းစားတောင်ရတယ် ကိုယ်သေမှာကို ကြိုသိနေရက်နဲ့တောင် အများအကျိုးအတွက် အသက်ကိုယ်စွန့်သွား နိုင်ခဲ့ကြတယ်။ ကျွန်တော်တို့ရော အဲဒီလို လုပ်နိုင်ပါ့မလား….. အတ္တသမားတွေများနေတဲ့ အချိန်မှာ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ပေးမယ့်သူတွေ လိုအပ်နေတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ပိုလိုအပ်တယ်။ နောက်ထပ် အာဇာနည်တွေ ပေါ်ထွန်းလာမယ်လို့ ယုံကြည်နေပါတယ်။

မိုးသောက်ကြယ် said,
Wrote on July 20, 2008 @ 5:16 am
ွှအမြဲလာဖတ်ဖြစ်ပေမယ့် ဒီနေ့ မှ ကွန်မန့် ရေးဖြစ်တယ် (း
အာဇာနည်သူရဲကောင်းများကိုလည်း အလေးပြုသွားပါတယ်
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on July 22, 2008 @ 8:02 pm
မိုးသောက်ကြယ် @ အာဇာနည်နေ့မှာ ကွန်မန့်ရေးပေးတဲ့ အတွက်ကျေးဇူးပါ
Like or Dislike:
0
0