hit counter

Unofficial Kung Fu Panda Wallpaper

kung-fu-panda-by-tayzar44-dakung-fu-panda-by-tayzar44-da

ဒီနေ့ မနက် အားနေတာနဲ့ စောစောနိုးပြီး ဘာမှလုပ်ချင်စိတ် မရှိတာနဲ့ photoshop ဖွင့်ပြီး Kung Fu Panda ကားထဲက ၀က်ဝံလိုပုံလေး ဆွဲကြည့်နေမိတယ် နောက်မှာ DeviantArt မှာ မတင်တာကြာနေတာနဲ့ အကြံရပြီး wallpaper လုပ်ဖြစ်တယ်။ ကာလာအရောင်ယူတာက နဂို မူရင်း ကာတွန်းကားထဲက အတိုင်းယူလိုက်ပြီး ဖောင့်ရိုးရိုးနဲ့ ဆွဲထားတဲ့ ၀က်ဝံ ခေါင်းပုံလေးကို ပွားယူလိုက်တာပါ။ ဘာမှတော့မဟုတ်ပါဘူး။ ၁၀ မိနစ်လောက် လုပ်လိုက်တာပဲ။ ကိုယ်ဆွဲတာမို့လားမသိဘူး ကြိုက်တယ် ခင်ဗျ အိမ်မှာတော့ ဒီနေ့ တင်ထားလိုက်တယ်။ Kung Fu Panda ကားထဲမှာ School Of Rock, Tenacious D ကားတွေထဲက Jack Black ပါတာတော့သိတယ် အခြားနာမည်ကြီး တွေ အသံသရုပ်ဆောင်တာလည်းကြားတယ် Jackie Chan လည်းပါတယ်လို့ ကြားတယ်။ အဲဒီ ၀က်ဝံကားကတော့ အခုထိ အခွေတွေထွက်ပေမယ့် မကြည့်သေးဘူး ရုံတင်ရင် ကြည့်မယ်ဆိုပြီး စောင့်နေတာ ကျွန်တော်က ဇာတ်ကားကောင်းရင် အိမ်မှာ မကြည့်ဘူး ရုံတင်တာပဲစောင့်တယ်။ မကြာခင်တင်တော့မယ်လို့တော့ ထင်တာပဲ။


မနေ့ညက လည်း wallpaper တစ်ခုလုပ်သေးတယ် ရိုးရိုးရှင်းရှင်းပုံပဲ ဘာမှမဟုတ်ဘူး typography ဒီဇိုင်းမျိုးကို လုပ်ထားတာ။ လုပ်ချင်တဲ့ အတိုင်း စာရွက်ကို အပေါက်ဖေါက်ထားသလို လုပ်လိုက်တယ်။ ကိုယ့်ဘာသာတော့သဘောကျတယ် dA မှာတော့ favorite လုပ်မယ့်သူ မနက်ကတည်းက နေခုထိ တစ်ယောက်မှ မရှိသေးဘူး။ နောက်မှ ထပ်လုပ်ဦးမယ်။ ပျော်ရွှင်ပါစေ။

typopsd_by_tayzar44_da


Related Posts

2 Comments so far »

  1. Rapster88 said,

    Wrote on July 22, 2008 @ 3:02 pm

    Wide Screen (1280*800) အတွက် ရနိုင်မလားဗျ ?
    btw, Link မှာ http တစ်ခုပိုနေတယ်..

  2. Htoo Tay Zar said,

    Wrote on July 22, 2008 @ 7:51 pm

    Rapster88 @ ကျွန်တော် ဒီည လုပ်ထားလိုက်မယ် လင့်မှားနေတာ ပြောပေးတာ ကျေးဇူးပါ bro :D

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: