Wall E

ပြီးခဲ့တဲ့ တင်္နလာနေ့က စာမေးပွဲဖြေ အပြီး ပရောဂျက်တင်ပြီးမှာ အပြန် အိမ်မှာ ဆော့ဖို့ အပြန် ဂိမ်းခွေ ၀င်ဝယ်ဖြစ်တယ်။ ညဘက် အိပ်ရေးပျက်တာများနေတော့ ဂိမ်းခွေ တစ်ခွေပဲ ၀ယ်ဖို့စဉ်းစားပြီး ဘာဝယ်မလဲကြည့်တော့ Kung Fu Panda နဲ့ Wall E နဲ့ ဘယ်ဂိမ်းကောင်းမလဲ စဉ်းစားရင်း Wall E ကို ၀ယ်ဖြစ်တယ်။ DVD တစ်ခွေထဲပဲ အမှန်တော့ Wall E ကို ကိုမျိုးကျော်ထွန်း ဘလော့ခ်က ပို့စ်မှာ စဖတ်ဖူးတာ နောက် ဂိမ်းထွက်တာကိုတော့ Apple မှာ ကြော်ငြာတွေ့တယ် အဲဒါနဲ့ Apple ကို လှမ်းမှာတော့ အိမ်အရောက်ပို့ဖို့ ၂၄ နာရီ ကြာမယ်ဆိုလို့ မစောင့်နိုင်လို့ အခွေဆိုင်မှာ မြန်မာငွေ 1000 တိတိ ပေးပြီး ပြေးဝယ်လိုက်တာ :D


ဂိမ်းကဆော့ကြည့်တော့ အရင် PS1, PS2 က Crash Bandicoot ဂိမ်းလိုမျိုးပဲ လျှောက်သွားပြီး ဘူးလေးတွေလိုက်စားရတာ ချောက်တွေကို ခုန်ကျော်ရတာတွေ ဂရပ်ဖစ်မဆိုးပါဘူး။ သူ့မှာ နမူနာပါတဲ့ ကာတွန်းကားက graphic ကပိုကောင်းတယ်။ ဇာတ်ကားတော့ မကြည့်ရသေးဘူး။ ဂိမ်းက အင်တာနက်မှာ minimum system requirement ကို ကြည့်တော့

Pentium 4 2 GHz, 1 GB RAM, graphic card 128 MB (GeForce 6600 or better), 2 GB HDD, Windows XP/Vista.

အဲဒါပြောတယ် အိမ်က 2GB RAM, Core2Duo, nividia G 8500 NX မှာ ထစ်နေတယ် ဒါနဲ့ resolution 800 x 600 နဲ့ detail အကုန် low ထားမှ ကစားလို့ရတယ်. စားတယ် အမှန်တော့ ကျွန်တော် nividia drive အသစ် ဒေါင်းလုဒ်လုပ်ဖို့လိုနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြန်စမ်းကြည့်လိုက်ဦးမယ်။ ဆော့ချင်ရင် ကျွန်တော့်ကို ပြောလေ အခွေ ငှားမယ် :D ဆော့လို့တော့ ကောင်းတယ်ဗျ.. Guitar Hero လည်း အားရင်ဆော့ဖြစ်တယ်။



3 Comments

  1. MhawSayar July 28, 2008

    Game နဲ့တော့ လုံးဝကို အကျိုးမပေးတာ ညီရေ. ဆော့တိုင်း ရှုံးပဲ. =P

    Like or Dislike: Thumb up 0 Thumb down 0

  2. emoracket April 22, 2009

    ကျွန်တော့်ကိုငှားနော်. အနော်စက်မှာလည်းရမယ်မထင်ပါဘူးစမ်းကြည့်တာပေါ့ဗျာ……=)

    Like or Dislike: Thumb up 0 Thumb down 0

  3. [...] စပြပါလိမ့်မယ်။ ဒီကားကို Disney နဲ့ Wall E ကားနဲ့ Oscar ဆုရထားတဲ့ Pixar တို့က [...]

    Like or Dislike: Thumb up 0 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 5 + 4